A Pair Of Monstersအဲ့နောက်တော့ ရိုင်လ်ဟာ ရေအိုနာမိသားစုကနေ မွေးစားခံလိုက်ရပြီး အိမ်ထောင်စုရဲ့ ဆက်ခံသူအနေနဲ့ သင့်တော်စွာ လီယွန် အဖြစ် အမည်ပြောင်းလဲခဲ့တယ်၊၊နောက်ပြီး သူ့ဆံပင်တွေကိုလည်း အနက်ရောင်ဖြစ်အောင် ပြောင်းလိုက်တာမို့ အေဒီရာ သူ့ကို မသိတော့တာဟာ မထူးဆန်းလေဘူး၊၊
အခု သူ့ကိုယ်ထဲမှာ ရိုင်လ်ရဲ့ အရိပ်လေးတခုစာလောက်တောင် ပုံစံကျန်မနေတော့ဘူး၊၊လီယွန်ဟာ အများကြီးကို ပြောင်းလဲသွားခဲ့ပြီ၊၊လီယွန်နဲ့ အေဒီရာဟာ ထွက်ပေါက်ကနေထွက်လာခဲ့ပြီး အစောင့်အနည်းငယ်ပဲရှိတဲ့နေရာကို ဖြတ်ခဲ့ပြီးပြီ၊၊အေဒီရာဟာ သတိလစ်နေဆဲဖြစ်ပေမယ့် သူမရဲ့ အသိဥာဏ်ထဲမှာတော့ နာမည်တခုကိုပဲ တမ်းတမ်းတတနဲ့ နူးညံ့စွာမျက်ရည်အပြည့်နဲ့ ခေါ်ဆိုတမ်းတနေခဲ့တယ်၊၊
"ကေဆီ~~~"
...................
ထရီတန်ဟာ အေဒီရာရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သတ်ပြီး လူသူနည်းတဲ့ လျောက်လမ်း တစ်ခုမှာ တစ်ယောက်တည်း တွေးတောနေခဲ့တယ်၊၊
သူတစ်ယောက်တည်း အတွေးထဲ နစ်မြောနေစဉ်မှာဘဲ သူ့နေရာနဲ့နီးလာတဲ့ အလျင်လိုနေတဲ့ ဆူညံသော ခြေသံတွေကို ကြားလိုက်ရတယ်၊၊နောက်တော့ သူဟာ သတိလစ်နေတဲ့ အေဒီရာကို ပွေ့ဖက်သယ်ဆောင်ထားတဲ့ ကေဆီမီရာရဲ့ဘေးကလူဖြစ်သူ ရေအိုနာမိသားစုရဲ့ ဆက်ခံသူ လီယွန်ကို တွေ့လိုက်ရတယ်၊၊
"လီယွန်..."သူခေါ်လိုက်တဲ့အခါမှာတော့ ထိုသူက တန့်သွားတယ်၊၊
သူ့အနေနဲ့ ထရီတန်နဲ့ ထိတ်တိုက်တိုးတာ ကံမကောင်းတာပဲ၊၊ဒါပေမယ့် ထရီတန်က အခု အခြေအနေတွေကို ဘာမှ မသိသေးတာကြောင့် သူ သူ့ကို လှည့်စားလို့ ရနေသေးတယ်၊၊
"သခင်လေး ဒလယ်ဗားရစ်..""မင်း ဘာလုပ်နေတာလဲ၊၊အေဒီရာကို ဘယ်သယ်သွားမလို့လဲ၊၊ သူမ ဘာဖြစ်လို့လဲ"
"သူမ စိုးရိမ်ဖွယ် အဖျားကြီးနေလို့ပါ၊၊အရှင်မင်းသားက သူမကို အနီးဆုံး ကုသသူထံကို ပို့ဖို့ အမိန့်ပေးထားပါတယ်၊၊အဲ့ဒါကြောင့် ခွင့်ပြုပါဦး ..သခင်လေး.."
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။