Extra (1)

6.9K 893 407
                                    

အချိန်နဲ့ ဒီရေသည် လူကိုမစောင့်ဆိုတဲ့ စကားပုံက ကျွန်တော်တို့ သမန်းဝံပုလွေတွေအတွက်လည်း တူတူပါပဲ။ ကျွန်တော်ကသာ ဒီနေရာလေးမှာပဲ ရပ်တန့်နေခဲ့ပေမယ့် အချိန်တွေကတော့ တစ်နှစ်ပြီး တစ်နှစ်ပြောင်းလဲသွားခဲ့ပြီ။

အခုလည်း နှစ်တစ်နှစ် ထပ်ကူးပြောင်းလာသလို လာမယ့်လေးလပိုင်းဆို အားရန်မရှိတော့တာ လေးနှစ်ပြည့်တော့မယ်။ ကျွန်တော့်ဆီ သူတောင်းဆိုသွားခဲ့ဖူးတဲ့ တစ်ခုတည်းသော ဆန္ဒဖြစ်တဲ့ သူ့အုတ်ဂူပေါ်မှာ နှင်းဆီနက်တွေ နှစ်ပတ်လည်ရောက်တိုင်း လာထားပေးပါဆိုတဲ့ သူ့ဆန္ဒကိုတော့ လုပ်ပေးဖို့အတွေး တစ်ခါမှမရှိခဲ့ပေ။ 

// အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော် အမုန်းဆုံးက အဲ့နှင်းဆီနက်တွေပဲ။ တကယ်ဆို ညာဖက်လက်ကောက်ဝတ်က tattoo ကိုတောင် သွားဖျက်ပစ်ချင်နေတာ ကြာပြီ //

Jackson တစ်ယောက် ဒီနေ့မနက်ခင်းတော့ လေဆိပ်၌ တစ်ယောက်တည်း တက်ကြွနေလေသည်။ Halfeti, Turkey သို့ ထွက်ခွာမယ့် လေယာဉ်ကို ထိုင်စောင့်နေရင်း ဒီတစ်နှစ်တော့ ထိုအရိုင်းအစိုင်းလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူ ပြောဖူးတဲ့ နှင်းဆီနက်တွေရှိရာကို တစ်လသွားလည်ဖို့ ဌာနမှာလည်း လုပ်သက်ခွင့် ယူခဲ့လေသည်။

ကျွန်တော် ထိုနေရာကို သွားချင်ရတဲ့ ရည်ရွယ်ချက်က နှစ်ခုတည်းကြောင့်သာပင်။ အားရန်တောင် မရောက်ဖူးလိုက်တဲ့ နှင်းဆီနက်တွေရှိရာနယ်မြေကို သူ့ကိုခေါ်သွားပေးချင်လို့ရယ်နဲ့ အထီးကျန်ဖို့ကောင်းတဲ့ ဘဝကြီးမှာ အရင်တုန်းက ရည်မှန်းချက်ဖြစ်ခဲ့တဲ့ ကလေးမွေးဖို့ မဖြစ်နိုင်တော့ပေမယ့် ကလေးတစ်ယောက်ကို မွေးစားမယ်။ အဲ့ကလေးကိုပဲ ပြုစုပျိုးထောင်သွားရင်း သူနဲ့တူတူ အိုမင်းသွားဖို့သာ တွေးထားလိုက်တော့သည်။

ထိုသို့တွေးနေစဉ် Yu Chen ဆီက ဖုန်းဝင်လာတာမို့ ကိုင်လိုက်ရသေးတယ်။

"ဘာလဲ! ငါ လေယာဉ်ပေါ်တက်ရတော့မယ်"

"Jackson! မင်းတကယ် ငါတို့ကို မစောင့်တော့ဘူးလား။ ငါနဲ့ Xiaozhan လိုက်ပေးပါ့မယ်ဆို"

"တော်စမ်းပါကွာ။ မင်းတို့နှစ်ကောင် လိုက်ပေးမယ့်အထိသာ စောင့်နေရရင် ငါ နောက်ထပ်ငါးနှစ်ကြာရင်တောင် ရောက်မှာ မဟုတ်တော့ဘူး။ ငါ မင်းတို့နှစ်ကောင်ကို သိပ်ကြည့်ရတာမဟုတ်ဘူး"

Destiny drew us Together [Completed] Where stories live. Discover now