Chapter 34

7.6K 1.1K 338
                                    

"ဘုရားသခင်ကို ဆက်သွယ်လို့ရမယ့် နည်းလမ်းတွေ ရှိလားဟင်"

"Wang Yibo မင်းမူးနေပြီလား"

"နတ်သားလေးတစ်ပါး ပျောက်မနေဘူးလားလို့ မေးချင်လို့ပါ။ အဲ့နတ်သားလေးက အခု ကိုယ့်ရင်ခွင်ထဲ ရောက်နေတာလေ"

// ဒီအရူးစုံတွဲကတော့ //

Jackson ကို ရှိတယ်လို့တောင် ဂရုမစိုက်ဘဲ ပလစ်ထားပြီး နှစ်ယောက်ထဲ တစ်ကမ္ဘာတည်လို့ သောက်လိုက်၊ တစ်ခါတလေ နမ်းလိုက်၊ နားကလော်စရာ စကားတွေ ပြောလိုက်လုပ်ကာ ပလူးနေတဲ့ အဲ့အတွဲကို စိတ်ရှိတိုင်းသာဆိုရင် လက်ထဲက အရက်ခွက်နဲ့သာ ကောက်ထုလိုက်ချင်တာ။

တကယ်ပဲ ငါ့ကို အမြင်ကတ်ကတ်နဲ့ တမင်လုပ်ပြနေတာလား၊ သူတို့ ပုံမှန်နေတာကိုက အဲ့လိုပုံစံဖြစ်နေတာလား တွေးမိရင်း ကြက်သီးတွေပါ ထလာတာမို့ Jackson တစ်ယောက် ထထွက်သွားချင်ပေမယ့် အဲ့နှစ်ကောင်ကို ရန်စချင်တာကြောင့်သာ ပေကပ်ပြီးကို မျက်နှာပူပူနဲ့ ထိုင်နေတုန်း Bai Ran ဘေးမှာ ကောင်မလေးတွေကို တွေ့လိုက်တာမို့ လက်‌လျှော့ပြီး တပ်ခေါက်ဖို့ ကြံစည်လိုက်ရတော့သည်။

"၀မ်လေး...ဒီတစ်ခါ လပြည့်ညကျရင် ခေါင်မိုးထပ်မှာ ကြယ်တွေ ကြည့်ရအောင်လေ"

"ဟက်! Beijing မှာ ကြယ်တွေ ပျောက်သွားတာ ကြာပေါ့။ ဒီလောက် လူတွေ ကားတွေ မိုးမြင့်အဆောက်အဦးတွေနဲ့ ဘယ်လိုလုပ် ကြယ်တွေရှိတော့မှာလဲ ငတုံးကောင်ရဲ့"

"Jackson!!!"

"ဘာတုန်း ဒေါသအိုး"

"ဒါပေါ့။ ကောင်းကင်မှာ ဘယ်ရှိတော့မလဲ ကြယ်ကလေးတွေက အကုန် ဒီကိုရောက်ကုန်တာလေ"

စောင်သည်းတွေက ပေါက်လာပြီ။ Yibo ပဲ တော်တော်ဖြစ်နေတာ ထင်ခဲ့တာ အခုတော့ ဒေါသအိုး Xiaozhan ဆီကပါ တစ်ခါမှ မကြားဖူးခဲ့တဲ့ ချိုသာပျော့ပျောင်းနေတဲ့ အသံနဲ့ Yibo ကိုပူဆာနေတာပါ ကြားလိုက်ရတော့ Jackson လည်း စိတ်ပေါက်ပေါက်နဲ့ အငေါ်တူးလိုက်တာ။ အဲ့ဒါကို ပြန်တုံ့ပြန်လိုက်တဲ့ Yibo ရဲ့စကားကို ကြားလိုက်ရလို့ ဘုရားပါတမိပြီး အလန့်တကြား မော့ကြည့်လိုက်တော့ တစ်ယောက်ပေါင်ပေါ် တစ်ယောက် တက်ထိုင်တော့မလို ပူးကပ်နေတဲ့ စောင်အတွဲ။

Destiny drew us Together [Completed] Where stories live. Discover now