Going back to see father

873 132 0
                                    

     Going back to see father

       ကျန်တဲ့ နှစ်ရက်စလုံးမှာတော့ အေဒီရာဟာ ကျောင်းတော်မှာ အိုင်းရစ်ရဲ့ ဖန်တီးမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို မသိဘဲ ပီတာနဲ့ ဟွာတို့ရဲ့ဆိုင်မှာ ကူလုပ်ပေးရင်း အချိန်ဖြုန်းနေခဲ့တယ်။ဒါက အိုဝင်ကို ပျော်ရွှင်စေပြီး စတီဖန်ကိုလည်း ဝမ်းမြောက်စေတယ် ။
     
     နောက်ဆုံးတော့ ဒီဆိုင်ကိုလာတာက သူမလေးကို ရှာဖို့ အလွယ်ဆုံးနည်းပဲ။
    
    "အရှင်မင်းသား ဒီကို ဘာလို့ ထပ်ရောက်လာရပြန်တာပါလဲ"အေဒီရာဟာ သူမှာထားတာတွေကို ချပေးရင်းက မေးလိုက်တယ်။
    
      ဒီလူက သူမကို စိတ်အနှောက်အယှက်ပေးခဲ့သော်လည်း သူမအနေနဲ့ အငြိုးထားပြီး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံမယ်ဆိုရင်  ကျင့်ဝတ်စည်းကမ်းတွေနဲ့ နေထိုင်သင်ယူလာခဲ့သော သူမနာမည်ကို အရှက်ကြီးကြီးရစေလိမ့်မည်။နောက်ပြီး သူမဒီလိုခေါ်တာကလည်း သူပြောခဲ့တာနဲ့ပတ်သတ်ပြီး စလိုတာရယ်ရော သူ့နာမည်ပြောင်အနေနဲ့ရော အသားကျနေခဲ့ပြီဖြစ်တယ်။
       
      "ဘာလဲ။ငါ ဒီကို စားဖို့လာတာပေါ့။မင်းက ဘာလို ဒီလိုမေးရတာလဲ"သူက သူ ခဏတိုင်းလာနေတာကို အရေးမစိုက်ဟန် ပြန်ဖြေလိုက်တယ်။
   
     အေဒီရာဟာ သက်ပြင်းချလိုက်ပြီး ထပ်မေးလိုက်တယ်"ရှင့်မှာ ကျောင်းသွားစရာ မရှိဘူးလား"
      
     "ငါ မင်းကို ပြောခဲ့သားပဲ။ငါက တခြားနိုင်ငံမှာ ပညာသင်ပြီး ပြန်လာတာလို့။အဲဒီမှာ တစ်နှစ်ဆက်တိုက်တာင် လေ့လာသင်ယူခဲ့ရတာ။အနည်းဆုံးတော့ ငါ နားချိန်ရသင့်တယ်မို့လား။မဟုတ်ဘူးလား"သူက အလိုလိုက်ခံရတဲ့ ကလေးတယောက်လို ငြီးငြူပြောဆိုလာခဲ့တယ်။
      
    "ဟုတ်ပါပြီ။ဟုတ်ပါပြီ."အေဒီရာက ဖြတ်ပြောလိုက်ပြီး အဓိက ကျတာကိုပဲ နားထောင်လိုက်တယ်။
    
      ဒါဆို သူက တကယ်ပဲ ပညာသင်ကျောင်းသားလား။သူက က တကယ်ပဲ ထက်မြက်တဲ့သူ ဒါမှမဟုတ် မျိုးရိုးမြင့်သူ ဖြစ်လောက်တယ်။
     သူက တကယ်ပဲ ဒုတိယမင်းသားတော့ မဟုတ်လောက်ပါဘူးနော်။သူက ငါနဲ့ ရွယ်တူလောက်ပဲဆိုတာကို သိပေမယ့် ငါသူ့ကို တခါမှတော့ မတွေ့ဖူးသေးဘူး။ငါကြားတာကတော့ သူက အေးစက်လှတဲ့ ပထမမင်းသားနဲ့ ဆန့်ကျင်စွာ နေရောင်လို တောက်ပတက်ကြွသူတဲ့။
   
      စိမ်းပြာရောင်မျက်ဆံတွေရှိပြီး အနက်ရောင်ကိုမှ အဖျားမှာ ငွေရောင်တွေစပ်ထားသလို ဆံပင်တွေရှိတဲ့သူကို ကြည့်ရင်း အေဒီရာဟာ တွေးနေခဲ့တယ်။သူ့မှာ သူမတို့စတွေ့တဲ့ ပုံစံမျိုးသာမရှိခဲ့ရင် သူဟာ မင်းသားဟု သူမ အကြွင်းမဲ့ ယုံကြည်မိမှာပင်။
     
      ဟင်းးကေဆီရော ခုနေ ကျောင်းမှာ ဘာတွေများလုပ်နေမလဲသိချင်လိုက်တာ။နက်ဖြန်က နားရက်နောက်ဆုံးဆိုတော့ ငါလည်း ကျောင်းကို ပြန်ရတော့မှာဘဲ။
     
      သူ့ကို ကြည့်ကာ သက်ပြင်းချနေတာကြောင့် စတီဖန်ဟာ သူ့ကို အေဒီရာက အကဲခတ်နေသလို ခံစားလိုက်ရပြီး အလျန်အမြန်ပြောလိုက်တယ်။
        "မင်း ဘာပဲ တွေးနေနေ ငါက မင်းတွေးနေတာထက် ဆယ်ဆပိုသာ ပိုကောင်းတယ်"
       
       "ကျွန်မက!သိပ်ကာကွယ်တတ်လွန်းတာပဲ အရှင်မင်းသား။ဘာပဲ ဖြစ်ဖြစ် မနက်ဖြန်ကစပြီး ရှင်ကျွန်မကို တွေ့နိုင်မှာ မဟုတ်တော့ဘူး။ရှင်က ကျွန်မကို အနှောက်အယှက်ဖြစ်စေဆုံးဆိုပေမယ့် နှုတ်ဆက်စကားပြောသင့်တယ်လို့ ယူဆလို့"
     
     : "ဘာရယ်!ဘာလို့လဲ?မင်း အဝေးကို သွားတော့မလို့လား"သူက စွန့်ပစ်ခံလိုက်ရတဲ့ခွေးကလို ချစ်ဖို့ကောင်းစွာ ခက်ရင်းကို ဆုပ်ကိုင်ရင်းက ဝမ်းနည်းစွာမေးလာတယ်။
       
         ဘာလဲဟ?

She become a passive villainess-not(trans)Where stories live. Discover now