Chapter 36

7.8K 1.1K 734
                                    

မီးရောင်ဖျော့ဖျော့နဲ့ သံစုံတီးဝိုင်းတွေကြားမှာ ဖြည်းညှင်းအေးဆေးသော ခြေလှမ်းတွေနဲ့ လျှောက်လာကာ အိပ်ပျော်လုမတတ်ဖြစ်နေတဲ့ နှစ်ယောက်ကို ခပ်ထွေထွေကြည့်ရင်း မျက်ခုံးပင့်လိုက်မိတဲ့ ကောင်လေးတစ်ယောက်က ထိုဝိုင်းနားသို့ ရောက်လာလေသည်။

"နှစ်ယောက်လုံး မှောက်သွားပြီ အစ်ကိုလေး"

"အင်း။ ဘယ်ဆိုးလို့လဲ ဆေးစွမ်းပြတာ မြန်သားပဲ"

"ဟုတ်။ အစ်ကိုလေး ပေးတဲ့ဆေးတွေပဲ အရက်ထဲ ထည့်ထားလိုက်တာပါ"

ထိုကောင်လေးက ခေါင်းညိတ်ပြပြီး ထိုလူတစ်စုကို ညွှန်ကြားလာသည်။

"ဒီတစ်ယောက်ကို ငါ့အခန်းထဲပို့လိုက်။ ဟိုတစ်ယောက်ကိုတော့ တခြားသူတွေ မရိပ်မိအောင် စတိုခန်းထဲမှာဖြစ်ဖြစ် ထည့်ပိတ်ထားလိုက်ဦး။ ပြီးတော့ ခဏနေရင် ဒီကောင်လေးလာရှာလိမ့်မယ်။ သူ့ကို ငါ့အခန်းနားကို သေချာလေး လမ်းညွှန်ပေးလိုက်"

Duty coat ဝတ်စုံနဲ့ ကောင်လေးပုံကို ပေးခဲ့ပြီးတာနဲ့ ထွက်သွားတဲ့ ရုန်စစ်ရဲ့ အမိန့်ကိုနာခံဖို့ သူ ညွှန်ပြသွားတဲ့ Wang Yibo ကို နှစ်ယောက်တွဲခေါ်လာလိုက်ပြီး Jackson ကိုတော့ ကလပ်ရဲ့ ဂျောင်အကျဆုံး store ခန်းထဲ ထည့်ပိတ်ထားဖို့ သယ်သွားလိုက်ကြတော့သည်။

ရုန်စစ်က Yibo ကို ကုတင်ပေါ်ချပေးခဲ့ပြီးတာနဲ့ ထိုလူတွေကို အပြင်မှာ ထွက်စောင့်နေဖို့ အမိန့်ပေးလိုက်ပြီး သူ့အင်္ကျီရော လူးလွန့်နေတဲ့ Yibo ရဲ့အင်္ကျီ‌တွေပါ ခက်ခက်ခဲခဲနဲ့ ချွတ်ချပစ်လိုက်တော့သည်။ ထို့နောက် camera angle ကို ချိန်ယူပြီး သူတို့နှစ်‌ယောက် အတူအိပ်ပြီးတယ်လို့ ထင်ရတဲ့ပုံစံကို ရိုက်ယူဖို့ ကြိုးစားမိပေမယ့် လက်ဖဝါးကြီးကြီး တစ်ခုက မျက်နှာကို ဖြန်းခနဲ လာရိုက်တာမို့ အီစလံတောင် ဝေသွားရတယ်။

ကုတင်ပေါ်က လူထူးဆန်းက မျက်လုံးတွေ လုံး၀မဖွင့်နိုင်ဘဲ ဆေးဒဏ်ကြောင့် လှုပ်ရှားမှုက နှေးကွေးနေပေမယ့် အားက အတော်ပြင်းတဲ့အပြင် ထပ်ပြီးတော့တောင် လက်တွေ ခြေထောက်တွေကို ဆန့်ထုတ်ပြီး သူ့အနားမကပ်အောင် မည်းမည်းမြင်ရာ လိုက်ရိုက်နေသလိုဖြစ်နေတာမို့ ရုန်စစ်မှာ မနည်းရှောင်ရှားနေရသည်။

Destiny drew us Together [Completed] Donde viven las historias. Descúbrelo ahora