Monitor Him

824 110 0
                                    

     Monitor him

         " သဝန်တိုနေတုန်းလား"
         "ကျွန်မကို နမ်းလို့ရတယ်လို့ ရှင့်ကိုဘယ်သူပြောလဲ"
     အေဒီရာဟာ ရှက်သွေးဖြာပြီး ကေဆီမီရာ့ရင်ခွင်ထဲကိုပဲ ပြေးခိုဝင်ပုန်းလိုက်တယ်။
          "ဒီလို လုပ်ချင်ခဲ့တာ အတော်ကြာပြီ"
      ကေဆီမီရာက ဝန်ခံလိုက်ပြီး သူ့ရင်ခွင်ထဲက မိန်းမပျိုလေးကို တင်းကျပ်စွာဖက်ထားလိုက်တယ်။သူမရဲ့ခန္ဓာကိုယ်သေးသေးလေးက သူ့ရင်ခွင်ထဲမှာ အံကိုက်ဖြစ်နေတယ်။ခု ခြေအနေက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ ဒါက ပြီးပြည့်စုံနေဆဲပါပဲ။ခုလို အခိုက်အတန့်လေးကပေါ့။
      သူ့ရင်ခွင်ထဲမှာ အချိန်ခဏကြာနားခိုပြီးချိန်မှာတော့ သူမက ငြင်းဆန်လာတယ်။အေဒီရာဟာ သူမလက်သီးဆုပ်တွေနဲ့ သူ့ရင်ဘက်ကိုထုရင်း တွန်းထုတ်လိုက်တယ်။သူမပါးက ရှက်စိတ်ကြောင့်ပူလောင်နေတာကို ခုထိ ခံစားနေရတုန်းပဲ။သူမ သူ့ကို ဒီလိုမျိုးနဲ့မျက်နှာချင်းမဆိုင်ရဲပါဘူး။
      ကေဆီမီရာက အေဒီရာရဲ့ ချစ်စဖွယ်ကောင်းတဲ့အပြုအမူကြောင့် ခပ်ဖွဖွရယ်လိုက်တဲ့အခါမှာတော့ သူမက အဆက်မပြတ်သူ့ကို ထုရိုက်လာခဲ့တယ်။
           "ဘာ...ဘာက ဒီလောက်ရယ်ဖို့ကောင်းနေတာလဲ..ဟင် ရှင်နှာဘူးမင်းသား...လူလိမ်လူချောလူရှုပ်...ပိုင်ဆိုင်လိုစိတ်ကြီးမားပြီး..အေးစက်ပြီး..နတ်ဆိုးဆန်____"
           "ထပ်ပြီး ကိုယ့်ကို ပြောကြည့် မင်းရင်ဆိုင်ရမှာ သိတယ်နာ်"
       ကေဆီမီရာရဲ့ ခြိမ်းခြောက်စကားကြောင့် သူမပါးစပ်ကို လုံးဝပိတ်သွားတဲ့အခါမှာတော့ ကေဆီမီရာကိုယ်တိုင်တောင်လန့်သွားခဲ့ရတယ်။
       သူက တည်တည်ကြည်ကြည်ပုံစံဖြစ်သွားပြီး သူမခေါင်းလေးကို ခပ်ဖွဖွ ကြင်နာစွာပွတ်သပ်ပေးလိုက်တယ်။
           "ဒါတွေက မင်းတစ်ယောက်တည်းအတွက်ဆိုတာ အမှတ်ရပါ အေဒီရာ"
      သူက သူမရင်ထဲက သံသယတွေပျောက်သွားစေရန် ပြောလိုက်ပြီး သူမနဖူးပေါ်ကို အနမ်းတပွင့်ထပ်ပေးလိုက်တယ်။
      ဟုတ်သားပဲ သူ သူမလေး အနမ်းတွေနဲ့အသားကျသွားအောင် စောင့်ရမယ်။အချိန်တွေအများကြီး ရှိတာဆိုတော့ အလျင်လိုစရာမလိုပါဘူး။ဟုတ်တယ်မို့လား။
         "အာ..ကျွန်မမေ့တော့မလို့ ကေဆီ ကျွန်မလီယွန်ကို သက်တော်စောင့်ကိုယ်ရံတော်အဖြစ် လိုချင်လို့"
