Chapter 28

9.2K 1.2K 584
                                    

Beijing ရဲ့ ဖေဖော်ဝါရီ မနက်ခင်းလေးကတော့ အရင်လောက် မအေးတော့သော်ငြား ဆောင်းတွင်းကာလမို့ မျက်လုံးဖွင့်လိုက်ကတည်းက စိမ့်ခနဲ အေးစက်မှုကို ခံစားလိုက်ရတာကြောင့် စောင်ပုံကြားထဲမှာ ဘယ်တော့မှ ဆန့်ဆန့်မအိပ်တတ်တဲ့ ယုန်ဖြူလုံးလေးတစ်ကောင်ကတော့ ခန္ဓာကိုယ်ကို နှစ်ဆပိုပြီး ကွေးအိပ်လိုက်မိတော့သည်။

ထိုကဲ့သို့ ကွေးအိပ်ဖို့ ကြိုးစားလိုက်မှ ဗိုက်ပေါ်က ခပ်နွေးနွေး အထိအတွေ့တစ်ခုကို သတိထားလိုက်မိတာကြောင့် အလန့်တကြား နောက်လှည့်ကြည့်လိုက်မိမှ သူ့အင်္ကျီအောက်ထဲ လက်တွေ လျှိုထည့်ထားပြီး သူ့ကို အသေအကြေဖက်ထားတဲ့ ဘယ်အချိန်ကထဲက ကုတင်ပေါ်ရောက်နေမှန်း မသိသော ငမည်းကောင်။

"Wang Yibo!!!! မင်းကို ညက ဆိုဖာပေါ်မှာ အိပ်ခိုင်းထားတာလေ"

"အင်းးး"

လက်တွေကို အတင်းဆွဲထုတ်လိုက်တော့ အင်းဆိုပြီး ဘာမှထပ်မပြောဘဲ ပြန်အိပ်ပျော်သွားပုံရတဲ့ ငမည်းကောင်ကြောင့် ဘာမှတောင် ထပ်မပြောနိုင်တော့။

// ဒီကောင် အိပ်ပျော်နေတာတောင် သေမလိုဖက်ထားနိုင်တာပဲ။ ဘယ်သူက သူအားကြီးတာ မသိမှာစိုးလို့လဲ //

Xiaozhan ခမျာ လက်ကိုလည်း အင်္ကျီအောက်က ပြန်ထုတ်လို့မရတဲ့အပြင် ရင်ခွင်ထဲပိုရောက်အောင် ဆွဲသွင်းခံလိုက်ရတာကြောင့် အင့်ခနဲ။

နာရီကို လှမ်းကြည့်လိုက်တော့ အလုပ်သွားဖို့လည်း စောနေသေးတာမို့ ရုန်းမရတာကို အားကုန်ခံပြီး ရုန်းမနေတော့ဘဲ ငယ်ငယ်တည်းက သဘောကျရတဲ့ ဝမ်လေးရဲ့ ကိုယ်သင်းနံ့ကို တစ်ချက်အနံ့ခံလိုက်ပြီး ပြန်အိပ်ပျော်သွားလေတော့သည်။ 

ထိုယုန်ဖြူလေး အိပ်ပျော်သွားတာသေချာသွားပြီဆိုမှ Wang Yibo တစ်ယောက် နှုတ်ခမ်းတစ်ဖက်တွန့်‌ကွေးလာပြီး ရင်ခွင်ထဲမှာ အိပ်မောကျနေသော ယုန်ပေါက်လေးရဲ့ လည်ပင်းနုနုလေးပေါ်သို့ ခပ်ဖွဖွ လျက်လိုက်တော့သည်။

// ရှောင်းရှောင်းက အရမ်းလျက်လို့ကောင်းတာပဲ။ စတော်ဘယ်ရီသီး စားရသလို ခံစားချက်လေး //

Destiny drew us Together [Completed] Where stories live. Discover now