Chapter 29

8.7K 1.2K 415
                                    

Han Ge ဦးဆောင်သော ရဲတပ်ဖွဲ့အားလုံး မြို့စွန်ကျော်ကျော်လောက်ထိ မောင်းလာကြပြီးချိန်မှာတော့ ကလေးတွေရှိတယ်ဟု သတင်းရထားတဲ့နေရာဆီသို့ ရောက်ရှိလာခဲ့ပေသည်။ အပြင်ကကြည့်ရင် သာမန်ဂိုဒေါင်ကြီးတစ်ခုဟုသာ ထင်ရပေမယ့် အန္တရာယ်အငွေ့အသက်တွေ လွှမ်းခြုံနေမှန်း အသီးသီး ခံစားလိုက်မိကြသည်။

စခန်းမှာကထဲက Han Ge ညွှန်ကြားထားတဲ့အတိုင်း ရဲအရာရှိတစ်ဝက်လောက်က ဂိုဒေါင်အပြင်ကနေ အရင်ဝိုင်းထားလိုက်ပြီး Yibo ဦးဆောင်သော နောက်ထပ်ရဲအရာရှိတစ်စုက ဂိုဒေါင်ကိုဖျက်ပြီး ဝင်လာခဲ့ကြတော့သည်။

သို့သော်ငြား မျှော်လင့်ထားသလိုမျိုး လူမိုက်တွေကို မတွေ့ရသလို ကလေးတစ်ယောက်တလေမှကိုလည်း မမြင်မိတာကြောင့် အားလုံးပိုပြီးသတိထားလိုက်ရကာ ဂိုဒေါင်ထဲသို့ လူစုခွဲပြီး ရှာဖို့လုပ်ကြရတော့တယ်။

ဂိုဒေါင်ရဲ့အထဲက အပြင်ကမှန်းထားတာထက် ပိုကျယ်သလို မှောင်လည်းမှောင်တယ်။ Yibo တစ်ယောက် မှောင်ပျပျချောင်တစ်ခုထဲကနေ လူသားနံ့ ရနေတာကြောင့် သေနတ်ကိုချိန်ပြီး ထိုနေရာသို့ လျှောက်လာခဲ့လိုက်တော့သည်။ အနံ့ပိုရလာလေ ချောင်ထဲပိုရောက်လာလေမို့ သတိကြီးကြီးထားနေတဲ့ကြားကနေ ဖျတ်ခနဲ ခုန်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် နောက်ကိုအရင်ခုန်ရှောင်လိုက်ကာ ထိုလူမိုက်လက်ထဲက ဓားကို ဆတ်ခနဲ ရိုက်ချပြီး လက်ထိပ်ခတ်ဖို့ ကြိုးစားလိုက်မိသည်။

"ကလေးတွေ ဘယ်မှာလဲ"

"ငါက ဘာလို့ပြောပြရမှာလဲ"

ထိုသို့ပြောပြီးတာနဲ့ အသက်လေးဆယ်ကျော်လောက်ရှိပြီဟု မှန်းလို့ရသော ထိုလူမိုက်က ကျွန်တော့်လက်ထဲက သေနတ်ကို မျက်စိတစ်မှိတ်အတွင်း ဖျတ်ခနဲ နောက်ပြန်ကန်ချလိုက်တာကြောင့် လွင့်ထွက်သွားကာ သေနတ်တခြားလူတခြားဖြစ်သွားရပြီ။

ထိုကဲ့သို့ နှစ်ယောက်လုံးလက်နက်မရှိကြတော့တာမို့ လက်သီးသုံးပြီး ဖမ်းချုပ်ဖို့ကြိုးစားရတော့သည်။ တိုက်ရည်ခိုက်ရည် အတွေ့အကြုံ အများကြီးရှိပြီး သာမန်ထက်ပိုလျှင်၊ ပိုအားသန်ပုံရသော ထိုလူမိုက်ကို ကျွန်တော့်လို Werewolf တစ်ကောင်ကတောင် မနည်းထိန်းချုပ်နေရတာမို့ နှစ်ယောက်သား လက်ရည်တူသလောက်ဖြစ်နေကြတဲ့အတွက် ကျွန်တော်ကလည်း ဖမ်းမမိ၊ သူကလည်း ပြေးမလွတ် အခြေအနေတစ်ခုသို့ တဖြည်းဖြည်း ကူးပြောင်းလာသည်။

Destiny drew us Together [Completed] Where stories live. Discover now