      အေဒီရာက ပြောလိုက်တဲ့အခါမှာတော့ ကေဆီမီရာက အံ့သြတုန်လှုပ်သွားခဲ့ရတယ်။
        ဒီမိန်းကလေးဟာ ဘာတွေများတွေးနေတာလဲ
       သူက တွေးလိုက်ပြီး သူ့မျက်နှာတခုလုံးဟာ တင်းမာလာခဲ့တယ်။သူ ဒီတောင်းဆိုချက်ကို ဘယ်လိုမှခွင့်မပြုနိုင်ဘူး။လုံးဝပဲ။
       မကြားသေးခင်ကပဲ ဒီလူက သူမကို ထိခိုက်စေခဲ့တယ်။အခုတော့ သူမက သူ့ကိုသက်တော်စောင့်အဖြစ်လိုချင်နေပြန်ပြီ။
            "နေဦး ကျွန်မပြောတာ အရင်နားထောင်ကြည့်ဦး။ကျွန်မ သူ့ကို အနားမှာထားမှ သူ့ကို ကျွန်မစောင့်ကြည့်နိုင်မှာပေါ့။ရှင်ကြားဖူးတယ်မို့လား သင့်ရန်သူကို သင့်သူငယ်ချင်းတွေထက် အနီးဆုံးမှာ ထားပါ ဆိုတာကိုလေ။ ဒါကြောင့် ကျွန်မ သူဘာလုပ်တယ် ဘယ်သူနဲ့စကားပြောတယ် ဘယ်သွားတယ်ဆိုတာ သိရဖို့လိုတယ်လေ။ရှင်ခွင့်ပြုမယ်မို့လားဟင်။ကျွန်မကို ရှင့်လူတွေထဲက တစ်ယောက်ကို ပေးမယ်မို့လားဟင်"
           "တခြားတစ်ယောက်ကိုရွေး"
            "ကျေးဇူးပြုပြီးးးကေဆီ~~~"
            "မရဘူး"
            "ကေဆီ~~~ကျေးဇူးပြုပြီး~~~~"
            "မရဘူး"
            "အရှင်မင်းသားးး~~ကျွန်မရဲ့အရှင်~~~"
      ကေဆီမီရာဟာ သူမကိုကြည့်လိုက်တယ်။သူ့မှာ သူမရဲ့ ခုလိုချစ်စရာကောင်းပြီး လိုချင်တာကို တောင်းဆိုနေတဲ့ကြောင်ငယ်လေးလို ပုံစံကြောင့် ခွင့်မပြုမိဖို့ ကြိုးစားနေရတယ်။
     သူ ကြံ့ကြံ့ခံရမယ်။ကြံ့ကြံ့ခံရမယ်။
           "ရှင် ကျွန်မဆီက အနမ်းတပွင့်တောင် ခိုးယူသွားပြီးတော့"
           "ကောင်းပြီ"
      ကေဆီမီရာရဲ့ အဖြေစကားကြောင့် သူမလေးက ပျော်ရွှင်ပြုံးပျော်လာပြီး ခုန်ပေါက်သွားလေတယ်။
         Damn ဒီမိန်းကလေးနဲ့တော့
            "ဒါပေမယ့် ကိုယ်မင်းကို အဲလက်ဇန်းဒါး ကိုပါ ထပ်ပေးလိုက်မယ်"
           "အဲလက်ဇန်းဒါး?ဘာလို့ ဝီလီယမ်ကို မပေးတာလဲ။သူနဲ့ကျွန်မက နည်းနည်း တွဲဖက်ကိုက်ပြီး သူက အပြည့်အဝယုံကြည်နိုင်တဲ့ လူတယောက်ပဲဟာ"
       သူမက ရှုပ်ထွေးစွာနဲ့မေးလာခဲ့တယ်။ဟုတ်တယ် ဝီလီယမ်က သူမနဲ့အဆင်ပြေပြီး လုံးဝယုံကြည်နိုင်သူတစ်ယောက်ပဲ။သူက သူမကို လုံခြုံအောင်ကာကွယ်ပေးနိုင်လိမ့်မယ်။ဒါပေမယ့် တခြားတဖက်က ကြည့်ရင် သူက အမြင်ကတ်စရာပဲ။
