Chapter 19 (Z)

5.3K 456 94
                                    

ဖြာကျနေတဲ့ ည‌နေဆည်းဆာ နေရောင်ကို လက်တစ်ဖက်နဲ့ မြှောက်ကာထားပြီး မျက်လုံးလေးတွေ မှိတ်ချကာ နေရောင်ကို ခံယူနေပုံရတဲ့ တကယ့်ကိုမှ အပြစ်ကင်းစင်လွန်းတဲ့ ရှောင်းရှောင်းမျက်နှာလေးကို ငေးနေရင်းနဲ့မှ ကျွန်တော် တွေးနေကျ အရာတစ်ခုက မှားယွင်းနေမှန်း ခုလက်ရှိပုံရိပ်လေးက သက်သေပြ‌နေသယောင်ပင်။

Xiaozhan ကို လုံးဝကြည့်မကောင်းဘူးဟု ကျွန်တော် ဘာလို့ အမြဲဘူးခံငြင်းခဲ့မိတာပါလိမ့်။ ငယ်ငယ်က အမြဲပေပွနေတဲ့ ကျွန်တော့်ညစ်ပေတူးလေးက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့တာပဲ။ ကျောင်းတက်နေတဲ့ တစ်လျှောက်လုံးလည်း မျက်လုံးချင်းဆုံတာနဲ့ သတ်နေကြရသလို သူတက္ကသိုလ် သွားတက်တဲ့ ခြောက်နှစ်လုံးလည်း လုံးဝ မတွေ့ခဲ့ရတော့ အခုလိုမျိုး ပြန်နေရတာက အိမ်မက်မက်နေသလို ခံစားနေရတယ်။ ဒီလိုမှန်း သိရင် ကျွန်တော် Beijing ကို စောစောပြောင်းလာခဲ့ပါတယ်။

[Flashback]

"ချန်ချင်ကျဲ နောက်တစ်ပွဲကျရင် ကျွန်တော်တို့ မတွဲတော့ဘူး။ ကျဲ အဆင်ပြေတယ်မှတ်လား"

"စောစောကတည်းက ပြောတာ မဟုတ်ဘူး Yibo ရယ်။ ခေါင်းဆောင်ဝမ်က အတင်းပြောနေလို့သာ။ ကျဲက နားချင်နေပြီ"

"ပါးကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရတာ အားနာလိုက်တာ"

"ရပါတယ်။ ဒါဆို Mate လေးဆီ သွားတော့မှာပေါ့"

"ကျဲရာ Mate မဟုတ်ပါဘူးဆို။ သူနဲ့က တွေ့တိုင်း သတ်နေရတာ ကျဲမသိဘူးလား"

"မသိဘူးလေ ကျဲက မင်းတို့နဲ့ ရွယ်တူမှမဟုတ်တာကို။ ဒါနဲ့ မတည့်တာ ဟုတ်ရော ဟုတ်လို့လား။ နင့်မျက်လုံးက အဲ့အလယ်ပိုင်းက ဝံပုလွေလေးဆီမှာပဲ ဟက်"

"မစပါနဲ့ကျဲရာ။ အဲ့ယုန်ပေါက်ကြားရင် ခုန်ဆွခုန်ဆွဖြစ်နေလိမ့်မယ်"

"အေး အေး ဟုတ်ပြီ။ ဒါပေမယ့် အစ်မတယောက်အနေနဲ့ နင့်ကို အကြံပေးလိုက်မယ်။ နှလုံးသားက ဘာပြောလဲဆိုတာ သေချာနားထောင်နော်။ နောက်ကျမသွားစေနဲ့။ ခုန ခဏလေးမြင်မိသလောက်‌တောင် ငါ့‌မောင်လေးမှာ ပြိုင်ဖက်တွေ ရှိ‌နေပြီ ထင်တာပဲ။ သိတယ်မလား မိန်းကလေးတွေက ဘာကဘာဆိုတာ တန်းမြင်တယ်။ ဘာပဲဖြစ်ဖြစ် fighting"

Destiny drew us Together [Completed] Where stories live. Discover now