ကေလးတစ္ေယာက္လား

3.8K 294 3
                                    

အိမ္ေတာ္ဝန္းရဲ႕ အေ႐ွ႕ဘက္ျခမ္း
ေနေရာင္ျခည္ဖ်ဖ်ေလးဟာ က်က္သေရ႐ွိစြာ တည္႐ွိေနတဲ့ အိမ္ေတာ္သခင္မေလးရဲ႕ အခန္းထဲကို ထိုးေဖာက္
ျဖာက်ေနတယ္။
ပူၿပီး လင္းလြန္းတယ္။ တျခားစကားလံုးသံုးရမယ္ဆိုရင္ စိတ္အေႏွာက္အယွက္ျဖစ္စရာ ေကာင္းတယ္။
ၾကက္ေသြးေရာင္ မ်က္ႏွာက်က္ေတြ႐ွိတဲ့ အခန္းရဲ႕ ျပတင္းေပါက္ေတြကေန ဝင္ေရာက္လာတဲ့ ေနေရာင္ျခည္ေၾကာင့္ ခုတင္ေပၚမွာ႐ွိေနတဲ့ ေကာင္မေလးရဲ႕ လိပ္ျပာပံုစံ အနက္ေရာင္ မ်က္ေတာ္႐ွည္ေတြဟာ တျဖည္းျဖည္းနဲ႔ လႈပ္ခတ္လာတယ္။
ကေလးမေလးရဲ႕ လႈပ္႐ွားမႈေသးေသးေလးကို ျမင္လိုက္ရတဲ့ အေစခံဝတ္စံုဝတ္ထားတဲ့ မိန္းမငယ္ေလးဟာ စိုးရိမ္ပူေနတဲ့ မ်က္ႏွာနဲ႔ အိပ္ရာေဘးကို ခ်က္ျခင္ ေရာက္လာတယ္။
"သခင္မေလး အဆင္ေျပရဲ႕လား။ ဘယ္လိုခံစားေနရေသးလဲ''
သခင္မေလး? ဒီမိန္းမငယ္ေလး ဘာကို ဆိုလိုေနတာလဲ။
ကေလးမေလးက ပတ္ဝန္းက်င္ကို ေလ့လာရင္း အသံတိတ္ ေရရြတ္လိုက္လိုက္တယ္။
'ငါ ျပဳတ္က်ရာက အကယ္ခံလိုက္ရတာလား။ အထိုးခံရတဲ့ ဒဏ္ရာကေရာ '
"သခင္မေလး တခုခု လိုသလား'' အေစခံမေလးဟာ
တတြတ္တြတ္ ရြတ္ေနတုန္းပဲ။ ''အာ သခင္မေလး ေရေသာက္ခ်င္လား''
ဟုတ္တယ္ ေရ ။ပထဆံုး ငါအေတာ္ ေရဆာေနတယ္။
သူမ ေခါင္းကို ျဖည္းျဖည္း ညိတ္ျပလိုက္တယ္။သူမ
အေတာ္ၾကာ အိပ္ရာေပၚက မထခဲ့သလိုမ်ိဳး မူးေဝျခင္းကို ခံစားေနရတယ္။
အေစခံမေလးဟာ သူမဆီက ခြင့္ျပဳတဲ့ အမူအရာ ကိုျမင္လိုက္လ်ွင္ပဲ ေရကရားတခုကို အလ်ွင္အျမန္ ယူလာလိုက္တယ္။ သူမလည္း ေျခာက္ေသြ႔ေနတဲ့ လည္ေခ်ာင္းအတြက္ ေရအနည္းငယ္ေသာက္လိုက္ၿပီးေနာက္ လည္ေခ်ာင္႐ွင္းလိုက္ၿပီး ေမးလိုက္တယ္။
'' ငါ ဘယ္ေရာက္ေနတာလဲ''
