Father's gratitudue

849 130 0
                                    

     A Father's gratitude

           "ရှင် ဘာလုပ်မလို့လဲ"
       ကေဆီမီရာဟာ သူ့အပေါ်ထပ် ကုတ်အင်္ကျီကို ချွတ်ဖို့လုပ်လိုက်တာကို သတိထားမိပြီး အေဒီရာက မေးလိုက်သည်။
             "မင်းကို ခြုံပေးမလို့"
            သူ တကယ်ပါပဲ
               "အိုးးးကေဆီ ရှင်က ဒီလိုအချိန်တွေကို သိပ်ချစ်ကောင်းတာပဲ။ဒါပေမယ့် ကျွန်မ ဒါကိုမလိုပါဘူး။"
           သူမက ပြောလိုက်ပြီး သူ့အင်္ကျီကို ပြန်ပြင်ဆင်ပေးလိုက်တယ်။သူမ အကောင်းဆုံး ပြင်ပြီးချိန်မှာတော့ သူက အသစ်တစ်ယောက်လိုမျိုး ကြည့်ကောင်းသွားတယ်ဆိုတာ သူမရဲရဲပြောရဲသည်။
                 "ကဲ ပြီးပြီ။ရှင်က ဒီမှာ အခန့်ညားဆုံးလူသားပဲ"
            သူ့ကိုကြည့် ရင်ဘက်ကို ပုတ်ရင်းက သူမက ပြုံးစစနှင့် မှတ်ချက်ပြုလိုက်တယ်။
                  "ကိုယ်က အပေါ်ကုတ်မပါရင် မချောတော့ဘူးလား"
                  "သေချာပေါက်ပေါ့"
           သူမက တုံ့ဆိုင်းခြင်းမရှိ ဖြေကြားလိုက်တာကြောင့် ပတ်ဝန်းကြည်လေထုက ရုတ်တရက် အေးစက်လာခဲ့တယ်။
          သူမ ဒါကို အရေးမစိုက်ဟန်ပခုံးတွန့်လိုက်ပြီး သူ့ရဲ့ တခြားစီဖြစ်နေသော အင်္ကျီအစွန်းဖက်တွေကို ဆွဲလိုက်ကာ သူ့နေရာသူဖြစ်စေပြီး ထပ်ပြောလိုက်တယ်။
                  "ရှင်က သေချာပေါက်သရေကျစရာလေးပဲ သိရဲ့လား။ကျွန်မလို အားနွဲ့တဲ့ မိန်းမငယ်လေးက ရှင့်ကိုခုန်အုပ်ဖို့ချောင်းနေတဲ့ မိန်းကလေးအများကြီးကို ဘယ်လို ဟန့်တားရမလဲ မသိနိုင်အောင်ကိုပဲ"
             Damn ဒီနေ့ရဲ့ ခွေးစာကလည်း အဆင့်အရမ်းမြင့်တာပဲ။
             သူတို့ကို ကြည့်နေကြတဲ့ လူတွေဟာ မျက်လုံးတို့မှ မျက်ရည်တို့ ကျတော့မလို နားတို့သွေးထွက်မလို ခံစားလိုက်ရတယ်။
            ကေဆီမီရာက အေဒီရာကို အမျိုးမျိုးသော အဆင့်မြင့်ခေါင်းဆောင်တွေနှင့် မိတ်ဆက်ရာဆီကို အတူခေါ်သွားသည်။သူ့ပုံစံဟာ လွန်ခဲ့သော မိနစ်တွေနဲ့ မတူ နွေးထွေးပြူငှာပုံ ပေါ်နေလေတယ်။
