Chapter 53

6.7K 1K 293
                                    

နောက်ဆုံးတော့ ဒီနှစ်အတွက် Mating season ကတော့ လုံးဝကိုပြီးဆုံးသွားခဲ့ပေပြီ။ ထို့အပြင် May လရဲ့ ရှန်ဟိုင်းရာသီဥတုကလည်း ပူနေပြီမို့ ခုဆို ဝမ်လေးမုန်းတဲ့ ဆောင်းရာသီကြီး မရှိတော့။

တစ်လတိတိ အနားယူပြီးတာ‌တောင် ပြန်မနိုးသေးသော ငမည်းကောင်ကို ကြည့်ရင်း ရှောင်းရှောင်းတစ်ယောက် သူ သတိရလာတာနဲ့ ရန်တွေ့ဖို့သာ ကြံနေမိတော့သည်။

// ဟက်! ပြောတော့ အားအကြီးဆုံးပါဆို။ အခုကျတော့ အိပ်လို့ကောင်းနေတုန်းပဲလား //

ဝမ်လေးကို ရေပတ်တိုက်ပေးရင်း ထိုစကားများကို ရေရွတ်ကာ မျက်ရည်မကျအောင် ထိန်း‌နေရလေသည်။

// ကြည့်နေ။ မင်း သတိရလာရင် ငုတ်တုတ်ပဲ ထိုင်‌နေခိုင်းမယ် //

"ဝမ်လေးရာ! ကျေးဇူးပြုပြီး သတိရလာပါတော့။ ငါ တစ်ယောက်တည်း တကယ် ပင်ပန်းနေပြီ။ မင်း သတိရလာရင် ငယ်ငယ်က ငါကတိပေးထားတဲ့အတိုင်း Chongqing ကို သွားလည်ကြမယ်။ ငါ့မိသားစုကရော Chongqing ကလူတွေအားလုံးကပါ ငါ့‌‌ယောက်ျားဖြစ်တဲ့ မင်းကို တွေ့ချင်နေကြပြီ။

အခုဆို စီနီယာတစ်ယောက်တည်း Eastern Pack တစ်ခုလုံးကို ဝမ်အကြီးအကဲနဲ့ ပြန်ပြီးထိန်းသိမ်းနေရတယ်။ အဲ့အတွက် မင်း ထကူပေးသင့်တယ်။ ပြီးတော့ Jackson ကိုလည်း မင်းဝိုင်းပြီးနှစ်သိမ့်ပေးပါဦး။ အဲ့ကောင်က ငါ့ကို မုန်းနေပြီ ထင်တယ်။ ငါ ပြောရင် အဖက်မလုပ်တော့ဘူး။ အခုဆို အဲ့ကောင် အရက်သမားဖြစ်နေပြီ။ မင်း ဒီလို မဖြစ်အောင် အားရန်က သူ့အသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့တာလေ။ သူသာ သိရင် တကယ် စိတ်ကောင်းမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်း သတိပြန်ရပါတော့ကွာ"

အခုလို Yibo ကိုကြည့်ရင်း ငိုငိုနေတဲ့သူငယ်ချင်း၊ အခန်းအောင်းပြီး အရက်ပုလင်း ဖက်အိပ်နေတဲ့ သူငယ်ချင်း၊ ညီအတွက်ရော Pack အတွက်ပါ နေ့ညမလပ် ပြေးလွှားနေရသော စီနီယာ့ကိုကြည့်ရင်း Yu Chen တစ်ယောက် Bai Ran နဲ့ တစ်ဝိုင်းတည်းထိုင်ပြီး ရယ်မောပြောင်နောက်ရင်း ညစာစားခဲ့ရတဲ့ လွန်ခဲ့တဲ့ခြောက်လက အချိန်တွေကိုသာ တကယ်ပြန်လိုချင်မိပါတယ်။

Destiny drew us Together [Completed] Où les histoires vivent. Découvrez maintenant