" သခင္မေလးက အခု အိမ္ေတာ္ အခန္းထဲမွာပါ သခင္မေလး။သခင္မေလး ျမင္းေပၚက ျပဳတ္က်ၿပီး အျပင္းဖ်ားေနခဲ့တာ။အိုးးး ဟုတ္သားပဲ။သခင္မေလး အေဖနဲ႔ အေမက သိပ္စိတ္ပူေနက်တာ။သူတို႔ကို သြားေျပာၿပီး ေခၚလာခိုင္းလိုက္ဦးမယ္။'' သူမက ေငြေရာင္႐ွိတဲ့ အံဆဲြ။စားပဲြေတြနဲ႔ ေငြေရာင္ တံခါးေတြကိုတိုက္ရင္း ေျပာေနျပန္တယ္။
အခန္းပိုင္႐ွင္ဟာ ေငြေရာင္ကို အေတာ္ႀကိဳက္ႏွစ္သက္ပံုေပၚတယ္။သူမကိုယ္သူမ လွဲေလွာင္းေနရာကေန ထၿပီး သူမနဲ႔ ရင္းႏွီးသလို႐ွိေနတဲ့ အခန္းပတ္ဝန္းက်င္ကို ေလ့
လာလိုက္တယ္။
ဘာလဲဟ။ဘာလို႔ ဒီအခန္းက ငါ့အရင္အခန္းေဟာင္းနဲ႔ တူေနတာလဲ။ ဒီေခြးေကာင္က အခန္းေတြကို ေျပာင္းထားတာလား။
သူမ ဆက္ၿပီးေလ့လာေနတုန္းမွာပဲ က်ယ္ေလာင္တဲ့ တံခါးပြင့္သံက သူမအာ႐ုံကို ဆဲြေခၚလိုက္တယ္။ အသက္ႏွစ္ဆယ္ေက်ာ္႐ွိၿပီထင္ရတဲ့ မိန္းမႀကီးနဲ႔ အသက္သံုးဆယ္ဝန္းက်င္ ႐ွိၿပီထင္ရတဲ့ ေယာက်္ားႀကီးဟာ အခန္းထဲကို အေလာတႀကီးဝင္လာၿပီး သူမခုတင္ေဘးမွာ ရပ္လိုက္တယ္။
မိန္းမႀကီးဟာ ဆံပင္အမည္းေရာင္႐ွိၿပီး လွပတဲ့ အသြင္႐ွိတယ္။ေယာက်္ားႀကီးကေတာ့ ေခ်ာကလက္ေရာင္ အသားအေရနဲ႔ ေအးစက္တဲ့ အမူရာ႐ွိတယ္။ဒါေပမယ့္ ခုေတာ့ ေအးစက္တဲ့ ဟန္ပန္ကို မေတြ႔ရဘဲ စိုးရိမ္မႈေတြ စိတ္ခ်ရမႈေတြနဲ႔ ဝမ္းသာတဲ့ဟန္ကိုသာ သူ႔မ်က္ဝန္းမွာ ႐ွိေနခဲ့တယ္။
"အိုး ငါ့အခ်စ္ကေလးေလး ။အဆင္ေျပရဲ႕လား။ နာေနတဲ့ေနရာေတြ ႐ွိေသးလား။အေမ့ကိုေျပာ။''
"ကေလးငယ္ ဘယ္လိုေနေသးလဲ။တခုခု လိုအပ္တာ ႐ွိေသးလား''
သူတို႔ဟာ မရပ္မနား ေျပာေနၾကတယ္။ေကာင္မငယ္ေလးဟာ ဒီတိုင္းထိုင္ေနရင္းက စိတ္ထဲမွာ ႐ႈပ္ေထြးေနမိတယ္။
'သူတို႔ေသသြားၾကၿပီ မဟုတ္လား။သူတို႔ဟာ သူမရဲ႕ ျဖဴစင္မႈကို သက္ေသျပဖို႔အတြက္ သူမအသက္ကို သူတို႔အသက္နဲ႔ လဲၿပီး ေသသြားခဲ့ရၿပီ မဟုတ္လား။'
"ဘာေၾကာင့္ ဒီမွာ ႐ွိေနတာလဲ''သူမဟာ သူတို႔မၾကားႏိုင္ေလာက္ေအာင္ တိုးလြန္းလွတဲ့ အသံနဲ႔ ေရရြတ္လိုက္တယ္။ဘာေၾကာင့္ သူမ မိဘေတြဟာ သူမမ်က္စိေ႐ွ႕မွာ ေရာက္ေနတာလဲ။