            အေဒီရာ အနေနဲ့လည်း ဒီလို ဆွဲခေါ်သွားခြင်းအတွက် စိတ်မရှိလေဘူး။ဒါက သူမအတွက်လည်း အကျိုးရှိသည်ပဲ။ဒီလိုနည်းနှင့် သူမဟာ ဒီမိသားစုများနှင့် မိတ်ဆက်ပြီး ဖြစ်သွားသလို အာဏာနှင့်ပတ်သတ်ပြီး ထိုမိသားစုခေါင်းဆောင်တွေနှင် ချိတ်ဆက်နိုင်ပေမည်။
           သေချာပေါက် တိုင်းပြည်ကို သေချာပေါက် အကျိုးပြုနိုင်မည့်သူများနဲ့ပေါ့။
          ပြီးတော့ အဲ့ထဲက တစ်ယောက်ဟာ အခု သူမရှေ့မှာ ရှိနေသည်။
              "အရှင်မင်းသား"
           လူငယ်ဟာ ကေဆီမီရာကို အရိုအသေပြုလာပြီး ကေဆီမီရာ ဘာမှမပြောခင်အထိ ထိုပုံစံကို မပြောင်းလဲလေဘူး။ကေဆီမီရာက အမူအရာပြလိုက်သော အခါမှသာ သူက ပုံမှန်ပုံစံအတိုင်း ပြန်နေလိုက်တယ်။
            "အေဒီရာ  သူက ဝီလီယမ်ဘလက်ဝုစ်"
          ကေဆီမီရာက အေဒီရာကို ရိုးရိုရှင်းရှင့်တိုတိုတုတ်တုတ်ပြောကာ မိတ်ဆက်ပေးလိုက်တယ်။
          သူယုံကြည်ရသူအနည်းငယ်ထဲက လူတယောက်ကို မိတ်ဆက်ပေးတာ ဒီလောက်တောင် ရိုရှင်း တိုတောင်းရသလား။
          ဝီလီယမ်ဟာ စိတ်ကောက်သလိုပါးတို့ဖောင်းလိုက်ကာ မချိပြုံးပြုံးလိုက်တော့တယ်။နောက်တော့ သူဟာ အေဒီရာရှေ့မှာ ရိုသေသမှုနှင့် ဒူးတစ်ဖောက်ထောက်ကာ သတိုဝန်တိုတတ်လွန်းပါသော မင်းသားငယ်၏အမျက်ဒေါသကြောင့် သူ၏အသက်ကို ညှာတာလိုစွာ သူမလက်ဖမိုးကို မထိသော အနမ်းတုတစ်ခုပေးကာ နှုတ်ဆက်လိုက်တယ်။
             "ကျွန်တော်မျိုး မားကွတ်စ် ဘလက်ဝုစ်၏သားကြီး ဝီလီယမ် ဘလက်ဝုစ်က သခင်မလေးကို နှုတ်ခွန်းဆက်ပါတယ်။"
          သူဟာ သူမကို နှုတ်ဆက်ပြီးပြီးချင်း မတ်တတ်ရပ်ရပ်ခြင်းမှာဘဲ စကားတွေ တရပ်စပ်ဆိုလာတော့သည်။
              "Wow!ကျွန်တော်မျိုး တကယ်ပဲ သခင်မလေးအနေနဲ့ ဒီလို ရေခဲတုံးလို အေးစက်တဲ့ မင်းသားကို ဘယ်လိုစကားပြောနိုင်လဲဆိုတာ အလွန်အံ့သြမိတာပါပဲ။ကျွန်တော် ဒါအတွက် သခင်မလေးကို လေးစားမိသွားပြီ"
          သိသာစွာနဲ့ အပူချိန်ရုတ်တရက် ကျဆင်းလာခြင်းနှင့်အတူ ကေဆီမီရာဟာ လက်သီးဆုပ်လိုက်ပြီး ဒီစကားများတဲ့သူကို ဘယ်လိုတိတ်အောင် လုပ်ရမည်ဆိုတာ စဉ်းစားနေမိသည်။ထို့အတူပဲ အေဒီရာဟာ မင်းသားရဲ့မကောင်းကြောင်းကို တရပ်စပ်ပြောနေသော ဝိလီယမ်အတွက် ကြောက့်ရွံ့စွာ ပြုံးလိုက်မိတယ်။
