Extra (18)

3.5K 432 362
                                    

Happy Birthday ပါ ကိုကို! ဒီနှစ် မွေးနေ့မှာ ကိုကို့ကို ပျော်ပါ‌စေ ဆိုတာကလွဲရင် ဆုတောင်းပေးစရာ မရှိတော့ပါဘူး။

သုံးနှစ်ကြာပြီးနောက်. . .

ကျွန်တော်နဲ့ စီနီယာ လက်ထပ်ခဲ့တာ ဘာလိုလိုနဲ့ သုံးနှစ်ရှိသွားပြီမို့ ပိုင်အာနဲ့ ရန်အာတောင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရောက်နေကြပြီ။ မျက်စိရှေ့တင် တဖြည်းဖြည်းနဲ့ ကလေးတွေ အရွယ်ရောက်လာတာ မြင်ရတော့ အချိန်တွေ ကုန်သွားတာ ပိုသိသာလာခဲ့သလိုပါပဲ။

ဒီနှစ်ဆို China မှာလည်း စီနီယာဝမ်က Eastern Pack ရဲ့ ခေါင်းဆောင်နေရာကို လက်လွှဲယူပြီးပြီမို့ Lian Ge နဲ့ Zhan Ge တို့လည်း မနှစ်ကထက် အလုပ်များနေကြတယ်။

အချိန်တွေကုန်လာတာနဲ့အမျှ Lian Ge ဆို ဒီနှစ် 32 ပြည့်ပြီ ဖြစ်သလို စီနီယာတို့အုပ်စုလည်း 28 တောင် ဖြစ်ကုန်ကြပြီမို့ ကျွန်တော်တောင် 27 ထဲ ဝင်လာခဲ့ပြီ။

အခုနှစ်ပိုင်းအတွင်း နှစ်နိုင်ငံကြား အချိန်ကွာခြားချက်အပြင် အရင်ထက် ပိုအလုပ်များနေတဲ့ Lian Ge နဲ့ video call တစ်ခါတစ်ခါ ပြောရဖို့တောင် မနည်းညှိယူနေရတာမို့ အခုမှပဲ အေးဆေးပြောဖြစ်သည်။

"အားရန်! ဒီနှစ် Jackson မွေးနေ့ကျရင် အိမ်ပြန်လာဖြစ်ဦးမှာလား"

စီနီယာ့မွေးနေ့တိုင်း ကျွန်တော်တို့မိသားစု China က ကိုကို့မိဘအိမ်ဆီ နှစ်တိုင်းပြန်ဖြစ်တာမို့ Zhan Ge တို့နဲ့လည်း အမြဲဆုံဖြစ်ခဲ့တယ်။ ဒီနှစ်တော့ စီနီယာ အလုပ်တွေပုံနေလို့ မပြန်ဖြစ်တော့ဘူးလို့ ပြောထားပြီးပြီမို့ ခေါင်းပဲ ခါပြလိုက်ရတော့သည်။

"ဒါနဲ့ စီနီယာဝမ် အလုပ်ရှုပ်နေမှာပဲ။ ခေါင်းဆောင်ဖြစ်သွားရင် အရင်ထက် ပိုတာဝန်များလာတော့မှာ"

"အင်း။ Xiaozhan လည်း ကူပေးနေတာဆိုတော့ သူတို့ အဆင်တော့ပြေနေပါတယ်။ Xiaozhan ပါ pack ခေါင်းဆောင် ဖြစ်လာရင်တော့ အဲ့အချစ်ငှက်နှစ်ကောင် အလွမ်းသယ်နိုင်မှာတောင် မဟုတ်လောက်တော့ဘူး"

"ဟက်!"

အခုလက်ရှိ Central pack ကိုတော့ ရှောင်အကြီးအကဲပဲ ဆက်လက်အုပ်ချုပ်နေတုန်းပင် ဖြစ်သည်။ ရှောင်ဒီနဲ့ သူ့အမျိုးသားလည်း ရှိနေဆဲမို့ ရှောင်အကြီးအကဲတစ်ယောက် သားနဲ့သမီး နှစ်ယောက်ထဲက ဘယ်သူ့ကို ခေါင်းဆောင်နေရာ လွှဲပေးရမလဲ ဆုံးဖြတ်နေဆဲပင် ဖြစ်သော်ငြား Xiaozhan ကတော့ သူ့ pack အရေးထက် ဝမ်လေးအုပ်ချုပ်နေပြီဖြစ်တဲ့ Eastern Pack အရေးကိုပဲ စိတ်ဝင်စားလေသည်။

Destiny drew us Together [Completed] Where stories live. Discover now