          "ကောင်းပြီလေ ရှင်က အဲလက်ဇန်းဒါးဆိုတော့လည်း သူပဲပေါ့။ရှင်ပြောတဲ့အတိုင်းပါပဲ"
      အေဒီရာဟာ ကေဆီမီရာရဲ့ရုတ်တရက်မှုန်မှိုင်းလာတဲ့ အမူအရာကြောင့် အလျင်အမြန်ဘဲ သူပြောတာကို လက်ခံလိုက်တယ်။
      တော်ကြာ သူက သူပြောတာကိုပြန်ရုပ်သိမ်းသွားရင် ဘယ်နှယ့်လုပ်မလဲ
           "အာ..နောက်ထပ်တောင်းဆိုချက်ရှိသေးတယ်"
       အေဒီရာက ထပ်ပြောလာတဲ့အခါမှာတော့ ကေဆီမီရာက သူမဆီက ဘယ်လို ဆီလျော်မှုမရှိတဲ့တောင်းဆိုချက်တွေထွက်လာမလဲဟု နားထောင်လိုက်တယ်။ဒါပေမယ့် သူမရဲ့တောင်းဆိုချက်ကို ကြားပြီးချိန်မှာတော့ သူ့မှာ အတွေးတို့ရပ်ပြီး တောင့်တောင့်ကြီးဖြစ်သွားခဲ့ရတယ်။
            " ကျွန်မကို အနာဂတ်ရဲ့ဘုရင်လောင်းကိုရော ပေးမှာလားဟင်"
       သူမက မျက်စိတဖက်မှိတ်ပြကာ ပြောလိုက်ပြီး တောင့်တောင့်ကြီးဖြစ်နေခဲ့တဲ့သူကို နောက်မှာချန်ထားပြီး နန်းတော်ရှိရာဘက်ဆီကို ပျော်ရွှင်မြူးထူးစွာ ထွက်သွားလိုက်တယ်။
        ဟေဇယ်ဟာလည်း မိခင်ဖြစ်သူနောက်ကနေလိုက်သွားပြီး တောင့်တောင့်ပြီးကျန်နေခဲ့တဲ့ဖခင်ဖြစ်သူကိုကြိတ်ရယ်မိလိုက်တယ်။
         ဒီ အတွေ့အကြုံနုသေးတဲ့ သူကတော့။အမေကမှ ခင်ဗျားထက် ပိုတော်ပြီး ထိရောက်သေးတယ်။
       သူမက ခုလေးတင် သူ့ကိုပြန်ပြီး အာကျယ်ကျယ်နဲ့ပြန်လည်မြူစွယ်ခဲ့ပြီ။သူမရဲ့ ဆွဲဆောင်မှုစွမ်းရည်တွေကို မြှင့်တင်မယ်လို့ ဆုံးဖြတ်ချပြီးတော့ပေါ့။
..........
            "သခင်မလေး  ကျွန်တော်အဲလက်ဇမ်းဒါးနဲ့ လီယွန်တို့က သူ့တို့တာဝန်အတွက် ရောက်လာကြောင်းပါ။အရှင်မင်းသားက ကျွန်တော်တို့နှစ်ယောက်ကို သခင်မလေးကို ကာကွယ်ဖို့အတွက် စေလွှတ်လိုက်ပါတယ်။"
        လီယွန်ကတော့ အေဒီရာရဲ့ရည်ရွယ်ချက်အတွက် မယုံကြည်နိုင်ဖြစ်နေဆဲပါဘဲ။သူ့အနေနဲ့ မင်းသားဟာ သူ့ရဲ့ကြင်ယာတော်ကို ထိခိုက်စေခဲ့ဖူးသော သူ့လိုလူကို ဒီတာဝန်မျိုး ပေးဖို့ လုံးဝစဉ်းစားမှာ မဟုတ်ဘူးဆိုတာ သိနေသည်။ဒါပေမယ့် သူ့အနေနဲ့ ဒီအခွင့်အရေးကို သူပြန်ပြုပြင်နိုင်ဖို့ အသုံးချရမည်။
            "မင်္ဂလာပါ...ကျွန်မ လီဖာနဲ့ကွတ်ကီးတချို့လုပ်ထားတယ်။စားကြပါဦး"