         သည်းမခံနိုင်တော့သော ကေဆီမီရာဟာ နောက်ဆုံးတော့ ဝီလီယမ်လ်ာပင်းဆီကို လက်လှမ်းဖို့ ကြံလိုက်စဉ်မှာပဲ အေဒီရာဟာ အချိန်မှီတားဆီးလိုက်လေတယ်။
              "လုံးဝ မဟုတ်ပါဘူး။အရှင်မင်းသားက တခြားသူတွေလိုပဲ စိတ်လှုပ်ရှားလွယ်ပြီး နွေးထွေးကြင်နာပါတယ်။ကျွန်မတွေ့ဖူးသမျှမှာ သူက အနွေးအထွေးဆုံး လူသားပါပဲ"
             သူစိတ်တိုနေချိန်က လွဲပြီး
        သူမဟာ သူမစကားကြောင့် ဂုဏ်ယူမှုနှင့် ပြုံးနေသော ကေဆီကို အားပါးတရပြုံးပြလိုက်တယ်။
                "ဒါက လုံးဝ လိမ်နေတာပဲ"
          ထိုသူ၏ မှတ်ချက်ပြုမှုကြောင့် အေဒီရာအပြုံးတို့ အေးခဲသွားတယ်။ဒီ စကားများတဲ့သူကို သူမ မျက်နှာသာဖြတ်ရိုက်ချင်တော့သည်။
           တစိတ်လောက် ရှင် တိတ်လေးနေပေးစမ်းပါ။ငါးစက္ကန့်လောက်ဖြစ်ဖြစ် တိတ်နေစမ်းပါ။ကျွန်မ ရှင့်ကို ကယ်ဖို့ ကြိုးစားနေတာကို မနှောင့်ယှက်ချင်စမ်းပါနဲ့။
           ကံကောင်းစွာနဲ့ ကေဆီမီရာဟာ ထိုစကားကို မကြားသွားခဲ့ဘူး။ဒါကြောင့် သူမက ဝီလီယမ်နောက်ထပ်ခုခုပြောပြီး မပေးဆပ်ရခင်မှာ ကေဆီမီရာကို သူ့အနားကနေ ခေါ်သွားဖို့ လုပ်လိုက်တယ်။
                 "ကောင်းပါပြီ။အသင့်ကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။အခုတော့ အရှင်မင်းသားအနေနဲ့ တခြားသူတွေကို ဧည့်ခံဖို့ လိုနေသေးတာကြောင့် ကျွန်မတို့ သွားလိုက်ပါဦးမယ်"
           ဒီလိုနဲ့ သူတို့ဟာ နေက်ထပ်တစ်နာရီလောက်ကို နှုတာဆက်စကားပြော ဧည့်ခံခြင်းတွေနဲ့ ကုန်ဆုံးလိုက်ရလေတယ်။
         နောက်ဆုံးတော ကေဆီမီရာဟာ သူမကို သူ့ဖခင် အရှင်မင်းကြီးကို နှုတ်ဆက်နိုင်ဖို့ရာ စင်မြင့်ကိုခေါ်သွားခဲ့တယ်။လှေကားတွေပေါ်မှာ သူမ ချော်မလဲစေဖိုရာအတွက် ကေဆီမီရာဟာ သဘာဝကျကျ လက်တွဲအဖော်ပြုပေးခဲ့တယ်။
        ထပ်ကြပ်မကွာ လိုက်နေတတ်တဲ့ သက်တော်စောင့်လိုမျိုးပဲ
              "အရှင်မင်းကြီး၊ အရှင်မနှင့် မင်းသားစတီဖန်တို့ကို နှုတ်ခွန်းဆက်သပါတယ်။ကျွန်တော်မျိုးမက ဆလယ်ဗားရစ်မြို့စားကြီး၏ သမီး အေဒီရာ ရေမီရာ အေရာ ဆလယ်ဗားရစ်ဖြစ်ပါတယ်။အရှင်တို့နှင့် ခုလို မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရတဲ့အတွက် လွန်စွာဝမ်းမြောက်မိပါတယ်"