"သမီး အိမ္မက္မက္ေနတာလား။သမီး ေသသြားခဲ့ၿပီလား။သမီး အခု ေကာင္းကင္ဘံုမွာလား'' သူမကိုယ္သူမ ႐ႈပ္ေထြးၿပီး ေမးလိုက္တယ္။
"ကေလးရယ္ သမီးက အခု အေမတို႔နဲ႔ ေကာင္းေကာင္း ႐ွိေနၿပီး အသ္႐ွင္ပါေသးတယ္''သူမ အေမဟာ သူမေယာက်္ားကို တခ်က္ၾကည့္ၿပီး သူမကို ျပန္ေျဖလာတယ္။
"အမွန္ပဲ။သမီးက ျမင္းေပၚက ျပဳတ္က်႐ုံေလးပါပဲ။ဘာမွ ဆိုးဆိုးဝါးဝါး မျဖစ္ပါဘူး။ ဆရာဝန္ကလည္း သမီး ဒဏ္ရာ ေသးေသးေလးပဲ ရတာလို႔ ေျပာတယ္။''သူမအေဖဟာ သူမ ဆံပင္ေတြကို သပ္ေပးရင္းနဲ႔ ေျပာလာတယ္။
"ဟုတ္တယ္ ဒါေပမယ့္ သမီးက ႐ုတ္တရက္ အဖ်ားႀကီးလာၿပီး ဒီသံုးရက္လံုးလံုး သတိေမ့ေနခဲ့တာ။အေမတို႔က သမီးကို သိပ္စိတ္ပူေနမိတာ ကေလးရဲ႕'' သူမအေမဟာ သူအပူခ်ိန္ကို သိဖို႔ရာ အတြက္ သူမနဖူးေပၚ လက္ဖဝါ တင္တာ စမ္းရင္းနဲ႔ ဆက္ေျပာလာတယ္။
"ျမင္း?အဖ်ား?သံုးရက္? သူမဟာ သူမကိုယ္သူမ ေရရြတ္လိုက္တယ္။ မျဖစ္ႏိုင္တာ။သူမက ၿမိဳ႕ေတာ္မွာပါ။သူမမွတ္မိသေလာက္ဆိုရင္ သူမ ျမင္းေပၚကျပဳတ္က်ခဲ့တာ မဟုတ္ဘူး။ တာဝါေပၚက ျပဳတ္က်ခဲ့တာ။
သူမ အမွတ္တရနဲ႔ သူမ ရင္ဘက္နားက အထိုးခံရတဲ့ ေနရာကို ၾကည့္လိုက္တယ္။ဒါေပမယ္ အမာရြတ္႐ွိမေနခဲ့ဘူး။ ျခစ္ရာ ေသးေသးေလးေတာင္ ႐ွိမေနခဲ့ဘူး။
ေနာက္ၿပီး သူမရဲ႕ လက္ေမာင္းေတြဟာ ေသးလြန္းေနတယ္။ သူမရဲ႕ လက္ေတြဟာလည္း ေသးၿပီး ျပည့္ျပည့္ေဖာင္းေဖာင္း ေလးေတြျဖစ္ေနတယ္။ သူမကိုယ္ သူမ ေသခ်ာၾကည့္႐ႈလိုက္တယ္။ ေနာက္ဆံုးအေနနဲ႔ သူမေျခေထာက္ေတြကို ၾကည့္လိုက္တဲ့ခါမွာေတာ့ ေသးငယ္ၿပီး တိုေတာင္းတဲ့ ေျခေထာက္ငယ္ေလး တစံုကို ေတြ႔လိုက္ရတယ္။
"ဘာရယ္ ငါကအခု ကေလးအရြယ္ ျပန္ေရာက္လာတာလား''
႐ုတ္တရက္ နားလည္သြားမႈနဲ႔အတူ သူမဟာ ေ႐ွာ့ခ္ရသြားၿပီး အဖ်ားတတ္ကာ အိမ္ေတာ္ကိုတဖန္ အလုပ္႐ႈပ္ေစခဲ့ျပန္တယ္။
Unicode
အိမ်တော်ဝန်းရဲ့ အရှေ့ဘက်ခြမ်း
