Chapter 11

9.1K 1.3K 275
                                    

ရှောင်းရှောင်းကို ရင်ခွင်ထဲ ထည့်ထားရင်း "မကြောက်နဲ့နော်။ ငါရှိတယ်" ဆိုတဲ့ စကားတွေကိုသာ တတွတ်တွတ် ရေရွတ်နေမိတာ အချိန်ဘယ်လောက်ကြာသွားသည် မသိ။ သက်တောင့်သက်သာနဲ့ သူ ကျွန်တော့်လည်ပင်းမှာ မျက်နှာအပ်ထားရာမှ ရုတ်တရက်ကြီး တစ်ကိုယ်လုံး တောင့်သွားကာ ကျွန်တော့်ရင်ခွင်ထဲကနေ ချက်ချင်း ရုန်းထွက်သွားပြီး ကျွန်တော်နဲ့ ဝေးရာသို့ ရွှေ့ထိုင်သွားတော့သည်။ သေချာကြည့်လိုက်မှ သူ့မျက်လုံးအရောင်လည်း ပုံမှန်ပြန်ဖြစ်သွားလေပြီ။

ခုနကတော့ ပြသာနာတွေ ဖြစ်မလာစေရန် သူ့စိတ်ငြိမ်သွားဖို့က အရေးကြီးဆုံးမို့ ကျွန်တော်လည်း ယောင်ပြီး ဖက်ထားမိပေမယ့် အခုကတော့ နှစ်ယောက်လုံးအတွက် အနည်းငယ် မျက်နှာပူပြီး ကသိကအောက် ဖြစ်စရာပင်။ သူလည်း ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေပြီး ကျွန်တော့်ကို လှည့်မကြည့်။ သူ့လက်က ဒဏ်ရာကြောင့် သူ့ duty coat အဖြူလေးမှာတောင် နီရဲရဲသွေးတွေနဲ့ ပေကျံနေပြီမို့ ကျွန်တော် ဆေးထည့်ပေးဖို့ တွေးပြီး သူ့လက်ကို လှမ်းကိုင်ဖို့ ပြင်လိုက်တုန်းတင် တံခါးခေါက်သံ တစ်ချက်ပေးပြီးတာနဲ့ ဖွင့်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် အမြန်ပြန်ရုတ်လိုက်ရတော့သည်။

ဝင်လာသူက ကျွန်တော်တစ်စက်မှ ကြည့်မရတဲ့ သာသနာဖျက်ကောင် Yu Chen ။ အဲ့ကောင် ကျွန်တော်တို့ ဆိုဖာနားလျှောက်လာပြီး Xiaozhan ဘေးဝင်ထိုင်လာကာ လက်ကဒဏ်ရာကို ဆွဲယူကြည့်နေပြီး ကျွန်တော့်ကို စကားလှမ်းပြောလာတယ်။

"Yibo...မင်း အစ်ကိုက မင်းကို သူ့ဆီလာခဲ့တော့ဖို့ မှာလိုက်တယ်။ သွားလိုက်ဦး"

ခုမှ အလောင်းကိစ္စကို အာရုံပြန်ရတာမို့ သူတို့နားက ထထွက်လာလိုက်တော့သည်။

"Xiaozhan...ငါ မင်းအတွက် အအေးဝယ်လာတယ်။ အရင်သောက်လိုက်ဦး။ ပြီးရင် လက်ကို ဆေးထည့်ပေးမယ်"

"အင်း"

ကျွန်တော် အပြင်ပြန်မထွက်ခင် သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်မိတော့ သူကလည်း ကျွန်တော့်ကို သူ့ရဲ့ ဖန်ဂေါ်လီလို မျက်လုံးကြည်ကြည်လေးတွေနဲ့ မော့ကြည့်နေတယ်။ ကျွန်တော်နဲ့ Xiaozhan ကြားမှာ အမုန်းတရားတွေသာ ရှိမနေရင် အခုချိန်မှာ Yu Chen နေရာက ကျွန်တော့်နေရာပဲ ဖြစ်မှာ။

Destiny drew us Together [Completed] Where stories live. Discover now