💖 Author Note 💖

4.7K 643 416
                                    

Hi to all my readers,

ဒီ fic အရှည်ကြီးအတွက် စာအရှည်ကြီးကို ခဏလောက် အချိန်ပေးပြီး ဖတ်ပေးကြပါဦးနော်။

ဒီ fic စရေးဖြစ်ခဲ့တာက အစ်မMOMO_mstနဲ့ စကားစပ်မိရာကနေ အစ်မက သူ့မှာ ငါးနှစ်လောက် တွေးထားဖူးတဲ့ Werewolf plot တစ်ခုရှိတာမို့ အဲ့ဒါကို YiZhan အဖြစ် ပြန်အသက်သွင်းပေးပါလားလို့ စပြောလာရာကနေ ဖြစ်လာခဲ့တာပါ။ အစ်မက အဲ့လိုပြောခဲ့ပေမယ့် နွေးက Werewolf ဆိုရင် သမန်းဝံပုလွေဆိုတာကလွဲရင် ကျန်တာတကယ်မသိခဲ့တာမို့ ရေးဖို့ကို အဆင်မပြေပါဘူး ပြောခဲ့ပေမယ့် အစ်မက အစအဆုံး ကူညီပေးမယ်ဆိုလို့ရော၊ Werewolf နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စာမှန်သမျှ ရှာပေးခဲ့သလို ဖုန်းနဲ့လည်း အကြိမ်ကြိမ် သေချာရှင်းပြခဲ့ပြီး အများကြီး ကူညီပေးခဲ့လို့ စရေးဖြစ်ခဲ့တာပါ။ ဒါရေးဖြစ်မှပဲ Werewolf ကို တကယ်ကျွမ်းသွားတော့တယ်။

အဲ့အချိန်မှာ နွေးကကျတော့ ဒီတစ်ခေါက်က ဆရာဝန်နဲ့ ရဲပုံစံကို ရေးဖို့တွေးနေတဲ့အချိန်မို့ ဒါဆို အစ်မချထားတဲ့ Werewolf ကျောင်းသား plot ကို ဆရာဝန်နဲ့ ရဲအဖြစ် ပြောင်းလို့ရမလားဆိုတာက‌နေ ပြန်ညှိယူရင်း ရဲအတွက်၊ ဆရာဝန်အတွက်၊ သမန်းဝံပုလွေအတွက်ဆိုပြီး ဆက်စပ်ရခက်တဲ့ character သုံးခုကို မျှအောင်၊ ချိတ်မိသွားအောင် မရေးခင် ဇာတ်အိမ်တည်ခဲ့ရတာကကို တော်တော်တိုင်ပတ်ခဲ့ကြရသေးတာ အမှတ်တရပါပဲ။

တကယ်ဆို ဒီ fic မှာ YiZhan နဲ့ စီနီယာတို့နှစ်တွဲပဲ ပါခဲ့တာပါ။ ပိုင်ရန်က SL သက်သက်ဖြစ်ပြီး Jackson က character နည်းနည်းတော့ ပိုသုံးရမှာမို့ Yibo ရဲ့ သူငယ်ချင်းနေရာကနေ အရံလောက်ပဲ ထည့်ခဲ့တာပါ။ ပိုင်ရန့်အတွက် Mate မပါခဲ့သလို သူက လုံးဝသေသွားမယ့် character အဖြစ် စ‌ရေးခဲ့တာပါ။ အဲ့ဒါကြောင့်မို့ အရှေ့ပိုင်းတွေမှာဆိုရင် Jackson က အဖြစ်သဘောလောက်ပဲ ပါတာကို သတိထားမိမှာပါ။

ဒါပေမဲ့ နွေးက SL ကို အားသာတဲ့သူမို့ ရေးနေရင်း ပိုင်ရန့် character သေချာပုံပေါ်လာတဲ့အလယ်လောက်ကျတော့ သူ့ကို ဘယ်လိုမှ သေတဲ့ထိ မလုပ်နိုင်ခဲ့တော့တာမို့ သေမယ့်အစား တစ်ယောက်တည်း အဝေးထွက်သွားတာမျိုးလောက်ပဲ လုပ်ဖို့ ပြန်ပြင်ခဲ့ရပါတယ်။

Destiny drew us Together [Completed] Where stories live. Discover now