Extra (4)

5.5K 786 769
                                    

Halfeti မြို့လေးရဲ့ ဆောင်း‌တွင်းမနက်ခင်းက ရှန်ဟိုင်း‌ဆောင်းမနက်ခင်းထက်တောင် ပိုအေးသလိုပင်။ Jackson တစ်ယောက်‌ ညတုန်းက အိမ်ထဲကို ‌သေချာမကြည့်မိတာမို့ အားရန်ရေချိုးနေတုန်း လိုက်ကြည့်နေလိုက်မိတော့သည်။

ဒီနေ့မနက်ခင်းကတော့ လက်လေး ရောင်သွားရုံကလွဲရင် လေးနှစ်တာကာလအတွင်းမှာ အပြုံးနဲ့စတင်မိတဲ့ မနက်ခင်းပင်ဖြစ်သည်။ ဒီအိမ်လေးက အားရန် တစ်ယောက်စာတော့ အဆင်ပြေလောက်ပေမယ့် ကျွန်တော်ပါ လိုက်‌‌နေမယ်‌ဆိုရင်ကျ ကျဉ်းလွန်းတဲ့ အနေအထားမို့ နှင်းဆီနက်တွေကြိုက်တဲ့ကောင်လေးအတွက် နှင်းဆီနက်တွေ အပြည့်စိုက်ပေးလို့ရမယ့် ခြံဝင်းလေးတစ်ခု အရင်ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်မိတော့သည်။

// အင်းးး ကုတင်ကျဉ်းတာကလည်း ဖက်အိပ်ရုံလောက်ဆို ကောင်းပေမယ့် တခြားဟာ လုပ်မယ်ဆိုရင် အဆင်မပြေနိုင်လောက်ဘူး //

ထိုသို့အတွေးနဲ့အတူ အိမ်လေးထဲကို လျှောက်ကြည့်‌နေတုန်း အားရန်ပြန်ထွက်လာပြီမို့ လှည့်ကြည့်လိုက်တော့ ထိုကောင်လေးက towel ပဲပတ်ပြီး ပြန်ထွက်လာပြန်တာကြောင့် ချက်ချင်းကြီး ဆန္ဒပြလာတဲ့ အောက်ပိုင်းက အရာအတွက် ခေါင်းနပန်းတောင် ကြီးသွားမိလေသည်။

// အားးးးး ဒီကောင်လေးက ကိုယ့်အန္တရာယ်ကိုယ် တကယ် မသိဘူးပဲ //

အားရန်က မျက်နှာတင်မကဘဲ အသားအရည်ပါ တော်တော်လှတဲ့သူမို့ ချောမွတ်ဖြူဖွေးနေတဲ့ သူ့အပေါ်ပိုင်းက ပြေးလျက်ချင်စရာ။

ကျွန်တော့်မှာ ဘေးနားရောက်လာတဲ့ အားရန်ကို သေချာမကြည့်မိအောင် မျက်နှာလွှဲလိုက်ရသော်ငြား နှာခေါင်းဝဆီသို့ အလုံးအရင်းနဲ့တိုးဝင်လာတဲ့ သူ့ကိုယ်သင်းနံ့ကြောင့် ထိန်းထားနိုင်စွမ်းတွေက လျော့လျော့လာပါတယ်ဆိုကာမှ ထိုကောင်လေးက ခေါင်းကိုမော့ပြီး ရေသုတ်နေပြန်တာမို့ စိတ်တွေ လုံးဝလွတ်ထွက်သွားကာ ဖြူအု‌နေတဲ့ သူ့လည်တိုင်ကို လျှာနဲ့အရင်လျက်လိုက်ပြီးတာနဲ့ ကိုက်ချလိုက်မိတော့သည်။

"အားးး စီနီယာ!!! ဘာလို့ကိုက်နေတာလဲ"

အားရန်ရဲ့ အလိုအလျောက်တုံ့ပြန်မှုစနစ်နဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ ကိုယ်ခံပညာက တော်တော်လေး ကောင်းမွန်ပုံပင်။ တစ်ချက်ပဲ ကိုက်မိရုံရှိသေးတယ် ကျွန်တော့်မျက်နှာကို ဖျတ်ခနဲ နောက်ပြန်ရိုက်ချလိုက်တာကြောင့် နှစ်ပတ်လောက်လည်ထွက်သွားပြီး ကြယ်တွေလတွေတောင် မြင်ကုန်တော့တဲ့အထိကို အီစလန်ဝေသွားရတာမို့ ပြန်တောင်မထနိုင်တော့။

Destiny drew us Together [Completed] Where stories live. Discover now