နေရောင်ခြည်ဖျဖျလေးဟာ ကျက်သရေရှိစွာ တည်ရှိနေတဲ့ အိမ်တော်သခင်မလေးရဲ့ အခန်းထဲကို ထိုးဖောက်
ဖြာကျနေတယ်။
ပူပြီး လင်းလွန်းတယ်။ တခြားစကားလုံးသုံးရမယ်ဆိုရင် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းတယ်။
ကြက်သွေးရောင် မျက်နှာကျက်တွေရှိတဲ့ အခန်းရဲ့ ပြတင်းပေါက်တွေကနေ ဝင်ရောက်လာတဲ့ နေရောင်ခြည်ကြောင့် ခုတင်ပေါ်မှာရှိနေတဲ့ ကောင်မလေးရဲ့ လိပ်ပြာပုံစံ အနက်ရောင် မျက်တော်ရှည်တွေဟာ တဖြည်းဖြည်းနဲ့ လှုပ်ခတ်လာတယ်။
ကလေးမလေးရဲ့ လှုပ်ရှားမှုသေးသေးလေးကို မြင်လိုက်ရတဲ့ အစေခံဝတ်စုံဝတ်ထားတဲ့ မိန်းမငယ်လေးဟာ စိုးရိမ်ပူနေတဲ့ မျက်နှာနဲ့ အိပ်ရာဘေးကို ချက်ခြင် ရောက်လာတယ်။
"သခင်မလေး အဆင်ပြေရဲ့လား။ ဘယ်လိုခံစားနေရသေးလဲ''
သခင်မလေး? ဒီမိန်းမငယ်လေး ဘာကို ဆိုလိုနေတာလဲ။
ကလေးမလေးက ပတ်ဝန်းကျင်ကို လေ့လာရင်း အသံတိတ် ရေရွတ်လိုက်လိုက်တယ်။
'ငါ ပြုတ်ကျရာက အကယ်ခံလိုက်ရတာလား။ အထိုးခံရတဲ့ ဒဏ်ရာကရော '
"သခင်မလေး တခုခု လိုသလား'' အစေခံမလေးဟာ
တတွတ်တွတ် ရွတ်နေတုန်းပဲ။ ''အာ သခင်မလေး ရေသောက်ချင်လား''
ဟုတ်တယ် ရေ ။ပထဆုံး ငါအတော် ရေဆာနေတယ်။
သူမ ခေါင်းကို ဖြည်းဖြည်း ညိတ်ပြလိုက်တယ်။သူမ
အတော်ကြာ အိပ်ရာပေါ်က မထခဲ့သလိုမျိုး မူးဝေခြင်းကို ခံစားနေရတယ်။
အစေခံမလေးဟာ သူမဆီက ခွင့်ပြုတဲ့ အမူအရာ ကိုမြင်လိုက်လျှင်ပဲ ရေကရားတခုကို အလျှင်အမြန် ယူလာလိုက်တယ်။ သူမလည်း ခြောက်သွေ့နေတဲ့ လည်ချောင်းအတွက် ရေအနည်းငယ်သောက်လိုက်ပြီးနောက် လည်ချောင်ရှင်းလိုက်ပြီး မေးလိုက်တယ်။
'' ငါ ဘယ်ရောက်နေတာလဲ''
" သခင်မလေးက အခု အိမ်တော် အခန်းထဲမှာပါ သခင်မလေး။သခင်မလေး မြင်းပေါ်က ပြုတ်ကျပြီး အပြင်းဖျားနေခဲ့တာ။အိုးးး ဟုတ်သားပဲ။သခင်မလေး အဖေနဲ့ အမေက သိပ်စိတ်ပူနေကျတာ။သူတို့ကို သွားပြောပြီး ခေါ်လာခိုင်းလိုက်ဦးမယ်။'' သူမက ငွေရောင်ရှိတဲ့ အံဆွဲ။စားပွဲတွေနဲ့ ငွေရောင် တံခါးတွေကိုတိုက်ရင်း ပြောနေပြန်တယ်။