             "ဘယ်လောက်တောင် လှပလိုက်တဲ့ ကလေးမလေးလဲ"
        အေသနာဆီးယပ်စ်က ရေရွတ်လိုက်ပြီး အနားကိုလာဖို့ရာ အမူအရာပြလိုက်တယ်။
         သူမက ကေဆီမီရာကို ကြည့်လိုက်ပြီး သူ့အမူအရာကိုလေ့လာလိုက်တယ်။သေချာပေါက် သူက မနှစ်သက်လေဘူး။
          ကျွန်မက ဘယ်လိုလုပ်ရမှာလဲကေဆီရဲ့။ သူက မင်းကြီးလေ။
               "Bah  သူ့ကို ဂရုစိုက်မနေနဲ့။အနားကိုလာခဲ့ သမီးလေး"
           သူမလေးက သားဖြစ်သူကို ခွင့်ပြုချက်တောင်းသလိုကြည့်နေတာကြောင့် သူက ကေဆီမီရာကို လစ်လျူရှုဖို့ ပြောလိုက်တယ်။
           အေဒီရာဟာ သူမအား သမီးဟု အလွယ်တူခေါ်လိုက်တာကြောင့် တောင့်တင်းပြီး မျက်လုံးတို့ ပြူးကျယ်သွားလေတယ်။
          Well ဒီမိသားစုက တကယ်ပဲ အပိုင်နေရာတွေ ယူရတာကို နှစ်သက်ကြတာပဲ။
          အေဒီရာကို သူ့အနားကနေခေါ်နေသော ဖခင်ဖြစ်သူကို မကျေမနပ်ဖြစ်နေသော ကေဆီမီရာဟာ ဖခင်ဖြစ်သူ၏ သူမအပေါ် အခေါ်အဝေါ်ကို ကြားတဲ့အခါ စိတ်ပျော်သွားလေတယ်။သူက ရုတ်တရက်ပဲ သူ့သဘောထားကိုပြောင်းလိုက်ပြီး
သူမကို ဖခင်အနား ပို့ပေးလိုက်တယ်။  
                 "သွား မင်းက ဧည့်သည်တွေကို သွားဧည့်ခံချည်တော့"
          ဘုရင်ကြီးက ပြောပြီး သူ့ကိုအဝေးပို့လိုက်တယ်။
         
          အေဒီရာ၏ အလှအောက်မှာ နစ်မြူးနေသာစတီဖန်၏ မျက်ဝန်းတို့ဟာ သူမမျက်လုံးတို့နှင့် ရုတ်ရက်ဆုံမိသွားပြီး အဲ့ဒီတခဏမှာပဲ သူ့တကိုယ်လုံး ပူရှိန်းရှိန်းခံစားလိုက်ရတယ်။သူဟာ ရှက်စိတ်ကြောင့် ရှက်ရမ်းရမ်းကာ ဖခင်ဖြစ်သူကို ကေဆီမီရာနှင့်အတူ တခြားဧည့်သည်တွေကို ဧည့်ခံသွားရန်ခွင့်တောင်းလိုက်ပြီး သူ ခွင့်ပြုမပြုမပြောခင်မှာဘဲ ကေဆီမီရာ လက်ကိုဆွဲကာ ထွက်လာလိုက်တယ်။
          သူရွေးချယ်ခဲ့သောအေဒီရာဟာ သူ့အကိုကြီး၏ ကြင်ယာတော် ဖြစ်နေခဲ့သည်။
          သူမဟာ ဒီလို ရေခဲတုံးကဲ့သို့ သူ့အကိုကို အရည်ပျော်အောင် လုပ်နိုင်ခဲ့တာ သံသယဝင်စရာတောင် မလိုလေဘူး။သူမက တကယ်ပဲ မျက်စိထဲစွဲမက်ဖွယ် ဆွဲဆောင်မှုရှိပြီး လှပ-------
