Chapter 45

7.4K 1K 526
                                    

ခုရက်ပိုင်း သမန်းဝံပုလွေတွေ တစ်‌ကောင်ထဲ မသွားရဘူးဆိုတဲ့ စည်းကမ်းထုတ်ထားပြီးကထဲက အကုန်လုံး ဘယ်သွားသွား အဖော်တစ်ယောက်နဲ့ သွားနေကြပြီမို့ Jackson ခမျာ Bai Ran ကို ဟိုညက အကြီးအကျယ် ပြောထားခဲ့သော်လည်း ဘာမှထူးခြားမလာပေမယ့် ထိုကောင်လေး တစ်ယောက်တည်းသွားနေတာ စိတ်မချတာမို့ အကြီးပီပီ ဘယ်နေရာသွားသွား ကျွန်တော့်နား နေဖို့သာ စပြောလိုက်ရတော့သည်။

// ဟက်! အဲ့အရိုင်းအစိုင်းကို စိတ်ပူလို့တော့ မဟုတ်ပါဘူး။ သူ တစ်ကောင်တည်း သင်းကွဲနေလို့ အဖော်ပြုပေးရုံပဲ //

ထိုကဲ့သို့ အရင်လိုပဲ တစ်စက်မှ အချိုးမပြေဆဲ ကောင်လေးနဲ့ အိမ်အတူပြန်လာကြတုန်း သူ ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်တာမို့ လိုက်ကြည့်မိတော့ Handchain တွေ ရောင်းတဲ့ဆိုင်။

"ဝယ်မလို့လား"

"အင်း။ မား မွေးနေ့ရောက်တော့မှာဆိုတော့ Handchain လက်ဆောင်ပေးမလို့။ ဒါပေမဲ့ နောက်နေ့မှ လာဝယ်တော့မယ်။ မားက ဂျီးများတော့ ဘယ်လိုပုံစံလိုချင်လဲ ဖုန်းဆက်မေးလိုက်ဦးမယ်"

ပြောပြီးတာနဲ့ ထွက်သွားဖို့ ပြင်နေတဲ့ အားရန့်လက်ကို လှမ်းဆွဲလိုက်ပြီး ထိုဆိုင်ထဲ ခေါ်လာခဲ့လိုက်တော့သည်။

"ဒါဆို ငါ့ကို Design ရွေးပေး"

"စီနီယာက ဘယ်ကောင်မလေးကို မျက်နှာသွားလုပ်မလို့လဲ"

"ရွေးသာရွေးပေးပါ။ ဘယ်သူ့ကို ပေးပေးပေါ့"

စီနီယာ ဖွံကြောင်ချင်တာကို ပါရမီဖြည့်ဖို့အတွက် အလှဆုံး Design ကို လက်ညှိုးထိုးပြလိုက်တော့...

"ဒါဆို မိန်းကလေး တော်တော်များများနဲ့ လိုက်တယ်"

သူပြနေတဲ့ အသည်းပုံစံ Handchain ကိုကြည့်လိုက်ပြီး ခေါင်းသာရမ်းပြလိုက်ရသည်။

"အရမ်းမိန်းမဆန်လွန်းတယ်"

"အယ်! မိန်းကလေးကိုပေးတာ မိန်းမဆန်တော့ မကောင်းဘူးလား"

"ငါ့ကို မေးခွန်း ပြန်ပြန်မထုတ်စမ်းပါနဲ့။ နောက်တစ်ခုသာ ထပ်ရွေးစမ်းပါ။ ဥပမာ မင်းဆို ဘာကြိုက်လဲ"

Destiny drew us Together [Completed] Where stories live. Discover now