Extra (15)

3.8K 442 291
                                    

နွေဦးရာသီရောက်လာပြီမို့ Halfeti မြို့‌လေးရဲ့ ရာသီဥတုက အရင်ကလို အေးစက်မှုန်မှိုင်းမနေတော့ဘဲ ကြည်ကြည်လင်လင် ရှိနေပေပြီ။ ထိုကဲ့သို့ အပြင်ရာသီဥတုက သာယာသလောက် အိမ်တွင်းက ရာသီဥတုကတော့ မုန်တိုင်းဝင်မယ့် လက္ခဏာ ရှိမလို ဖြစ်နေသော်ငြား Jackson တစ်ယောက် ညကထဲက အခန်းခွဲအိပ်ခြင်းနဲ့သာ ကြုံလိုက်ရတာမို့ မုန်တိုင်းက ဝင်နေတာလား မဝင်ဘူးလားပင် မသိတော့။

// အားး ဒီကောင်လေးက စိတ်ဆိုးနေတာလား စိတ်မဆိုးတာလား //

မနေ့ကအဖြစ်က အားရန်ဆိုတာ လမ်းမှာတုန်းက သောင်းကျန်းတာ သူမဟုတ်ခဲ့သလို ပုံမှန်တိုင်း အိမ်မှာထိုင်စောင့်ပြီး ပြုံးပြုံးရွှင်ရွှင်ရှိနေတဲ့ ကောင်လေးကိုသာ မြင်လိုက်ရတာမို့ ချော့ဖို့ ပြင်ထားခဲ့သမျှ စိတ်လျှော့လိုက်ကာမှ...

"ဒီည ကျွန်တော် ကလေးတွေအခန်းထဲမှာ သွားအိပ်မှာ။ ရော့ စီနီယာ့အတွက် ဖက်လုံး" ဆိုပြီး ကျွန်တော့်ကို တစ်ယောက်တည်း ထားသွားတာမို့ ညတာရှည်ကြီးကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။

Jackson ရဲ့မနက်ပိုင်းအလုပ်မသွားခင် အထူးတာဝန်ကား ဆိုင်ကယ်ပေါ်သို့ ကလေးနှစ်ယောက်ကို တင်ပြီး ကျောင်းအရင်ပို့ရသည်။ ထို့နောက် အားရန်ကို ပြန်ပေးဆွဲ ကိစ္စတွေဖြစ်ပြီးကထဲက တစ်ယောက်တည်း ပေးမသွားချင်တော့တာကြောင့် ထိုကောင်လေးကို သူ့ကျောင်းရှိရာ လိုက်ပို့ပြီးမှ ကိုယ့်အလုပ်ရှိရာ သွားရတာမို့ နောက်ဆို အကုန်လုံးကို တစ်ခါထဲ တင်ခေါ်နိုင်ရန် "သူ့သား လိုချင်တာသာ ပြောလိုက်" ဆိုတဲ့ ယောက္ခမကြီးကို ကားတစ်စီးဝယ်ပေးခိုင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။

// အဟင်းဟင်းးး ကားတစ်စီးလောက် အားရန် လိုချင်နေလို့လို့ ပြောလိုက်ရင် Lian Ge ဘာတတ်နိုင်သေးလဲ! အဲ့သာသနာဖျက်ဆီက များများ ဂုန်းဆင်းပေးရမယ် //

Lian Ge ကို ဟိုးအရင်က မာနကြီးပြီး အပေါက်ဆိုးလို့ သိပ်ကြည့်မရခဲ့သလို အခုတော့ မနေ့တနေ့ကမှ ကောက်ကာငင်ကာကြီး အမျိုးတော်သွားတဲ့ အားရန်ကိုပဲ သည်းပြကဲပြနေလို့ တစ်စက်မှကို ကြည့်မရတော့ပါ။

Destiny drew us Together [Completed] Where stories live. Discover now