       သူမက သူတို့ရဲ့ သူမဘေးမှာ အရိုအသေးပေးကာ ပြောစကားပြီးချိန်မှာတော့ ပျော်ရွှင်စွာပြုံးပြပြရင်းက စကားဆိုလိုက်တယ်။
       အဲလက်ဇန်းဒါးနဲ့ လီယွန်တို့ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြတယ်။လီယွန်နဲ့သူမတို့ကလွဲပြီး ကျန်တဲ့သူတွေအားလုံးက လီယွန်ဟာ အေဒီရာရဲ့ဆေးခတ်ခံရမှုတရားခံဆိုတာ မသိကြတဲ့အတွက် ဒါက ပုံမှန်အခြေအနေမျိုးလိုပါပဲ။
       သူတို့က ဒါကိုယူစားသင့်မစားသင့် အသံတိတ်မေးခွန်းထုတ်နေကြတယ်။
            "စားပါ။ကျွန်မ အရှင်မင်းသားအတွက် ယူသွားပေးမလို့လုပ်နေတာ။ဒါပေမယ့် ဒီအတန်းကဟာတွေအတွက် ကျွန်မလုပ်တာ အဆင်ပြေမပြေသိချင်လို့"
      သူမက ပြုံးရယ်ကာ ပြောလိုက်ရင်း သူမလက်မှာပေနေတဲ့ ဖြူဖွေးတဲ့ဂျုံမှုံ့တွေကို သူမဝတ်ထားတဲ့ အပြားရောင် အေပယွန်ပေါ်မှာ သုတ်လိုက်တယ်။
       ဒီသခင်မလေးက တကယ်တခြားမြင်ဖူးနေကြ သခင်မလေးတွေလိုကို ဟုတ်မနေဘူး။
       ဘယ် မြို့စားသမီးသခင်မလေးက သူတို့လက်ကို ဒီလို အပေခံမှာလဲ။ဒီလို အပြာရောင်အေပယွန်ကိုရော ဝတ်မှာလဲ။သူတို့တွေက ပန်းရောင်ကို ကြိုက်ကြတာ မဟုတ်လား။
          "သခင်မလေးက ပန်းရောင်ကို မကြိုက်ဘူးထင်ပါရဲ့ဟင်?"
      အဲလက်ဇမ်းဒါးဟာ မေးလိုက်ရင်းက သူမတောင်းဆိုချက်အတိုင်း တခုစားကြည့်လိုက်တယ်။ပြောရမယ်ဆိုရင် သူမ ကောင်းကောင်းလုပ်ခဲ့တာပဲ။ဒါက အရမ်းကို အရသာရှိတယ်။
           "အိုးးးဟုတ်တယ်..ကျွန်မ ပန်းရောင်ကိုမကြိုက်ဘူး။ကျွန်မအတွက် မိန်းကလေးဆန်လွန်းတယ်လို့ ခံစားရတယ်။"
      သူမက ပြုံးရင်းပြန်ဖြေလာတယ်။
      အဲလက်ဇမ်းဒါး ယူစားတာကိုမြင်တဲ့ လီယွန်ကလည်း တခု ယူစားလိုက်တယ်။
       Well  သူမက တော်တဲ့စာဖိုမှူးပဲ။သူမက အလွန်အရသာရှိတဲ့ ကွတ်ကီးတွေလုပ်ခဲ့ပြီး ဒါအတွက် စိုးရိမ်နေသေးတယ်။သူမ ခုလုပ်တဲ့ ကွတ်ကီးတွေနဲ့ မြို့တော်မှာရှိတဲ့ဆိုင်တချို့ကိုတောင် ကျော်တက်နိုင်တယ်။
          "ဒါက အရမ်း အရသာရှိတာပဲ သခင်မလေး"
      လီယွန်က ကွတ်ကီးရဲ့နောက်ဆုံးအရသာလေးကို ခံစားရင်းက သူ့အတွေးကို ထုတ်ပြောလိုက်တယ်။
          "မစိုးရိမ်ပါနဲ့တော့ သခင်မလေး။အရှင်မင်းသားက ဒါတွေကို သံသယမရှိ နှစ်သက်ပါလိမ့်မယ်။"
