Chapter 44

8.6K 1.1K 502
                                    

March လရဲ့ သာယာနေတဲ့ မနက်ခင်းလေးက Beijing ရဲဌာနမှာတော့ နိုင်ငံပေါင်းစုံက ဆဲနည်းမျိုးစုံနဲ့ သူ့သူငယ်ချင်းကို ကျိန်ဆဲနေတဲ့ Jackson ရဲ့ဆဲသံလွင်လွင်လေးတွေက ပျံ့လွင့်လျှက်။

"ချီးပဲ! ပြောတော့ ဘာဖြစ်တယ်။ တစ်ရက်လောက်လေးပဲ ကူညီပေးပါဆိုပြီး ပြောသွားတဲ့ ကောင်က ဘောပဲ!!!"

Jackson ခမျာ Han Ge ကို Yibo ဒီနေ့တော့ ပြန်လာမယ်ပြောသွားတဲ့အကြောင်း လှမ်းပြောမိတုန်း ကြားလိုက်ရတဲ့ စကားကြောင့် သွေးတောင် ‌ဆောင့်တက်ချင်သွားတယ်။

"ပြန်လာမယ်? မင်းသူငယ်ချင်းက ခွင့်ငါးရက်ယူသွားတာလေ။ အစားထိုးမှာ မင်းကိုပဲ ထည့်ခဲ့တာဆိုတော့ နောက်သုံးရက်လောက် တာဝန်ထပ်ကျေလိုက်ပါဦး"

တခြားရဲအရာရှိတွေကတောင် ဂျင်းထည့်ခံလိုက်ရတဲ့ Jackson ကိုကြည့်ရင်း ပြုံးစိပြုံးစိလုပ်နေကြတာမို့ အဲ့ကောင်တွေကို လက်ခလယ်ပဲ ထောင်ပြလိုက်ကာ Yibo ထိုင်တဲ့ခုံနားသွားပြီး ထိုင်ခုံကို တစ်ချက်လောက်တော့ စောင့်ကန်ပစ်လိုက်မိသည်။

// ဒီသူတောင်းစားက ငါးရက်တောင် ခွင့်ယူပြီး ဘာလုပ်ကြဖို့လဲ!!! အားးးးး ဒီအရိုင်းအစိုင်းလေးကလည်း ခွင့်ပဲယူနေလိုက်!! ယူကြ ယူကြ။ သူတို့ပဲ သာယာ‌နေလိုက်ကြ //

ဒီနေ့လည်း နေမကောင်းလို့ဆိုပြီး ခွင့်ထပ်ယူတဲ့ Bai Ran စားပွဲကိုပါ ထုရိုက်လိုက်ပြီးမှ Jackson တစ်ယောက် ခုံမှာ ပြန်ထိုင်ပြီး သုံးယောက်စာ အလုပ်ကို စလုပ်ရရှာတော့သည်။

_____________

နောက်ဆုံးတော့ Honeymoon လို သဘောထားပြီး ပျော်မြူးခဲ့ကြတဲ့ အချစ်ဝံပုလွေလေးနှစ်ကောင်ကတော့ ခွင့်ရက်ပြည့်မှပဲ အိမ်ပြန်ရောက်လာခဲ့ကြတော့တယ်။

အခုရက်ပိုင်း သမန်းဝံပုလွေသေဆုံးမှုအတွက် တရားခံတစ်ယောက်ကို ဖမ်းမိလိုက်ပေမယ့် ထိုလူက Hunter တွေဖက်ကလည်း စည်းဖောက်လို့ လက်နက်သိမ်းထားခဲ့တဲ့သူ ဖြစ်နေပါရက်နဲ့ ဘယ်ကနေ သေနတ်ပြန်ရနေတာကို စစ်မေးတုန်းတင် ထောင်ထဲမှာပဲ ထိုတရားခံသေဆုံးမှု ဖြစ်တာမို့ အခြေအနေတွေက ချောက်ခြားစရာလို ဖြစ်လာ‌ကြတော့သည်။

Destiny drew us Together [Completed] Where stories live. Discover now