Extra (10)

4.5K 663 357
                                    

အလုပ်တကအလုပ်တွေထဲမှာ အိမ်ထောင်ပြုရတဲ့အလုပ်က ဘယ်လောက်ရှုပ်ထွေးလဲဆိုတာ FA သက်တမ်းအလွန့်အလွန်ကြာခဲ့တဲ့ Jackson တစ်ယောက် အခုမှပဲ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသလိုပင်။

Yibo တို့ပြန်သွားပြီးကထဲက သတိပြန်ဝင်လာပေမယ့် တရှောင်ရှောင် ဖျားနေသေးတဲ့ အားရန်ကို အစားဝင်အောင် ကျွေးရတာကလည်း အခက်ဆုံးအလုပ်တစ်ခုပင် ဖြစ်သည်။ နေကောင်းတုန်းကတောင် ညစာ မစားတဲ့အပြင် နေ့လယ်စာတောင် စားချင်မှစားတာမျိုး လုပ်ခဲ့တဲ့ကောင်လေးမို့ အခုချိန် ဘာဆိုဘာမှ ထစားခိုင်းလို့မရ။ ထို့အတွက် အားဆေးတွေပဲ ခေါ်ခေါ်ချိတ်ပေးနေရတာမို့ နောက်ဆို အားရန်ဖျားသွားအောင် ဘယ်တော့မှ ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်မိတော့သည်။

// ဟူးး တစ်ခါဆို တစ်ခါ အဲ့လောက်ဖြစ်နေရင်တော့ နောက်ဆို မစားသာဘူးပဲ။ ဟင်းးးး ဒီအတိုင်းသာဆို အလှလေးကို အလှပဲ ထိုင်ကြည့်‌နေရတော့မှာလား //

ကျွန်တော် ဒီတစ်ပတ်အတွင်းမှာတင် အားရန်နဲ့ နေဖို့အတွက် ဒီမြို့ထဲမှာပဲ နှင်းဆီနက်တွေအပြည့်စိုက်ထားပြီးသားရှိတဲ့ ခြံဝင်းတစ်ခု အရင်ဝယ်ဖြစ်လိုက်သလို နှင်းဆီနက်တွေကို တခြားနိုင်ငံတွေဆီ တင်ပို့တဲ့ လုပ်ငန်းပြောင်းလုပ်ဖို့ပါ တွေးထားတာမို့ ဒီမြို့မှာ စီးပွားရေးစလုပ်ဖို့လည်း ပြင်ဆင်ရလေသည်။

ထို့အပြင် Lian Ge က China ပြန်ရောက်ရောက်ချင်းတင် သူ့မွေးစားသားကို စိတ်မချနိုင်ဖြစ်နေသေးတာမို့ ဒီလပြည့်ညမှာ အားရန်ကို သမန်းဝံပုလွေပုံစံအဖြစ် ပြောင်းပြီး စွမ်းအားခံယူလို့ရအောင် Halfeti မြို့ရဲ့ တောအုပ်ရှိမယ့်နေရာကို အသည်းအသန်ရှာပေးလာလေသည်။ Lian Ge ပြောမှပဲ အားရန်က လေးနှစ်လုံးလုံး သမန်းဝံပုလွေပုံစံမပြောင်းဖြစ်ဘူးဆိုတာ သတိရလိုက်မိတာမို့ ဒီလပြည့်ညကိုတော့ ထိုတောအုပ်ထဲ ခေါ်သွားပြီး သူ လွတ်လွတ်လပ်လပ် ပုံစံပြောင်းနိုင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

ကျွန်တော် ကြမ်းလိုက်လို့ ဒီလောက်ထိ ဖြစ်သွားတာမှန်သော်လည်း အားရန်က လ‌ပြည့်ညတွေမှာ စွမ်းအားမခံယူဖြစ်တဲ့အပြင် ပုံစံမပြောင်းဘဲ အကြာကြီးနေခဲ့တာကြောင့် သူ တကယ့်ကိုမှ အိပ်ရာထဲလဲတာ သိပ်လွယ်နေတာ။

Destiny drew us Together [Completed] Where stories live. Discover now