အခန်းပိုင်ရှင်ဟာ ငွေရောင်ကို အတော်ကြိုက်နှစ်သက်ပုံပေါ်တယ်။သူမကိုယ်သူမ လှဲလှောင်းနေရာကနေ ထပြီး သူမနဲ့ ရင်းနှီးသလိုရှိနေတဲ့ အခန်းပတ်ဝန်းကျင်ကို လေ့
လာလိုက်တယ်။
ဘာလဲဟ။ဘာလို့ ဒီအခန်းက ငါ့အရင်အခန်းဟောင်းနဲ့ တူနေတာလဲ။ ဒီခွေးကောင်က အခန်းတွေကို ပြောင်းထားတာလား။
သူမ ဆက်ပြီးလေ့လာနေတုန်းမှာပဲ ကျယ်လောင်တဲ့ တံခါးပွင့်သံက သူမအာရုံကို ဆွဲခေါ်လိုက်တယ်။ အသက်နှစ်ဆယ်ကျော်ရှိပြီထင်ရတဲ့ မိန်းမကြီးနဲ့ အသက်သုံးဆယ်ဝန်းကျင် ရှိပြီထင်ရတဲ့ ယောက်ျားကြီးဟာ အခန်းထဲကို အလောတကြီးဝင်လာပြီး သူမခုတင်ဘေးမှာ ရပ်လိုက်တယ်။
မိန်းမကြီးဟာ ဆံပင်အမည်းရောင်ရှိပြီး လှပတဲ့ အသွင်ရှိတယ်။ယောက်ျားကြီးကတော့ ချောကလက်ရောင် အသားအရေနဲ့ အေးစက်တဲ့ အမူရာရှိတယ်။ဒါပေမယ့် ခုတော့ အေးစက်တဲ့ ဟန်ပန်ကို မတွေ့ရဘဲ စိုးရိမ်မှုတွေ စိတ်ချရမှုတွေနဲ့ ဝမ်းသာတဲ့ဟန်ကိုသာ သူ့မျက်ဝန်းမှာ ရှိနေခဲ့တယ်။
"အိုး ငါ့အချစ်ကလေးလေး ။အဆင်ပြေရဲ့လား။ နာနေတဲ့နေရာတွေ ရှိသေးလား။အမေ့ကိုပြော။''
"ကလေးငယ် ဘယ်လိုနေသေးလဲ။တခုခု လိုအပ်တာ ရှိသေးလား''
သူတို့ဟာ မရပ်မနား ပြောနေကြတယ်။ကောင်မငယ်လေးဟာ ဒီတိုင်းထိုင်နေရင်းက စိတ်ထဲမှာ ရှုပ်ထွေးနေမိတယ်။
'သူတို့သေသွားကြပြီ မဟုတ်လား။သူတို့ဟာ သူမရဲ့ ဖြူစင်မှုကို သက်သေပြဖို့အတွက် သူမအသက်ကို သူတို့အသက်နဲ့ လဲပြီး သေသွားခဲ့ရပြီ မဟုတ်လား။'
"ဘာကြောင့် ဒီမှာ ရှိနေတာလဲ''သူမဟာ သူတို့မကြားနိုင်လောက်အောင် တိုးလွန်းလှတဲ့ အသံနဲ့ ရေရွတ်လိုက်တယ်။ဘာကြောင့် သူမ မိဘတွေဟာ သူမမျက်စိရှေ့မှာ ရောက်နေတာလဲ။