               "ငါ့ ကြင်ယာတော်အကြောင်းကို ဒီလို သိသိသာသာ မတွေးနေပါနဲ့"
         အေးစက်တဲ့ အသံက သူ့အတွေးကို ဖြတ်ပစ်လိုက်ပြီး သူ့ကျောကို တောင့်တင်းသွားစေခဲ့ တယ်။ဒီအသံလေးကတင် သူ့အနေနဲ့ အရင်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကို ချက်ခြင်းသတိရမိသွားစေဖို့ လုံလောက်လေတယ်။
                "ဘယ်...ဘယ်သူက..ဘယ်..ဘယ်သူ့အကြောင်းကို တွေး....တွေးနေလို့လဲ။ဒီလိုမျိုး မ...မခြောက်လန့်ပါနဲ့ အကိုတော်"
         ကေဆီမီရာဟာ ညီဖြစ်သူကို မယုံကြည်သလို ကြည့်လိုက်ပေမယ့် သူကရှေ့ဆက်မပြောလေဘူး။
         ညီဖြစ်သူမှမဟုတ်ဘဲ အားလုံးက သူ့ကြင်ယာတော်ကို အကြည့်တို့စုပုံပြီး မျက်စိကျနေတာပဲမဟုတ်လား။
         အဲ့အချိန်မှာတော့ အရှင်မင်းကြီးအနားမှာ တယောက်တည်းကျန်ခဲ့တဲ့ အေဒီရာဟာစိတ်လှုပ်ရှားနေခဲ့တယ်။
          သူမဟာ ယုံကြည်မှုအပြည့်ရှိသူဆိုပေမည့် အရှင်မင်းကြီးလည်းဖြစ် သူမကြင်ယာတော်၏ဖခင်ဖြစ်သူဆိုသော ဖိအားနှင့်ကတော့ နည်းနည်းကွားခြားတဲ့ အခြေအနေမဟုတ်ပါလား။
                "အ...အရှင်မင်းကြီး"
          သူမကို ကြည့်ပဲကြည့်နေပြီး စကားပြောမလာတဲ့ မင်းကြီးကို ခေါ်လိုက်တယ်။
                 "မင်းက တကယ်ကိုပဲ ဆွဲဆောင်မှုရှိပြီး လှပတာပဲ။မင်းက ယောက်ျာသားတွေအားလုံးက မင်းကို ကာကွယ်ပေးလိုစိတ်ဖြစ်ပေါ်လာစေတယ်။ဒါပေမယ့် မင်းက ဒီလောက်မရိုရှင်းဘူး ဟုတ်တယ်မို့လား။မင်းမှာ စွမ်းအားတွေရှိတယ်။ဒီတိုင်းပြည်ကို ကိုယ်တော် လုပ်ခဲ့တာထပ် ပိုပြီးတောက်ပစေမယ့် စွမ်းအား တိုင်းပြည်မပျက်စီးအောင် ကာကွယ်နိုင်မယ့် စွမ်းအားတွေပေါ့။
            ပထမဆုံးအနေနဲ့ ကေဆီမီရာက မင်းကိုလိုချင်ခဲ့တယ်။မင်းက ပထမဆုံးခုလို သူ့ကို ဒီလိုဖြစ်လာအောင် လုပ်နိုင်စေခဲ့သူပါ။သူဟာ ပထဆုံးအနေနဲ့ မင်းကို သူ့ကိုယ်သူအတွက် ရွေးချယ်ခဲ့တယ်။မြတ်နိုးခဲ့တယ်။မင်းက သူ့ကို လူသားဆန်လာစေခဲ့တယ်။
            အဲဒီအတွက် ဖခင်တယောက်အနေနဲ့ မင်းကို ကျေးဇူးတင်မိပါတယ် သမီးငယ်"
        ဘုရင်ကြီးဟာ ပြောပြီး ရုတ်တရက်ဆန်စွာဘဲ ခက်ခက်ခဲခဲနဲ့ ခါးကိုကုန်းကာ သူမအား ဦးညွတ်လာလေတယ်။
