Chapter 12

8.9K 1.3K 379
                                    

"ပြောလေ အဲ့အချိန်တုန်းက ကြားလိုက်ရတာ တကယ်ပဲ ငါ့အသံ ဟုတ်လို့လားလို့"

ကျွန်တော် မေးနေတာကို Xiaozhan က မျက်လုံးမှိတ်ထားပြီး ငြိမ်ကျသွားတာမို့ နောက်တစ်ကြိမ် ထပ်မေးလိုက်မိသည်။

ကျွန်တော် သူ့လက်မောင်းနှစ်ဖက်ကို ဖြစ်ညှစ်ပြီး ဆုပ်ကိုင်ထားတာမို့ သူ့ခန္ဓာကိုယ် တသိမ့်သိမ့်တုန်နေတာကို ခံစားလိုက်မိသလို မှိတ်ချထားတဲ့ မျက်တောင်စိပ်စိပ်လေးတွေကပါ တဖျတ်ဖျတ်လှုပ်နေတာမို့ ‌သူ ကြောက်ပြီး ငိုသွားတာလားဟု သေချာငုံ့ကြည့်လိုက်ရသည်။

တကယ့်ကို သူ ငိုတော့မှာ ထင်တယ်။ သူငိုမှာကြောက်တာက ငယ်ငယ်ထဲက ကျွန်တော့်အားနည်းချက်လို ဖြစ်နေပါတယ်ဆိုကာမှ။

ထို့ကြောင့် ကျွန်တော့်လက်တွေကို လျှော့ချလိုက်ပြီး တုန်ယင်နေတဲ့ သူ့ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားလိုက်မိတော့သည်။ ဖက်လိုက်တော့မှ အင့်ခနဲ ရှိုက်သံထွက်လာတာကြောင့် ကျွန်တော် အော်လိုက်မိတာ လွန်သွားမှန်း သတိထားမိတော့တယ်။ အရင်လို သူ့ရဲ့ပြန်ပေးဆွဲခံရတဲ့ ကိစ္စကို လက်လေးကျိုးတာလောက်နဲ့ အဖြစ်သည်းနေတာဟု သတ်မှတ်လို့မရတော့မှန်း Beijing ရောက်ပြီး ဟိုကလေးရဲ့ အမှုမှာထဲက ခံစားလာခဲ့မိတာ။

သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်ရင်းနဲပင်...

"Xiaozhan...ငါ လွန်သွားတာ။ အော်လိုက်မိတာအတွက် တောင်းပန်ပါတယ်"

ထို့နောက် သူ့ကို အသာအယာ ပြန်ခွာလိုက်ပြီး...

"ဒါပေမဲ့ မင်းသေချာ ပြန်စဉ်းစားကြည့်ပါဦး။ အဲ့ညက တကယ်ပဲ ငါဆိုတာ သေချာလို့လား။ ငါ မင်းပြန်ပေးဆွဲခံနေရမှန်းတောင် တကယ့်ကို မသိခဲ့တာ။ ပြီးတော့ အခုထိ ငါ့မှာ အတိတ်မေ့နေတာတွေ၊ ပျောက်နေတဲ့ မှတ်ဉာဏ်တွေဆိုတာ လုံးဝမရှိဘူးနော်။ ငါ သိကိုမသိတာ"

"....." သူ ဘာမှပြန်မပြောတော့ဘဲ ငြိမ်သက်နေဆဲ။ ဖက်ထားလိုက်ပြီးကထဲက ခုနကလို တုန်နေတာမျိုးတော့ မရှိတော့။

"ဟုတ်ပြီ။ ဒါတွေက မင်းမေ့ထားတဲ့အကြောင်းတွေဆိုရင်လည်း အတင်းပြန်မစဉ်းစားပါနဲ့တော့။ ဒါပေမဲ့ ငါတို့ ဒီလိုမျိုး ဆက်သွားလို့တော့ မဖြစ်တော့ဘူးထင်တယ်။ ဒီကိစ္စတွေက ဆယ်နှစ်နီးပါးလောက် ကြာနေပြီဆိုပေမယ့် ငါ ပြန်စုံစမ်းကြည့်မယ်။ အဲ့နေ့က မင်းကို မချိန်းဘူးဆိုတာရယ်၊ မင်းဆီ ငါမလာခဲ့ဘူးဆိုတာရယ်၊ ငါတို့ဖက်က လုပ်တာမဟုတ်ဘူးဆိုတာရယ်ကို ခုကစပြီး ပြန်ဖော်ထုတ်ပြမယ်"

Destiny drew us Together [Completed] Where stories live. Discover now