Extra (16)

3.5K 436 310
                                    

ဟင်းးးး

အခန်းထဲသို့ ဖြာကျလာသော အလင်းရောင်ကြောင့် Jackson တစ်ယောက် မျက်လုံးတွေ အလိုအလျောက် ပွင့်လာခဲ့သော်ငြား လှုပ်လိုက်တာနဲ့တင် စူးတက်လာသော နာကျင်မှုကြောင့် စောင်ကိုသာ တင်းနေအောင် ဆုပ်ကိုင်လိုက်မိတော့သည်။

// ဒီအရိုင်းအစိုင်းကတော့ //

ဘေးကိုစောင်းကြည့်လိုက်တော့ ထိုအရိုင်းအစိုင်းလေးက ခွေခေါက် အိပ်ပျော်နေဆဲမို့ လှုပ်နှိုးလိုက်ရတော့တယ်။

"အားရန်! ထဦး။ ကလေးတွေကို ကျောင်းသွားဖို့ ပြင်ပေးရဦးမယ်လေ။ ကိုယ် မထနိုင်တော့ဘူး"

တော်တော်နှိုးယူလိုက်တော့မှ ဖျတ်ခနဲ မျက်လုံးတွေ ပွင့်လာသော ထိုကောင်လေးက ဝုန်းခနဲ ထထိုင်လာသည်။

"ကိုကို! ဘယ်လိုနေသေးလဲ။ အရမ်းနာနေလို့လားဟင်"

"ဟ! မင်း လုပ်တုန်းကလုပ်ပြီး အခုမှ ဘာစကားပြောတာလဲ။ ဘာဖြစ်တယ်!! အိမ်ထဲက နှစ်ရက်လောက် မထွက်နိုင်အောင်! အခုတော့ ငါ ကုတင်ပေါ်ကတောင် မဆင်းနိုင်တော့ဘူး"

Jackson တစ်ယောက် အခုထက်ပိုပြီး ပြောချင်သေးသော်ငြား ‌မျက်ရည်တွေဝဲလာသော ကောင်လေးကြောင့် စကားလုံးတွေ ပြန်မျိုချလိုက်ရပြီး လက်တစ်ဖက်ကို အားယူမြှောက်လိုက်ရကာ ကျလုဆဲဆဲ မျက်ရည်တွေကို သုတ်ပေးလိုက်ရတော့သည်။

// ငါ့နှယ်နော်! အသံမာမာနဲ့တောင် မပြောရဲတော့ဘူး //

"မငိုနဲ့လေ! အော်ဟော မင်းအောက်မှာနေပြီး တစ်ပတ်လောက် ဖျားတုန်းကတောင် မငိုခဲ့တာကို အခု အပေါ်မှာနေပြီး ငိုနေတော့ ကိုကိုက ဘယ်လိုလုပ်ပေးရမှာလဲ။ လိမ်မာတယ်! ကလေးတွေကို ကျောင်းလိုက်ပို့ပေး‌။ သွားတော့"

ခေါင်းညိတ်ပြပြီး ကုတင်ပေါ်က ဆင်းသွားတဲ့ အားရန်ကို ကြည့်ရင်း ညတုန်းက ပုံရိပ်တွေက အစီအရီ ပြန်ပေါ်လာတာကြောင့် စောင်ကိုသာ ခေါင်းမြီးခြုံလိုက်မိတော့သည်။

// ချီးပဲ! Yu Chen တို့သာ သိရင် အလှောင်ခံလိုက်ရမယ့် ဖြစ်ချင်း //

ညတုန်းက အားရန်ရဲ့ အားကို ပြန်တွေးလိုက်မိတော့မှ ညတိုင်းလိုလို ထိုကောင်လေး လိုလိုလားလား အောက်မှာနေပေးခဲ့တာမှန်း သတိထားလိုက်မိတော့သည်။ သူ့အပြုအမူတွေက ဒီမြို့မှာ ပြန်တွေ့ပြီးကထဲက လက်ကိုသာ ရန်ရှာတာကလွဲရင် ဟိုအရင်လို ကြမ်းတမ်းတာမျိုး သိပ်မရှိခဲ့တော့တာမို့ သူ ဘယ်လောက် အားကြီးခဲ့တာကိုတောင် မေ့သွားခဲ့မိတာ။

Destiny drew us Together [Completed] Where stories live. Discover now