Chapter 51

6.5K 997 274
                                    

Pack တိုင်းဆီမှ သစ္စာဖောက်သားအဖကို သတ်ပစ်ဖို့ ကြွေးကြော်လိုက်သံက ရေတံခွန်တည်ရှိရာ တောင်ကုန်းရဲ့ အရှေ့နဲ့အနောက်မှ ဟိန်းထွက်လာသလို၊ ရိုးရိုးသေနတ်သံတွေရော၊ silver bullet ကြောင့် ပွဲချင်းပြီးသေဆုံးသွားကြသော သမန်းဝံပုလွေများရဲ့ စူးစူးရှရှ အော်ညည်းလိုက်သံတွေက ရေကျသံနဲ့အပြိုင် ပေါ်ထွက်လာပေသည်။

"အောက်တန်းစားကောင်က အပေါ်စီးကနေ ပစ်နေတာပဲ။ သူ့ကို အသေရအောင်သတ်ကြ!!!!"

အားလုံးက Bai Ran ဖက်ကို ဦးတည်ပြီး သေနတ်နဲ့ ပစ်လာကြတာမို့ Bai Ran တစ်ယောက် တစ်နေရာပြီးတစ်နေရာ ခုန်တက်ရှောင်ပြေးရင်း ခုခံနေရသလို၊ သူကိုယ်တိုင်လည်း ကျည်တစ်ကဒ်ကုန်တိုင်း တစ်ကဒ်လဲရင်း ရဲလုပ်ထဲက လက်ဖြောင့်သူပီပီ Yibo နဲ့ Xiaozhan နားကလွဲရင် ကျန်တဲ့နေရာအနှံ့မှ သမန်းဝံပုလွေအားလုံးကို တစ်ကောင်ပြီးတစ်ကောင် ပစ်သတ်နေလေသည်။

ထို့သို့ Bai Ran ကို အသေသတ်ဖို့ကြံနေကြသော မြင်ကွင်းကြောင့် Jackson တစ်ယောက် Bai Ran နားပြေးသွားဖို့ ကြိုးစားတိုင်း သေနတ်ကို တစ်ချက်မှ မရပ်ဘဲ ဆက်တိုက်ပစ်နေသော Bai Ran ကြောင့် သူ့နားဘယ်သူမှ ကပ်မရတာမို့  တကယ်ကြီး လက်လျှော့ချလိုက်ရတော့သည်။ 

Lian ဦးဆောင်သော သမန်းဝံပုလွေအားလုံးက စတီးတုတ်တွေနဲ့ သမန်းဝံပု‌လွေတွေရဲ့ သေကွင်းသေကွက်ဖြစ်တဲ့ ခေါင်းကို အသေရိုက်ချကာ လဲကျသွားတာနဲ့ အသင့်ဆောင်ထားတဲ့ ဓားတွေနဲ့ ထိုလူတွေရဲ့ နှလုံးတည့်တည့်ကို ထိုးစိုက်လိုက်ရင်း သစ္စာဖောက်တွေကို သုတ်သင်နေရလေသည်။

Lian တစ်ယောက် ဒီတိုက်ပွဲထဲမှာ Yu Chen မပါတာမို့ တိုက်ပွဲထဲသို့ အပြည့်အဝအာရုံစိုက်နိုင်‌လေသည်။ Yu Chen တို့အုပ်စုက ဒဏ်ရာရလာသူတွေကို အရေးပေါ်ကုသမှုပေးနိုင်ရန်အတွက် တောင်ကုန်းအောက်မှာ အဆင်သင့်စောင့်နေကြခြင်းဖြစ်သည်။

"ရှောင်းရှောင်း မင်း သတိထားနော်"

ဝမ်လေးသတိပေးတာကို ခေါင်းညိတ်ပြကာ လူခွဲလိုက်ရင်း Xiaozhan တစ်ယောက် Lian ကဲ့သို့ ထိုလူတွေရဲ့ ခေါင်းကိုရိုက်ချပြီးတာနဲ့ နှလုံးတည့်တည့်ကို ဓားနဲ့ထိုးစိုက်ချရင်း ရန်သူတွေကို ရင်ဆိုင်နေရလေသည်။ လူတွေကို ကယ်တဲ့လက်နဲ့ လူတွေကို ခုလို လိုက်သတ်နေရလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးသော်ငြား မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် ဒီတိုက်ပွဲကို ကျရှုံးသွားလို့ လုံးဝမဖြစ်။ 

Destiny drew us Together [Completed] Where stories live. Discover now