Chapter 18

9.6K 1.4K 608
                                    

ကျွန်တော့်မျက်လုံးတွေကို အားယူဖွင့်ကြည့်လိုက်တော့ ကျွန်တော်နဲ့ နှာခေါင်းချင်းထိမတတ် နီးကပ်နေတဲ့ မျက်နှာတစ်ခုကို ဝေဝေဝါးဝါး တွေ့လိုက်ရသည်။ ရေစိုနေတဲ့ ဆံပင်လေးတွေကို နဖူးပေါ်လှန်တင်ထားတာမို့ ပြောင်ရှင်းချောမွတ်နေတဲ့ အဲ့မျက်နှာလေးပေါ်မှ ရေစက်လေးတွေက သူ့မေးဖျားချွန်ချွန်လေးကနေ ကျွန်တော့်ရင်ဘတ်ပေါ် တစက်စက်စီးကျနေတယ်။ ရေစက်လေးတွေသီနေတဲ့ သူ့မျက်တောင်ရှည်ရှည်လေးတွေက ကျွန်တော့်မျက်နှာကို စိုးရိမ်တကြီး ငုံ့ကြည့်နေသလိုပဲလို့တွေးရင်း အမြင်အာရုံတွေ ပြန်ကြည်လာချိန်မှာတော့ စီနီယာ့မျက်နှာကြီးဖြစ်‌နေတာမို့ နည်းနည်းတော့ နင်သွားသလို အံ့ဩသွားမိသည်။

"ဟင် စီ...စီနီယာ!"

ကျွန်တော်ပဲ မျက်လုံးတွေစပ်ပြီး အမြင်မှားသွားလားမသိ။ ခုနတုန်းက စီနီယာ့မျက်နှာက တကယ့်ကို တစ်ခုခုကို စိုးရိမ်နေသလိုမျိုးလို့ ထင်လိုက်ပေမယ့် ခုတော့ ချက်ချင်းကို ပြန်တည်သွားပြီး ဝုန်းခနဲ မတ်တပ်ထရပ်လေသည်။ Xiaozhan ကလည်း ကျွန်တော့်ကိုလာတွဲပေးတာမို့ တဟွတ်ဟွတ်ချောင်းဆိုးရင်း ထထိုင်လိုက်ရသည်။

"အင်း။ ခုနထဲက မင်းတို့အဖွဲ့ ငါတို့ခပ်လှမ်းလှမ်းမှာ ရေဆင်းကူးနေတာကို မြင်လိုက်တာ။ ပြီးတော့ အားလုံးပြန်တက်လာတဲ့ထိ မင်းပြန်တက်မလာသေးပါလားလို့ တွေးနေတုန်း မင်းအော်သံကို ကြားလို့ ဆင်းကယ်ရုံပဲ။ Yibo...Yibo တောင် ငါနဲ့တူတူပြေးလာသေးတယ်။ ဟုတ်တယ်မလား Yibo"

Yibo မှာ Rap ရွတ်သလို တရစပ်လွှတ်နေသော သူ့အစ်ကိုကြောင့် ဘုမသိဘမသိ ခေါင်းညိတ်ပြလိုက်ရသေးသည်။

// ဘာတုန်းဟ! ငါက အဲ့ကောင်ကိုများ ပြေးကယ်စရာလား။ ကော ဘာဖြစ်နေတာလဲ //

ထို့နောက် ကောက Rap စာသားတွေ ထပ်ရွတ်လာပြန်ပြီ။

"ပြောရမယ်ဆိုရင် ငါက Xiaozhan ထက် အပြေးမြန်တာမို့ အရင်ရောက်လို့ မကောင်းတတ်လို့ အရင်ကယ်လိုက်မိရုံပဲ ဒီထက် မပိုဘူး။ ပြီးတော့ မင်းက ငါ့လက်မောင်းကို လှမ်းကိုင်ပြီးတာနဲ့ ပျော့ခွေသွားလို့ ဆရာဝန်တစ်‌ယောက်အနေနဲ့ အရေးပေါ်အသက်ကယ်နည်းကို အမြန်သုံးလိုက်ရတာ။ မင်းနားလည်လား"

Destiny drew us Together [Completed] Where stories live. Discover now