         'မင်းက အဲ့လူပေါ်မှာ တင်းတင်းကျပ်ကျပ် ချည်နှောင် ထားမိနေပြီးပါပြီ။အဲ့လူသားက မင်းဘာပဲလုပ်လုပ်လက်ခံလိမ့်မယ်။'
     အဲလက်ဇမ်းဒါးက ပြောလိုက်ပြီး သူက နောက်တခုကို ထပ်ယူဖို့ရာ ခွင့်ပြုချက်တောင်းသလို အေဒီရာကို ကြည့်လိုက်တယ်။လီယွန်ကလည်း ထပ်စားလိုစွာ မုန့်တွေကို ကြည့်နေလေတယ်။
         သူ မတတ်နိုင်ဘူး။အေဒီရာက မုန့်ကို ဒီလို ချိုမြိန်ပြီး ထပ်ခါထပ်ခါ စားချင်လာအောင် ပြုလုပ်ထားတာကိုး။
      အေဒီရာက ပြုံးလိုက်ပြီး သူတို့ကို အတန်းတခုလုံးပေးလိုက်တယ်။
      တကယ်တော့ သူမအနေနဲ့ သူမမုန့်တွေပတ်သတ်ပြီး ယုံကြည်ချက်ရှိပြီးသားဖြစ်ပြီး ဟေဇယ်နဲ့ ကေဆီအတွက်ကို သပ်သပ် ဖယ်ထားပြီးသားဖြစ်သည်။နောက်ပြီး ထိုသားအဖနှစ်ယောက်က သူမဘယ်လိုပဲလုပ်ကျွေးကျွေး ဘာမှပြောမှာမဟုတ်ဘူး။သူမက ကျွမ်းနေတာတွေကျွေးရင်တောင် သူတို့က ဘာမှမပြောဘဲ  ပျော်ရွှင်စွာ စားကြမှာပဲ။
      သူမခုလိုပြောရတယ်ဆိုတာက ဒီနှစ်ယောက်ကို သူမလုပ်ထားတဲ့ကွတ်ကီးတွေကို စိတ်ထဲမထင့်ဘဲ အလွယ်တကူစားစေချင်လို့ပင်။လီဖာက ဒါကိုသိနေပေမယ့် သူမသခင်မလေးရဲ့ ဖြူစင်တဲ့မုသားကို ဘာမှဝင်မပြောလေဘူး။နောက်ပြီး သူမသခင်မလေး ခုလိုလှည့်စားကျွေးတာ ပထမဆုံးမှ မဟုတ်တော့ဘဲ။
     လီဖာဟာ ရှေ့က လူနှစ်ယောက်ရဲ့ သူမသခင်မလေးမုန့်တွေကို အားရပါးရစားနေတာကို ကြည့်ရင်း ကြည့်ရင်း တစုံတခုကို တွေးမိလိုက်တယ်။
        'သူမက သူတို့အစာအိမ်တွေကိုအသုံးချပြီး သူမအပေါ် သစ္စာရှိလာအောင် လုပ်နေတာလား။တကယ်ပဲ ကျွန်မသခင်မလေး သခင်မလေးကတော့ တကယ့်ကို တခုခုပဲ'
     သူမက တွေးလိုက်ပြီး သူမသခင်မလေးကိုကြည့်လိုက်တဲ့အခါမှာတော့ သခင်မလေးဟာလည်း သူမလိုပဲ ရှေ့ကလူနှစ်ယောက်ရဲ့ အားရပါးရစားနေပုံကို ကြည့်နေရင်းက နှုတ်ခမ်းထောင့်တွေဟာ တွန့်ကွေးသွားတာကို မြင်လိုက်ရတယ်။
      အေဒီရာဟာလည်း သူမကိုသတိပြုမိသွားပြီး သူမဘက်လှည့်ကာ မျက်စိတဖက်မှိတ်ပြရင်းက ရွှတ်နောက်နောက်ပြောလာလေတယ်။
         "ယောင်္ကျားတစ်ယောက်နှလုံသားကို ရဖို့အတွက် အကောင်းဆုံးနည်းက သူ့အစာအိမ်ကနေပဲတဲ့ ဟုတ်တယ်မို့လား"
        'မင်းရဲ့နယ်ရုပ်လေးကို ငါ့အတွက်ယူလိုက်တော့မယ် အိုင်းရစ်'

She become a passive villainess-not(trans)Where stories live. Discover now