Chapter 41

7.5K 1.1K 181
                                    

အကြီးအကဲတွေ အားလုံး Beijing မှာစုပြီး သမန်းဝံပုလွေတွေ သေဆုံးမှုအပေါ် စုံစမ်းပေမယ့် လက်သည်မပေါ်နိုင်ဖြစ်‌နေကြသလို Hunter ဌာနချုပ်နဲ့ အရေးပေါ် အစည်းအဝေးတွေ လုပ်ကြပေမယ့် သူတို့တွေဖက်ကလည်း သူတို့မဟုတ်ကြောင်း အကြောင်းကြားလာကြသည်။ သို့သော်ငြား ဒီကိစ္စက သူတို့ကိုပါ အထင်လွဲစေနိုင်တဲ့ကိစ္စဖြစ်လာနိုင်တာမို့ အကြီးအကဲတွေနဲ့ ပူးပေါင်းဖို့ ကတိပေးလာကြတာကြောင့် အခုလောလောဆယ်တော့ ကိုယ့်‌နေရပ်ကိုသာ ပြန်ကြဖို့လုပ်ရတော့သည်။

ရှောင်အကြီးအကဲနဲ့ ဝမ်အကြီးအကဲရဲ့ အခြေအ‌နေကတော့ အရင်ကထက်တောင် ပိုဆိုးသွားလေသည်။ ဖုန်းမြင့်ဆို သူ့သားကို ပြန်ခေါ်သွားဖို့လုပ်ပေမယ့် Xiaozhan က Jackson အခန်းထဲမှာပဲနေပြီး ဘယ်သူလာတွေ့တွေ့ အတွေ့လည်း မခံ‌တော့သလို၊ ပရဟိတတောင် သွားဖို့လုပ်နေတာမို့ စိတ်လျှော့ပြီး ပြန်သွားရတော့သည်။

ပိုင်အကြီးအကဲကလည်း သူ့သားကို ပြန်လိုက်ခဲ့ဖို့ ခေါ်‌နေကြောင်း ကြားလိုက်ရသေးပေမယ့် နောက်ဆုံးတော့ ပိုင်အကြီးအကဲတစ်ယောက်ထဲသာ ပြန်သွားရပြန်‌လေသည်။

ဝမ်အကြီးအကဲကတော့ Lian ဆီက ဖုန်း call ကြောင့် သည်းမခံနိုင်တော့ဘဲ သူ့ Mate ဆိုတဲ့ကောင်လေးဆီ သွားသောင်းကျန်းဖို့ ဆေးရုံသို့ ထွက်လာခဲ့လိုက်တော့သည်။

ဆေးရုံရှေ့မှာတင် Lian နဲ့ အဲ့ကောင်လေးကို ကားပေါ်က ရယ်ရယ်မောမော ဆင်းလာကြတာ တွေ့လိုက်ရတာမို့ ဒေါသကထောင်းခနဲ။

"Wang Lian!!! မင်းရဲ့ အသုံးမကျမှုက အခုထိ အဆုံးမသတ်သေးဘူးပဲ"

လည်ပင်းကြောတွေတောင် ထောင်နေပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားတဲ့ ပါးကိုတွေ့လိုက်ရတာမို့ Yu Chen ကို ကျွန်တော့်နောက်မှာပဲ နေစေလိုက်တော့သည်။

"ပါး လာမှ လာပါ့မလား စိုးရိမ်‌‌နေတာ"

"မင်းတို့ညီအစ်ကိုတွေက တကယ် စိတ်ပျက်ဖို့ကောင်းတာပဲ"

"ဟက်! အဲ့ဒါ‌တွေက ပါးနဲ့တူတယ်လို့ မထင်ဘူးလား"

"စီနီယာ ဆေးရုံထဲမှာ‌ဆိုတော့ စိတ်လျှော့ပါ"

Destiny drew us Together [Completed] Where stories live. Discover now