         အေဒီရာဟာ ဘုရင်ကြီး၏ အပြုအမူကြောင့် လန့်သွားခဲ့ရတယ်။ဘယ်လိုလုပ် အားလုံးရဲ့ အထက်မှာရှိတဲ့ ဘုရင်ကြီးက သူမလို သူ့ထက်အဆင့်များစွာနိမ့်သူကို ခေါင်းညွတ်ရပါသလဲ။
               "အ...အရှင်မင်းကြီး  ခေါင်းကို မော့ပါ"
               "ကိုယ်တော်က ကိုယ်တော့်နှလုံးသားထဲက ကျေးဇူးတင်မှုကို ဖော်ပြတာပါ ကလေးလေးရဲ့"
                "မဟုတ်တာ။ကျွန်တော်မျိုးမက အရှင့်ကျေးဇူးတင်မှုကို မခံယူဝံ့ပါဘူး။တကယ်တော့ ကျွန်တော်မျိုးမကသာ အရှင့်ကို ကျေးဇူးတင်ရမှာပါ။အရှင်မင်းသားက ကျွန်တော်မျိုးမအပေါ် အလွန်ကောင်းပေးပြီး ကျွန်မအတွက် ပြဿနာအမျိုးမျိုးကနေ ကာကွယ်ပေးခဲ့တယ်။ကျွန်တော်မျိုးမနဲ့ ထိုက်တန်ရဲ့လား မသိလောက်အောင် သူက အများကြီး လုပ်ပေးခဲ့တယ်။သူက ကျွန်တော်မျိုးမ တွေ့ဖူးသမျှမှာ အနွေးထွေးဆုံး လူသားပါပဲ။သူဟာ စိတ်မရှည်တတ်ပေမယ့် သူဟာ တိုင်းပြည်အနာဂတ်မှာ တောက်ပအောင် ပြုလုပ်ပေးနိုင်မယ်လို့ ကျွန်တော်မျိုးမ ယုံကြည်မိပါတယ်။ ကျွန်တော်မျိုးမအနေနဲ့ကတော့ ဒီလို လုပ်ပေးနိုင်ပါ့မလားဆိုတာ မသေချာပါဘူး"
           သူမဟာ အရင်ဘဝက အဖြစ်တွေကို တွေးမိပြီး နောက်ဆုံးစာကြောင်းကို ပြောကာ အဆုံးသတ်လိုက်လေတယ်။သူမအနေနဲ့ ခုချိန်ထိ လူတွေက သူမကိုသတ်ပြီး မြို့ရိုးပေါ်ချိတ်ဆွဲထားဖို့ တောင်းဆိုကြတဲ့ အသံတွေကို ကြားမိနေဆဲပဲ။သူမ သူတို့ကို မီးလောင်တိုက်သွင်းပစ်ခဲ့စဉ်က သူတို့အော်သံ ငိုသံတွေကိုလည်း ကြားမိနေဆဲပဲ။
        သူမ တိုင်းပြည်ကို တခါ အုပ်ချုပ်ခဲ့ပေမယ့် နှစ်ဖက်စလုံးအတွက် အဆုံးသတ်မလှခဲ့လေဘူး။
        သူမရဲ့ တုန်နေသော လက်တွေကို မင်းကြီး ဆုပ်ကိုင်ပေးပြီး  စိတ်သက်သာရာရအောင် သူမကို ပြုံးပြလာတယ်။သူက သူမ အဖေလိုမျိုးပဲ။
               "မင်းက အကောင်းဆုံးလုပ်နိုင်မယ်လို့ ကိုယ်တော် သေချာသိနေတယ် သမီးလေး"
          အရှင် နားမလည်ပါဘူး။ကျွန်.....ကျွန်မ က အရှင်ချစ်တဲ့ ပြည်သူတွေကို မီးလောင်တိုက်သွင်းမိလိမ့်မယ်။ကျွန်...ကျွန်မ ဒီလို တခါ လုပ်ခဲ့ဖူးပြီ။
                "မဟုတ်ရင်......"
