Extra (9)

4.8K 722 353
                                    

အချိန်ကား မနက် ခြောက်နာရီခန့်. . .

မနက်ငါးနာရီထဲကနေ Jackson တစ်ယောက် ဖုန်းတကိုင်ကိုင် လုပ်နေမိတာမို့ စောင့်နေရတဲ့ အခုတစ်နာရီက အရမ်းကြာနေသလိုမျိုးတောင် ခံစားရသလိုပင်။ ထို့အတွက် အပြင်က ဆရာဝန်ပဲ ခေါ်ရတော့မလားတောင် တွေးနေမိပေမယ့် ကိုယ်ပေါ်ကနေ အောက်ကိုပြန်ချမရတဲ့ အားရန်ကြောင့် လှုပ်မရ ပြုမရ။

"အားရန်! ကိုကို့ပေါ်က ခဏ‌ဆင်းပါဦး"

ဖြည်းဖြည်းချင်း ချပေးလိုက်တာနဲ့ကို ညီးသံသဲ့သဲ့နဲ့အတူ ရင်ဘတ်က အင်္ကျီစကို အတင်း ကုပ်ဆွဲထားတာမို့ မနည်းဖြုတ်ယူရလေသည်။

"ကိုကို"

"ခဏ‌လေးပါကွာ။ ကိုကိုပြန်လာခဲ့မယ်နော်"

ကိုကိုဆိုတာကလွဲရင် ကျန်တာမပြောတဲ့ အားရန်က တောက်လျှောက်ကြီးကို အီနေတာမို့ ဒီတစ်ခါတော့ တော်တော်အဖျားကြီးသွားပုံပင်။ ကိုယ်ငွေ့မရတော့တာနဲ့ ထုံးစံအတိုင်း သူ့ဘေးကို လက်တွေနဲ့ လိုက်စမ်းနေတာကြောင့် သူမတွေ့ခင် အမြန်ထရပ်လိုက်ရပြီး Yu Chen ကို တိုက်ရိုက်သာ သွားခေါ်ဖို့ အခန်းပြင် မြန်မြန်ပြေးထွက်လာရတော့သည်။

// ဟူးးးး အားရန်က ဖျားရင်တော့ လူ‌တော်တော်ကပ်တာပဲ //

သူ အခုလို ကျွန်တော့်ကို အပျောက်မခံတာက ကျေနပ်စရာဆိုပေမယ့် အားရန်က တစ်ချက်‌လေး ပျောက်သွားတာနဲ့ကို လိုက်ရှာတဲ့အထိ ကပ်တာကကျ အိမ်သာတောင် ထသွားမရတော့တဲ့အထိမို့ တော်တော်လေးတော့ ကသီရလေသည်။

// ကလေးကို လုပ်ချင်ဦး Jackson ‌ရ!!!! //

--------

Jackson ခမျာ သွားခေါ်တာက တစ်ယောက် ပါလာတာက တစ်ယောက်မို့ အသက်တောင် ပြင်းပြင်းမရှူရဲတော့ဘဲ ကုပ်နေရပေသည်။

"Lian Ge! အားရန် အခြေအနေက"

ကောက မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လာတာမို့ ပါးစပ်ကို အမြန်ပိတ်လိုက်ရတော့တယ်။ Yu Chen ကို သွားခေါ်ခဲ့သော်လည်း အားလုံးက ပြန်ခါနီးမို့ ထင်ပါရဲ့ စောစောစီးစီး စုဝေးနေကြတာကြောင့် လေးယောက်လုံး ဝုန်းဆို ထလိုက်လာကြတာမို့ အရှက်တွေတော့ ကွဲပါပြီ။

Destiny drew us Together [Completed] Where stories live. Discover now