Resurrected the great demon lord

1.1K 171 0
                                    

Resurrected the great demon lord

အေဒီရာဟာ နောက်​ဆုံးတော့ သဘာဝကျကျပဲပြန်​လာခဲ့တယ်​။ကေဆီမီရာက စိတ်​သက်​သာရာရသွားပြီး သူမကို တင်းတင်းကျပ်​ကျပ်​ ဖက်​ထားလိုက်​တယ်​။
ဆရာတွေနဲ့အတူ ကျောင်းသားတချို့ဟာလည်း သူတို့နားကိုဝိုင်းလာကြတယ်​။သူတို့နှစ်ယောက်​ပုံစံကို မြင်​ပြီးတဲ့အချိန်​မှာတော့ တိတ်​တဆိတ်​ပဲ အကြည့်​တွေ လွှဲလိုက်​ကြတယ်​။
သူတို့ သေချာပေါက်​ ခွေးစာ မစားချင်​ပါဘူးနော်​။
"မင်း အဆင်​ပြေရဲ့လား"သူကမေးလာတယ်​။သူ့စကားတွေကြားမှာ စိုးရိမ်​မှုတွေ ပျော်​၀င်​နေတာကို သူမခံစားနိုင်​တယ်​။
"အင်း ။ရှင့်​ကိုလန့်​စေမိလို့တောင်းပန်​ပါတယ်​ ကေဆီ။ဒါပေမယ်​ခုကျွန်​မကိုကူဦး။ကျွန်​မတိုနှစ်​ယောက်​တည်း သီးသန့်​ဖြစ်​သွားချိန်​ကျရင်​ ရှင့်​ကို အားလုံးရှင်းပြမယ်​လို့ကတိပေးတယ်​။အခုတော့ ဒီအရာလေးကို ဖွက်​ထားပေးဖို့ ကူညီပါဦး"သုမက ကေဆီမီရာတစ်​ယောက်​သာ ကြားနိုင်​လောက်​အောင်​ အသံတိုးလေးနဲ့ ပြောလိုက်​ပြီး သူတို့နှစ်​ယောက်​ကြားမှာညှပ်​နေတဲ့ အနက်​ရောင်​ဘောလုံးလေးကို ကွေးကွေးလေးဖြစ်​နေတဲ့ အရာလေးကို ကြည့်​လိုက်​တယ်​။
အေဒီရာရဲ့ အသနားခံတဲ့ မျက်​လုံးတွေကြောင့်​ သူက ထိုအရာလေးကို စိုပ်​ကြည့်​ပြီး အရှုံးပေးသလို သက်​ပြင်းချလိုက်မိတယ်​။ သူ ဘယ်​တုန်းက သူမကို ဆန့်​ကျင်​နိုင်​ခဲ့ဘူးလို့လဲ။
"အခု သခင်​မလေးအေဒီရာလည်း ပြန်​ရောက်​လာပြီဆိုတော့ ကျွန်​တော်​တို့ မမှောင်​ခင်​ ခြံဝန်းကို ပြန်​ဖို့ မြန်​မြန်​လုပ်​ရအောင်​"
တကယ်​ပဲ ဒီကောင်​လေးကတော့ သူ့အမိန့်​ပေးတဲ့အချိန်​မှာဘဲ စကားရှည်​ရှည်​ပြောတာပဲ။
ခုလိုမျိုးပေါ့။
ဒါက ဒီနေရာမှာရှိနေတဲ့ လူအားလုံးနီးပါးရဲ့ အတွေးဖြစ်​သည်​။ဒါပေမယ့်​ ဘယ်​သူကမှတော့ ထုတ်​ပြောပြီး မေးခွန်းမထုတ်​ရဲလေဘူး။တခါက ထိုသို့မင်းသားရဲ့ စကားကို မေးခွန်းထုတ်​ဖူးသူတယောက်​ ဘာဖြစ်​သွားလဲဆိုတာ သူတို့အားလုံးသိပြီးသားဖြစ်​သည်​။
တောထဲမှာ ခုနက စုပြုံနေကြတဲ့ လူစုဟာ သူတို့အခန်းဆီသူတို့ ပြန်​သွားလိုက်​ကြတယ်​။သေချာပေါက်​ ကေဆီမီရာ အခန်းဆီ ဆွဲခေါ်လာခံရတဲ့ အေဒီရာတော့ မပါဘူးပေါ့။
"ရှင်းပြ"
အတည်​ကြီးလား။ဒဏ်​ရာရသွားသေးလား။ဘယ်​နေရာတွေ နာနေသေးလဲ။တစ်​ယောက်​တည်းကြောက်​နေခဲ့လား။အဲ့တာတွေ တခုမှမဟုတ်​ဘူးပေါ့။
