Chapter 42

8.1K 1.1K 533
                                    

Yibo တစ်ယောက် နေ့လယ်ထဲက Han Ge ဆီ ခွင့်တင်ခဲ့လိုက်ပြီး ရှောင်းရှောင်းနောက် လိုက်လာခဲ့တော့သည်။

ပြဿနာစဖြစ်ကထဲက အတွေ့မခံတဲ့ ရှောင်းရှောင်းကို အဝေးကနေပဲ ဖြစ်ဖြစ် ခဏ မြင်ရမှ ဖြစ်မယ်။

ကောက သူ့ကားကို ပေးလိုက်သလို Xiaozhan ရှိတဲ့နေရာကိုလည်း သေချာပြောပြလိုက်တာ‌ကြောင့် မောင်းချလာတုန်း ရှောင်းရှောင်းတို့ လုပ်အားပေး သွားရတဲ့ ရွာထိပ်မှာ Bus က accident ဖြစ်နေလေသည်။ ကူစရာလိုမလား ဆင်းကြည့်တုန်း ရှောင်းရှောင်းရောက်လာတာကို တွေ့လိုက်ရတာမို့ သူအလုပ်လုပ်နေတာကို အနှောင့်အယှက် မပေးချင်တာကြောင့် ခဏစောင့်‌နေလိုက်မိသည်။

ရှောင်းရှောင်းငိုနေတာကို မြင်နေရတာမို့ ဘာများဖြစ်လို့လဲ လိုက်ကြည့်မိပါသေးတယ်။ ပုံမှန်ဆို ကျွန်တော်ရော သူရောအတွက် အလောင်းတွေ မြင်ရတာက နေ့တဒူဝလို ဖြစ်နေပါရက်နဲ့ သူ တော်တော်လေးစိတ်မကောင်းဖြစ်‌နေပုံရမှန်းတော့ သတိထားလိုက်မိသည်။

ထိုအချိန်မှာပဲ ရှောင်းရှောင်းတစ်ယောက် မြေပြင်ပေါ် ရုတ်တရက်ထိုင်ချလိုက်တာမို့ သူ နေမကောင်းလို့များလားဆိုပြီး စိတ်ပူသွားကာ သူ့အနားရောက်အောင် ပြေးလာလိုက်မိသည်။ ထိုစဉ် သူက ဖုန်းထုတ်ပြီး တစ်ယောက်ယောက်ကို ခေါ်နေတာ တွေ့တာမို့ ပြေးတာရပ်ပြီး ဖြည်းဖြည်းချင်းပဲ သူ့အနားလျှောက်လာစဉ် ကျွန်တော့်ဖုန်းဆီက ဖုန်းမြည်သံကို ကြားလိုက်ရချိန်မှာတော့ မျက်ရည်တွေ ဝေ့တက်လာမိတော့တယ်။

// ဒီလိုအချိန်မှာ အသည်းအသန် ဖုန်းခေါ်တာ ကိုယ့်ဆီတဲ့လားကွာ //

Xiaozhan တစ်ယောက် ဖုန်းကိုထုတ်လိုက်ပြီး ဝမ်လေးကို ချက်ချင်းဖုန်းခေါ်လိုက်ပေမယ့် အသံက နောက်က လာတာမို့ လှည့်လိုက်တုန်းတင် ဝမ်လေး ကျွန်တော့်နား လျှောက်လာနေတာတွေ့တာမို့ တကယ် အံ့ဩသွားမိတာ။

မျက်ရည်တွေ ဝိုင်းနေတဲ့ ဝမ်လေးက ကျွန်တော့်ရှေ့ရောက်မှ မုဆိုးဒူးထောက်ထိုင်လိုက်တာမို့ ဒူးထောက်တောင်းပန်တော့မို့လား အထင်ကြောင့် လန့်သွားကာ အမြန်ထခိုင်းဖို့လုပ်လိုက်မှ တစ်ညနေခင်းလုံး ပြေးလွှားနေရလို့ ပြေနေတဲ့ ကျွန်တော့်ဖိနပ်ကြိုးကို ချည်ပေးနေတာမှန်း သိလိုက်ရတော့သည်။

Destiny drew us Together [Completed] Where stories live. Discover now