Chapter 22

8.9K 1.3K 364
                                    

လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့နဲ့ အသက်၀င်ကာ စည်ကားလွန်း၊ လှပ‌လွန်းနေသော ရှန်ဟိုင်းတောအုပ်ကြီးမှာ ခုတော့ မီးကျွမ်းနေတဲ့ သစ်ပင်တွေ၊ အလောင်းတွေ၊ ဒဏ်ရာရလို့ ငြီးငြူးနေသူတွေနဲ့ ကြောက်မက်ဖွယ်ကောင်းနေလေသည်။

မဟူရာကဲ့သို့ နက်မှောင်သော ကောင်းကင်ကြီးအောက်တွင် Lian ဦးဆောင်သော ရှိသမျှ သမန်းဝံပုလွေ ဆရာဝန်များအားလုံးက တတ်နိုင်သမျှ ဒဏ်ရာရနေသူများကို အရေးပေါ် ကယ်ဆယ်နေကြရသလို၊ Han Ge ဦး‌ဆောင်သော သမန်းဝံပုလွေ ရဲအုပ်စုကလည်း အခင်းစဖြစ်ရာနေရာဖြစ်တဲ့ စားဖိုဆောင်အဖြစ် အသုံးပြုသော tent နဲ့ အနီးတဝိုက်ကို မသင်္ကာစရာ တစ်စုံတစ်ရာ တွေ့လိုတွေ့ငြား ပိုက်စိပ်တပ် စစ်ဆေးနေကြလေသည်။ ထို့အပြင် မီးလောင်တာကိုသိပြီး မနက်မိုးလင်းလျှင် ရောက်လာနိုင်မည့် မီးသတ်နှင့်ရဲတို့ လာစစ်ဆေးပါကလည်း သမန်းဝံပုလွေများနှင့် ပတ်သက်သည့် သက်သေတစ်ခုမှ မကျန်ဘဲ သာမန် Camp လုပ်ရင်း မီးလောင်မှုတစ်ခုအဖြစ် သတ်မှတ်သွားအောင်လည်း အခြေအနေတစ်ခုကို အမြန် ဖန်တီးနေကြရသည်။

Werewolf တွေက မီးလောင်ရင်တော့ သေနိုင်ကြတဲ့သူတွေမို့ အကြီးအကဲများနဲ့ Elder များမှာ ဒဏ်ရာရလူနာများကို နီးစပ်ရာ ရှန်ဟိုင်းဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့ စီစဉ်ကာ အားလုံး ယောက်ယက်ခတ်နေကြလေသည်။ အထူးသဖြင့် Northern Pack နဲ့ Southern Pack အကြီးအကဲတွေဆိုလျှင် ဒဏ်ရာရသူများထဲ၌ သူတို့သားနှစ်ယောက်ပါ ပါဝင်နေတာမို့ တကယ့်ကိုမှ တောအုပ်တစ်ခုလုံး ဂယက်ထနေကြကာ မနက်မိုးလင်းခါနီး ရှန်ဟိုင်းဆေးရုံက Ambulance တွေ‌ရောက်မလာခင် အားလုံးကို တောအုပ်ထဲကနေ သယ်ထုတ်ကြရတော့သည်။

Ambulance တွေရောက်တာနဲ့တပြိုင်နက် ရှန်ဟိုင်းဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်အားလုံးကတော့ သူတို့လူတွေကို သာမန်လူသားတွေ မရိပ်မိစေဖို့အတွက် သူတို့ကိုယ်တိုင် ကုသပေးနိုင်ရန် ဆေးရုံကားတွေနဲ့ ပြန်လိုက်သွားကြတော့သည်။

"Xiaozhan!!"

"ဟုတ် စီနီယာ"

"1..2..3...မ, 1..2..3..ရွှေ့"

Destiny drew us Together [Completed] Where stories live. Discover now