Chapter 9

9K 1.2K 315
                                    

မီးရောင်မှောင်ပျပျအောက်မှာ ကျွန်တော့်မျက်နှာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ Yibo ရဲ့မျက်လုံးတွေက ရီဝေဝေ။ ခါးပေါ်က အနွေးဓာတ်ကြောင့်လည်း သူ့လက်က ကျွန်တော့်ခါးကို ရစ်ပတ်ထားမှန်း သိနေတယ်။ ညနေစာ စားတုန်းက ထမင်းပဲ စွတ်သွင်းပြီး ရေသိပ်မသောက်ခဲ့လို့လားမသိ အာခေါင်တွေကလည်း ခြောက်လာလိုက်တာ။ ရေငတ်ပြေလိုပြေငြား နှုတ်ခမ်းကို လျှာလေးထုတ်သပ်ပြီး တံတွေးမျိုချမိတဲ့အချိန် Yibo ရဲ့ရီဝေဝေမျက်လုံးတွေက ပို၍မှေးစင်းလာကာ တစ်နေရာတည်းကို အာရုံပိုစိုက်လာတာကြောင့် ကိုယ့်တံတွေးနဲ့ကိုယ် သီးမလိုတောင် ဖြစ်သွားရသည်။ ထိုင်နေတဲ့နေရာက ဒေါင့်ကျနေလို့သာ တော်ပါသေးရဲ့။

ကြာရင် လည်ချောင်းတစ်ခုလုံး သဲကန္တာရထဲ ရောက်သလို ဖြစ်နေမှာစိုးတာမို့ တခြားသူတွေ မကြားအောင် အသံခပ်တိုးတိုးသာ ဆိုလိုက်ရသည်။

"ဘာကြည့်နေတာလဲ...မင်းလက်တွေဖယ်"

No reply ပါပဲ။ စိုက်ပဲကြည့်နေတာကြောင့် ကျွန်တော့်ခါးပေါ်က သူ့လက်ကို တွန်းထုတ်ပြီး ထပ်ပြောရသည်။

"Yibo မင်းလက်တွေဖယ်"

No reply again လုပ်နေတာမို့ အားနဲ့တွန်းလိုက်ရတော့သည်။

အာ!

ခုမှ အဲ့ကောင် အသိဝင်သွားပုံပင်။ တော်သေးတာပေါ့ သရဲမြင်ပြီး သတိများလစ်သွားတာလားလို့။ ဒါမှမဟုတ် သရဲမြင်ပြီး စိတ်ဖောက်ပြန်သွားတာများလားပဲ။

ရှောင်းရှောင်းရဲ့ နှုတ်ခမ်းပါးလေးတွေကို နမ်းကြည့်ရင် ဘယ်လိုအရသာများရှိမလဲ တွေးမိနေတာမို့ သူ့ရဲ့ ခပ်တိုးတိုးအသံတွေကို အာရုံမရလိုက်။ ဒီမျက်နှာလေး...သူ့ရဲ့မျက်နှာလေးကို အခုလို အေးအေးဆေးဆေးနဲ့ အနီးကပ်မကြည့်ရတာတောင် နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ။ ဒီကောင်လေးက အားနေ ပန်းသီးပဲ စားနေတော့ သူ့နှုတ်ခမ်းကရော ပန်းသီးအရသာများ ရမလားလို့ စဉ်းစားနေတာ။

ဒါနဲ့ what??? ကျွန်တော် အခု ဘာတွေစဉ်းစားမိလိုက်တာပါလိမ့်။ ခေါင်းထဲမှာ ရုတ်တရက် နေရာအပြည့်ယူသွားတဲ့ နှုတ်ခမ်းပါးပါးတွေ လွင့်ထွက်သွားအောင် ခေါင်းကို သွင်သွင်လှုပ်ရမ်းနေချိန် ရှောင်းရှောင်းကလည်း သူ့ခါးပေါ်က ကျွန်တော့်လက်ကို အတင်းဖယ်ထုတ်နေပြီး ငကြောက်ဟု ခပ်ဖွဖွ ပြောနေတာကြောင့် လွင့်နေသော စိတ်အစဉ်တို့ ဝုန်းဆို ပြန်စုစည်းသွားသည်။ ထိုကဲ့သို့တော့ အလှောင်မခံနိုင်။

Destiny drew us Together [Completed] Where stories live. Discover now