Extra (7)

5K 737 473
                                    

ညဦးပိုင်းကနေ ညနက်ပိုင်းသို့ တဖြည်းဖြည်းရောက်လာလေလေ ဧည့်သည်တွေလည်း တဖြည်းဖြည်းနည်းလာလေမို့ ခမ်းနားကြီးကျယ်သော မင်္ဂလာခန်းမကြီးရဲ့ အလယ်၌ တည်ငြိမ်ချင်ယောင်ဆောင်နေရာကနေ သူ့ကိုယ်သူ ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေသော အလယ်ပိုင်းက ဝံပုလွေလေးတစ်ကောင် မြောက်ကြွ မြောက်ကြွစွာ ရှိနေလေသည်။

"Yu Chen! ခုန်မနေနဲ့လေ။ ကိုယ့်ကလေးလေးက အဲ့လိုပုံစံနဲ့ အားရန်ကို မွေးစားချင်သေးတာလား။ သူကတောင် မင်းထက် တည်ငြိမ်သေးတယ်"

Lian ခမျာ ခုန်ပေါက်ပြီး အားရန်ကို အရိပ်တကြည့်ကြည့်ဖြစ်နေရှာသော Yu Chen ကိုကြည့်ရင်း မနေနိုင်လွန်းတော့တာမို့ သွားကပ်ပြောရတဲ့အထိပင်။ ဒီကလေးတစ်သိုက်နဲ့ ပေါင်းပြီးကထဲက ကိုယ့်အလှည့်တုန်းကလည်း နှစ်မင်္ဂလာပေါင်းလုပ်ခဲ့ရသလို အခုလည်း နေရင်းထိုင်ရင်း ငါးနှစ်လောက်ငယ်တဲ့ ကောင်လေးကို ‌‌မွေးစားခဲ့ရပြန်ပြီ။

လေးနှစ်ငယ်တဲ့ ဒီမျောက်လောင်းနဲ့ ငါးနှစ်ငယ်တဲ့ အားရန်ကို စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးကြောင့် ပခုံးပေါ်က တာဝန်က ပိုပိုကြီးလာသလိုမျိုး ခံစားလိုက်ရသလိုပင်။ ထို့အပြင် ညီစုံတွဲကိုလည်း တစ်ခါတလေ လိုက်ထိန်းရဆဲမို့ pack ရဲ့ ခေါင်းဆောင်မဖြစ်ခဲ့လို့သာ တော်ပါသေးရဲ့။

// ဟူးးး ငါ့ဘာသာငါ ဆေးရုံမှာ တစ်ယောက်တည်း နေခဲ့တုန်းကမှ အေးချမ်းဦးမယ်။ အခုက အားရန်ကို ဘယ်သူမှ မထိရဲအောင်သာ မွေးစားလိုက်ရတာ။ အဲ့အတွက် မျက်နှာပြောင်ကောင်ကိုလည်း သားမက်တော်ရဦးမယ်။ ဟင်းးး သုံးဆယ်နားနီးမှ ဘဝကြီးက မသာယာလိုက်တာ //

အချိန်တွေ တဖြည်းဖြည်းကုန်လာလိုက်တာ Yibo တို့အုပ်စုတောင် 25 ဖြစ်လာကြသလို ကျွန်တော်လည်း သုံးဆယ်ပြည့်ဖို့ တစ်နှစ်လောက်ပဲ လိုတော့လေသည်။

ကျွန်တော်ပါ Yu Chen နဲ့အတူ အားရန်ကို လှမ်းကြည့်လိုက်တော့ Jackson တစ်ယောက် သူ့သတို့သားကို မိဘတွေနဲ့ Xiaozhan တို့မိသားစုနားမှာ ဆွေပြမျိုးပြလုပ်နေပုံပင်။ အားလုံးရဲ့ အလယ်မှာ ဝင်ထိုင်နေတဲ့ အားရန်က မျက်လုံးတွေပိတ်ကျအောင်ထိ ရယ်မောနေသလို သူ့ပေါင်ပေါ်မှာတော့ ပွဲလုပ်နေကထဲက မနည်းဆွဲထားခဲ့ရတဲ့ အားယွမ်က အကျအန တက်ထိုင်နေလေသည်။

Destiny drew us Together [Completed] Where stories live. Discover now