Halfeti မြို့ရဲ့ဆောင်းညတွေက မနက်ခင်းအချိန်ထက် အအေးဓာတ် သိသိသာသာပိုတယ်။ ဟိုတယ်ခန်းထဲမှာတော့ Heater ဖွင့်ထားလို့ မသိသာသော်ငြား အားရန်က အပြင်မှာ အကြာကြီး ထိုင်နေခဲ့တာမို့ ထင်ပါရဲ့ ပုံမှန်အအေးကိုတောင် သိပ်မခံနိုင်သော ထိုကောင်လေးရဲ့ လက်ဖျားခြေဖျားတွေက သာမန်ထက် အေးစက်နေလေသည်။
ကျွန်တော် အားရန်အကြောင်းကို အခုမှ သေချာသိအောင် ကြိုးစားနေရဆဲမို့ သူ့ကိုယ်သူ သိပ်အလေးမထားတတ်တဲ့ ထိုကောင်လေးရဲ့ ထူးခြားတဲ့ အပြုအမူတော်တော်များများကို ကျွန်တော်ကတော့ သတိထားမိနေပြီဖြစ်သည်။
ဘာမှမဟုတ်တဲ့ အပြုအမူသေးသေးလေးတွေဆိုပေမယ့် ကျွန်တော့်အတွက်တော့ အားရန်ဆိုတာ တစ်နေကုန် တစိမ့်စိမ့်ထိုင်ကြည့်ချင်တဲ့အပြင် တစ်ညလုံး အောက်မှာထားပြီး မလွှတ်တမ်း ထွေးပွေ့ထားချင်မိလောက်အောင် မြတ်နိုးရတဲ့ ကောင်လေးမို့ သူ ဘာလုပ်လုပ် အသည်းတယားယားဖြစ်နေမိရတာပါပဲ။
ထမင်းစားရင် အလယ်ကနေ ဖောက်ဖောက်စားတတ်တဲ့ အားရန်က အရွက်အတင်းစားခိုင်းရင် ထွေးထုတ်ပစ်တာကို သတိထားခဲ့မိသလို အေးတာကို Yibo နီးပါး မခံနိုင်တဲ့သူမို့ ဖျားနေတဲ့ လေးရက်လုံးလုံး ကျွန်တော့်ကိုယ်ပေါ် တက်တက်အိပ်ပြီး အနွေးဓာတ်ရဖို့ ကြိုးစားနေတတ်တဲ့ ကောင်လေးက တစ်ယောက်တည်းဆို စောင်အထပ်ထပ်ခြုံပြီးမှ အိပ်တတ်လေသည်။
အားရန်က အိပ်ရင်ငြိမ်လွန်းတဲ့ ကောင်လေးမို့ သူ ကျွန်တော့်ပေါ် တက်အိပ်ပြီးတာနဲ့ တစ်ညလုံး ထိုပုံစံအတိုင်း မလှုပ်တော့ဘဲ အိပ်ပျော်သွားတာကို ကျင့်သားရအောင် ကျွန်တော့်မှာ ထိုညတွေတုန်းက တော်တော်လေး ကြိုးစားခဲ့ရတာ။
အတွေးတွေနဲ့အတူ ရင်ခွင်ထဲက အလှလေးကို ကုတင်ပေါ် ဖြည်းဖြည်းချင်း ချပေးလိုက်တော့ ဝုန်းဆို ဆင်းပြေးသွားတဲ့ ထိုကောင်လေးကြောင့် အလန့်တကြား လှမ်းဆွဲထားလိုက်ရကာ...
"အားရန် ဘာဖြစ်လို့လဲ"
"ကိုကို ခဏနေဦး။ ကျွန်တော် ပွဲမတိုင်ခင်တုန်းက ပြေးထားရတော့ ညစ်ပတ်နေပြီ။ ရေအရင်သွားချိုးလိုက်ဦးမယ်"
YOU ARE READING
Destiny drew us Together [Completed]
FanfictionThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...