"သမီး အိမ်မက်မက်နေတာလား။သမီး သေသွားခဲ့ပြီလား။သမီး အခု ကောင်းကင်ဘုံမှာလား'' သူမကိုယ်သူမ ရှုပ်ထွေးပြီး မေးလိုက်တယ်။
"ကလေးရယ် သမီးက အခု အမေတို့နဲ့ ကောင်းကောင်း ရှိနေပြီး အသ်ရှင်ပါသေးတယ်''သူမ အမေဟာ သူမယောက်ျားကို တချက်ကြည့်ပြီး သူမကို ပြန်ဖြေလာတယ်။
"အမှန်ပဲ။သမီးက မြင်းပေါ်က ပြုတ်ကျရုံလေးပါပဲ။ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ ဆရာဝန်ကလည်း သမီး ဒဏ်ရာ သေးသေးလေးပဲ ရတာလို့ ပြောတယ်။''သူမအဖေဟာ သူမ ဆံပင်တွေကို သပ်ပေးရင်းနဲ့ ပြောလာတယ်။
"ဟုတ်တယ် ဒါပေမယ့် သမီးက ရုတ်တရက် အဖျားကြီးလာပြီး ဒီသုံးရက်လုံးလုံး သတိမေ့နေခဲ့တာ။အမေတို့က သမီးကို သိပ်စိတ်ပူနေမိတာ ကလေးရဲ့'' သူမအမေဟာ သူအပူချိန်ကို သိဖို့ရာ အတွက် သူမနဖူးပေါ် လက်ဖဝါ တင်တာ စမ်းရင်းနဲ့ ဆက်ပြောလာတယ်။
"မြင်း?အဖျား?သုံးရက်? သူမဟာ သူမကိုယ်သူမ ရေရွတ်လိုက်တယ်။ မဖြစ်နိုင်တာ။သူမက မြို့တော်မှာပါ။သူမမှတ်မိသလောက်ဆိုရင် သူမ မြင်းပေါ်ကပြုတ်ကျခဲ့တာ မဟုတ်ဘူး။ တာဝါပေါ်က ပြုတ်ကျခဲ့တာ။
သူမ အမှတ်တရနဲ့ သူမ ရင်ဘက်နားက အထိုးခံရတဲ့ နေရာကို ကြည့်လိုက်တယ်။ဒါပေမယ် အမာရွတ်ရှိမနေခဲ့ဘူး။ ခြစ်ရာ သေးသေးလေးတောင် ရှိမနေခဲ့ဘူး။
နောက်ပြီး သူမရဲ့ လက်မောင်းတွေဟာ သေးလွန်းနေတယ်။ သူမရဲ့ လက်တွေဟာလည်း သေးပြီး ပြည့်ပြည့်ဖောင်းဖောင်း လေးတွေဖြစ်နေတယ်။ သူမကိုယ် သူမ သေချာကြည့်ရှုလိုက်တယ်။ နောက်ဆုံးအနေနဲ့ သူမခြေထောက်တွေကို ကြည့်လိုက်တဲ့ခါမှာတော့ သေးငယ်ပြီး တိုတောင်းတဲ့ ခြေထောက်ငယ်လေး တစုံကို တွေ့လိုက်ရတယ်။
"ဘာရယ် ငါကအခု ကလေးအရွယ် ပြန်ရောက်လာတာလား''
ရုတ်တရက် နားလည်သွားမှုနဲ့အတူ သူမဟာ ရှော့ခ်ရသွားပြီး အဖျားတတ်ကာ အိမ်တော်ကိုတဖန် အလုပ်ရှုပ်စေခဲ့ပြန်တယ်။

She become a passive villainess-not(trans)Where stories live. Discover now