Chapter 23

9K 1.3K 404
                                    

Lian တစ်ယောက် Yibo ကို ဂုတ်ကဆွဲပြီး အိမ်ထဲ ထည့်ပိတ်ထားခဲ့ပြီးမှပဲ အိမ်ကနေ ပြန်ထွက်လာခဲ့လိုက်တော့သည်။ ပါးက ခုထိ Yibo ကို ဆဲဆိုနေတုန်းမို့ Yibo တော့မသိ ကျွန်တော်တော့ နားတွေအူလှပြီ။ ထို့‌နောက် ထုံးစံအတိုင်း ကျွန်တော် ထိုင်နေကျ ရေကန်နားမှာသာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်မိတော့တယ်။

// မား...Yibo Mate ရသွားပြီ သိလား။ အဲ့ကောင်လေးက ကျွန်တော့်ထက် အရာရာသာတယ်ဆိုတာ ဘယ်သူကမသိမှာစိုးလို့လဲပဲ Mate တောင် ကျွန်တော့်ထက် အရင်တွေ့တယ် //

ကျွန်တော် ရေကန်နားမှာ လှဲပြီးသာ အိပ်ချလိုက်မိတော့တယ်။ ကျွန်တော် တကယ့်ကို စိတ်ရောလူပါ အရမ်းပင်ပန်းနေပါပြီ။

// ဒါပေမဲ့ မားသိလား။ သူ့ Mate က မားကို သတ်ခဲ့တဲ့သူတွေရဲ့သားလေ။ ကျွန်တော် ငယ်ငယ်တည်းက ကြည့်မရခဲ့တဲ့ ကောင်လေး //

ဖြာကျနေတဲ့နေရောင်အောက်မှာ လှဲအိပ်နေတာမို့ ဒူးတစ်ဖက်ထောင်၊ လက်တစ်ဖက်ကို မျက်လုံးပေါ် အုပ်တင်ထားလိုက်ပြီး ခဏလောက် စိတ်အေးလက်အေး အနားယူဖို့ လုပ်လိုက်တော့သည်။

‌စိတ်လျှော့လိုက်ချိန်မှာပဲ မှေးခနဲအိပ်ပျော်သွားတော့မလိုဖြစ်နေမှ ကျွန်တော့်လက်ကို ဖျတ်ခနဲ အဆွဲခံလိုက်ရတာကြောင့် လန့်ပြီးမျက်လုံးဖွင့်ချလိုက်ရသည်။

"ဟင်! Yu Chen!"

"စီနီယာ ဒဏ်ရာရထားတာပဲ။ အဲ့ဒါကို ဒီအတိုင်းနေနေတာလား"

"ကိုယ့်လမ်းကိုယ်သွားစမ်းပါ"

စီနီယာက သူ့လက်ကို အတင်းပြန်ဆွဲနေတာမို့ ဒဏ်ရာကိုမထိအောင် လက်ကောက်ဝတ်ကနေ ချုပ်ထားလိုက်ရတယ်။

ကျွန်တော် ဒဏ်ရာရထားတဲ့ Jackson ကို ဝင်ပို့ခဲ့ပြီးမှ တည်းခိုခန်းပြန်ဖို့ လျှောက်လာတုန်း ရေကန်နားမှာ လူတစ်ယောက် လှဲအိပ်နေတာတွေ့လို့ မူးများလဲနေတာလား အပြေးလာကြည့်လိုက်တော့မှ စီနီယာဖြစ်နေတာကို တွေ့လိုက်ရသည်။

ထို့အတွက် တိတ်တိတ်လေး လှည့်ထွက်မလို့ လုပ်ခါနီးမှ သူ့လက်တစ်ခုလုံး ဟက်တက်ကွဲနေတာကို တွေ့လိုက်ရတာကြောင့် အလန့်တကြား ဆုပ်ကိုင်လိုက်မိတာပင်။ ထို့ကြောင့် စီနီယာက ဝုန်းဆိုထထိုင်လာပြီး ထရပ်ဖို့လုပ်နေသည်။

Destiny drew us Together [Completed] Where stories live. Discover now