My Dearest

570 89 3
                                    

      
      My Dearest

            "ဒီအိမ်မက်က...လက်တွေ့ဆန်လွန်းလိုက်တာ..."

           "တကယ်ပါပဲ ကေဆီ...ဒါဟာ အိမ်မက်မဟုတ်ပါဘူးလို့ ကျွန်မဘယ်လို သက်သေပြရဦးမလဲ......"

      အေဒီရာက တိုးညှင်းဖျော့တော့စွာ ပြောလိုက်ပြီး သူမရဲ့ ပန်းမွေ့ယာပေါ်ကို တဖန်လှဲမှီလိုက်တယ်၊၊

      ကေဆီမီရာဟာ နောက်တကြိမ်သူ့နေရာမှာတင် ကြောင်တောင်တောင်လေးဖြစ်နေစဉ်မှာဘဲ ကလေးသေးသေးလေးဟာ သူ့ကို တွန်းဖယ်လိုက်ပြီး အေဒီရာအနားကို ရောက်လာတယ်၊၊သူက သူ့ရဲ့ မျက်ရည်‌‌တွေပြည့်နေတဲ့မျက်နှာကို သူမရင်ဘက်တွေနားမှာအပ်ထားလိုက်ပြီး ကျယ်လောင်စွာ ငိုကြွေးနေလေတယ်၊၊
       အေဒီရာဟာ တခဏတော့ သတိလက်လွတ်ဖြစ်သွားခဲ့ပြီး သူမနှလုံးသားလေးဟာ ဒီကလေးလေးရဲ့ငိုသံကို ကြားရတိုင်းမှာ ဓားပေါင်းများစွာက ထိုးစိုက်နေသလို သံတူများစွာက ထုနှက်နေသလို ခံစားလိုက်ရတယ်၊၊
       သူမအနေနဲ့ ဒီကလေးလေးက ရင်းနီးနေသလိုခံစားနေရတယ်၊၊အထူးသဖြင့် သူ့ရဲ့ ပြာလဲ့လဲ့ မျက်ဝန်းလေးတွေကပေါ့၊၊

             "ဟေဇယ်...ကလေး...မင်းလေးလား..."

      သူမအမေးစကားမှာ ကလေးငယ်လေးဟာ မော့ကြည့်လာပြီး မျက်ရည်တွေနဲ့အတူ ခေါင်းငြိမ့်ပြလာခဲ့တယ်၊၊အေဒီရာဟာ မထိန်းချုပ်နိုင်တော့ဘဲ သူမရင်ခွင်ထဲမှာ သူ့ကို တင်းကျပ်စွာ ဆွဲဖက်ထားလိုက်မိ‌တော့တယ်၊၊

              "ကလေးရယ်..မေမေ တကယ်တောင်းပန်ပါတယ်ကွယ်...မေမေက မင်းကို အများကြီး နာကျင်စေမိခဲ့တယ်....မေမေ မင်းကို ငိုရအောင် လုပ်မိတယ်...မေမေ တောင်းပန်ပါတယ်...မေမေ့မှာ မင်း ငိုနေတာကို မြင်နေရပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ဘူး..မေ့မေ့ နှလုံးသားတွေမှာ နာကျင်နေခဲ့ရတာ....
             မေမေ တကယ်တောင်းပန်ပါတယ်..မေမေ့ကို ခွင့်လွတ်ပေးပါ...မေမေက သူ့ရဲ့ အဖိုးတန်ကလေးလေးကို နာကျင်စေခဲ့မိတဲ့ တော်တော်ဆိုးတဲ့သူပါပဲ....."

      အေဒီရာဟာလည်း အခုတော့ ငိုယိုလာလေပြီ၊၊သူမရဲ့ အိမ်မက်ထဲမှာ  သူငိုနေတာကို ကြားလည်းကြား မြင်လည်းမြင်နေရပေမယ့် ဖက်ထားမပေးနိုင်ခဲ့ဘူး၊၊သူမအနေနဲ့ ဒီကလေးလေးကို ရူးမတတ် ပွေ့ဖက်ထားချင်ခဲ့ပေမယ့် သူမ လုပ်လို့မရခဲ့ဘူး၊၊သူမ သိခဲ့တယ် သူမ သူတို့ဆီ ပြန်သွားဖို့ နည်းလမ်းရှာရမယ်ဆိုတာကိုပေါ့၊၊

She become a passive villainess-not(trans)Where stories live. Discover now