Chapter 52

6.8K 1K 752
                                    

အခုဆို အရင်လို အားလုံးပြန်အေးချမ်းသွားပြီလို့ ထင်ရပေမယ့် တိုက်ပွဲရဲ့ နောက်ဆက်တွဲဒဏ်ကိုတော့ pack ငါးခုလုံး အကြီးအကျယ်ခံစားလိုက်ရပေသည်။

Western Pack က သစ္စာဖောက်တွေကို အားလုံးရှေ့မှာပဲ နောက်ထပ် pack တွေ ဒါမျိုး ထပ်မလုပ်ရဲတော့အောင် Elders တွေကိုယ်တိုင် မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး အပြစ်ပေးခဲ့ကြသည်။ တိုက်ပွဲတွင်း သေဆုံးသူများရဲ့ မိသားစုများကလည်း ကြိတ်မနိုင်ခဲမရသော နာကျည်းချက်တွေကြောင့် သူတို့မိသားစုတွေကို ခုလိုပြိုကွဲအောင် လုပ်သွားခဲ့တဲ့ သစ္စာဖောက်တွေကို အလွန်ရွံမုန်းပြီး ကျိန်ဆဲနေကြသလို၊ Western Pack မှာကျန်ခဲ့တဲ့ အပြစ်မဲ့ သာမန်မိသားစုအနည်းငယ်နဲ့ ကလေးတွေကို အကြီးအကဲတွေက သူတို့လက်အောက်ကို ဝင်မယ်ဆိုရင်တော့ လက်ခံပေးဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောခဲ့ကာ ဒီနေ့ဒီအချိန်ကစပြီး Western Pack ဆိုတာ လုံးဝမရှိတော့ကြောင်း အတိအလင်းကြေငြာလိုက်ကြတော့သည်။

-------

Xiaozhan တစ်ယောက် ကုတင်ပေါ်မှာ လှဲနေတဲ့ ဝမ်လေးကို ကြည့်ရင်း ရင်နာရသလို Jackson ကိုမြင်တိုင်းလည်း စို့နင့်နေရတာမို့ ဆိုဖာပေါ်မှာသာ ထိုင်နေကာ ခဏမှီပြီး နားနေရတော့သည်။

// ဖြစ်နိုင်ရင် သူတို့ခံစားနေရတာတွေကို ကျွန်တော်ပဲ ခံစားလိုက်ချင်တော့တာပါပဲ //

"ဦးဦး"

မျက်လုံးတွေမှိတ်ထားပြီး မှီနေတုန်း အားယွမ် ပေါင်ပေါ်တက်ထိုင်လာတာမို့ အားတင်းပြီး ရယ်ပြလိုက်ရသေးသည်။

"အားယွမ်လေး တစ်ယောက်တည်းလား။ ပါးပါးတို့ ဖိုးဖိုးတို့ရော"

"ပါးပါးတို့ အလုပ်ရှုပ်နေတယ်။ သား ဦးဦးကို လိုက်ရှာနေတာ။ ဖွားဖွားက ဒီမှာရှိတယ်ဆိုလို့ လိုက်ပို့ခိုင်းထားတာ"

တိုက်ပွဲပြီးပြီးချင်း ကျဲကျဲတို့မားတို့ပါ ရှန်ဟိုင်းကို လိုက်လာကြလေသည်။ အားယွမ်က ငယ်သေးတော့ ဒီအဖြစ်တွေကို နားမလည်သေးသော်ငြား လိမ်မာတဲ့ကလေးမို့ လူကြီးတွေကို စိတ်ရှုပ်အောင်တော့ လိုက်မလုပ်တတ်ပေ။

Destiny drew us Together [Completed] Where stories live. Discover now