        ငါ့သားက မင်းအနား ရှိနေချိန်မှာပဲ လူသားဆန်တာ။မဟုတ်ရင် သူက သန်မာပြီး ဉာဏ်ကောင်းတဲ့ စက်ရုပ်လိုမျိုးပဲ။
          အရှင်မင်းကြီးဟာ ပြောလက်စကို ရပ်ပြီး သူမနောက်က တစ်စုံတစ်ရာကို ကြည့်နေတာကြောင့် သူမ ခေါင်းကို အသာမော့လိုက်တယ်။သူဘာကို ကြည့်နေလဲ သူမ မသိပေမယ့်။သူ ကေဆီမီရာကို ကြည့်နေသည်လို့ သူမခံစားနေရသည်။
                "အိုးးးးငါကတော့!မင်း အချိန်တွေကို အများကြီး ယူမိသွားပြီ။ကဲ ကဲ သွားပြီး ကပွဲကို ဆင်နွဲလိုက်ပါ"
                 "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
          သူတို့ဟာ လွတ်လွတ်လပ်လပ်ပြောပြီးနောက်မှာတော့  တော်ဝင်အမူအရာတွေအတိုင်း နှုတ်ဆက်လိုက်ကြတယ်။
           အေဒီရာဟာ လှေကားပေါ်ကနေ ဆင်းဆင်းလာခြင်း ကေဆီမီရာကို ရှာလိုက်တဲ့ အခါမှာတော့ သူက အမတ်ငယ် လက်တီဖိုလီရာနဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။သူမက သူ့အနားကိုသွားမနေတော့ဘဲ သူမခြေထောက်တွေကို အနားပေးဖို့ လုပ်လိုက်တယ်။
           သူမဟာ ထောင့်ကိုသွားပြီး ထိုင်ဖို့ လုပ်လိုက်စဉ်မှာဘဲ သူမရှေ့ကို ကျောင်းကောင်စီအခန်းထဲမှာ ကေဆီမီရာအနားမှာ ခဏခဏတွေ့နေရသူဟာ ရောက်လာပြီး ဒူးတဖက်ထောက် လက်ဖမိုးပေါ် အနမ်းတချက်ပေးကာ နှုတ်ဆက်လာလေတယ်။
            "ကောင်းသောညနေခင်း ဖြစ်ပါစေ သခင်မလေးအေဒီရာ။ကျွန်တော်မျိုးက အာလ်ရေအိုနာ၏မွေးစားသား လီယွန်ရေအိုနာဖြစ်ပါတယ်။အသင်နှင့် ခုလို တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်"
            "ကောင်းသောညနေခင်းပါ သခင်လေးရေအိုနာ။အရှင်မင်းသားက အသင့်ကို ဒီကို သွားခိုင်းလိုက်တာပါလား"
        အေဒီရာဟာ ကေဆီမီရာ စိတ်ကိုသိပြီး ရယ်သွယ်သွေးကာမေးလိုက်တယ်။
       ခဏလောက်တန့်သွားပြီးချိန်မှာတော့ လီယွန်ဟာ အပြုံးတခုနဲ့ ဖြေလာခဲ့တယ်။
               "ဟုတ်ပါတယ်"
              "သူက တကယ် စိုးရိမ်တတ်လွန်းသူပဲ ဟုတ်တယ်မို့လား"
          
        *********

She become a passive villainess-not(trans)Where stories live. Discover now