သူမက သူမကို စိုက်​ကြည့်​နေတဲ့သူ့ကို ကြည့်​ရင်းတွေးလိုက်​တယ်​။သူမက သက်​ပြင်းချလိုက်​ပြီး ဖြစ်​ပျက်​ခဲ့သမျှကို အကျဉ်းချုပ်​ရှင်းပြလိုက်​တယ်​။သူမ တွားသွားပြီးတဲ့နောက်​မှစ၍ နဂါးကြီးသေသွားတာ သူမ စိတ်​စွမ်းအင်​ကိုသုံးပြီး အကာအကွယ်​စည်းလုပ်​ခဲ့ရတာ ခု သူမထိုနေရာကို ၀င်​နိုင်​ထွက်​နိုင်​သွားတာတွေကို ပြောပြလိုက်​တယ်​။
သူမရှေ့မှာ ထိုင်​နေတဲ့ ကေဆီမီရာဟာ အေဒီရာပြောပြတဲ့ အဖြစ်​အပျက်​ အစုံကို နားထောင်​ပြီးတဲ့ အချိန်​မှာတော့ သူ့အကြည့်​တွေကို သူမလက်​မောင်းကြားမှာခွေနေတဲ့ အနက်​ရောင်​ဘောလုံးဆီကို အကြည့်​ပို့လိုက်​တယ်​။
တကယ်​လို့ ထိုအရာလေးကသာ ကလေးမဟုတ်​ခဲ့ဘူးဆိုရင်​ သူက ဒါကိုဆွဲထုတ်​ပြီး ကန်​ထုတ်​ပစ်​မိမှာပင်​။ဒါပေမယ့်​ အေဒီရာက မကြိုက်​လောက်​ဘူး။ခုတောင်​ဒီသခင်​မလေးက ထိုအရာလေးအပေါ် တွယ်​တာနေတာကို သူသိနိုင်​တယ်​။
"မင်း သူ့ကို မွေးစားဖို့ကြံရွယ်​ထားတာလား"
အေဒီရာက စဉ်းစားလိုက်​တယ်​။ပြောရရင်​ ဒီသတ္တဝါလေးဟာ သူမရဲ့ ဟေဇယ်​လေးကို တွေးမိပြီး မြင်​ယောင်​မိစေတယ်​။ဒါပေမယ့်​ ဒါက သူမ ဒီနဂါးလေးကို ထိုနာမည်​ပေးမယ်​လို့ ဆိုလိုသည်​လည်း မဟုတ်​ပေ။သူမ ထပ်​စောင့်​ကြည့်​ချင်​သေးတယ်​။တပတ်​လောက်​ကြာရင်​တော့ သူ့ကိုယ်​လက္ခဏာတွေက ထင်​ရှားလာမှာပဲ။အဲ့တော့ကျမှ ဆုံးဖြတ်​ရင်​လည်း ရတာပဲလေ။[*နာမည်​ပေးလိုက်​ရင်​ သခင်​အဖြစ်​ခံယူလိုက်​တာလို့ ရှေ့အပိုင်းမှာ ပါပါတယ်​နော်​*]
တအောင့်​အကြာမှာတော့ သူမက ပြန်​ဖြေလိုက်​တယ်​"အင်း"
"အခု မင်းလက်​တွေကို ကိုယ့်​ကို ပြပါ"သူက ရုတ်​တရက်​ အခုပြောနေတဲ့ အကြောင်းတွေကိုကျော်​ပြီး ခေါင်းစဉ်​ပြောင်းလိုက်​တယ်​။
သူမက သူမရဲ့ အကာအကွယ်​စည်းပြုလုပ်​ခဲ့နည်းနဲ့ ပတ်​သတ်​ပြီး လှို့လှို့ဝှက်​၀ှက်​နဲ့ ကျော်​သွားဖို့ စိတ်​ကူးထားခဲ့တာ။သူကလည်း ခုချိန်​ထိမေးမလာတာကြောင့်​ မေ့သွားပြီလို့ သူမတွေးထားခဲ့တာ။
တကယ်​တော့ ကေဆီမီရာကို ဖုံးထားဖို့ဆိုတာ မလွယ်​ဘူးဘဲ။
သူမက နာခံစွာနဲ့ လက်​သီးဆုတ်​ထားတဲ့လက်​ကို ဆန့်​ထုတ်​လိုက်​ပြီး ဖြန့်​ပြဖို့ရာအတွက်​ တွန့်​ဆုတ်​နေမိခဲ့ဆယ်​။သူမ ထိုအချိန်​တုန်းက နည်းနည်းကြီးကြီး ဖြတ်​မိပြီး ဒဏ်​ရာက သူမမှန်းထားတာထက်​ ပိုကြီးသွားခဲ့တယ်​။
"ဖွင့်​"
အေဒီရာဟာ မျက်​လုံးကို မှိတ်​ထားလိုက်​ပြီး သူမ ကံကြမ္မာကို ကံတရားဆီမှာဘဲ အပ်​နှံထားလိုက်​တယ်​။သူမ နတ်​ဆိုးဘုရင်​ကြီးကို ဖြောင်းဖြဖို့ အတတ်​နိုင်​ဆုံး ကြိုးစားရတော့မှာဘဲ။
သူမလက်​ပေါ်က ပြက်​ရာကို မြင်​မြင်​ခြင်းမှာဘဲ ကေဆီမီရာဟာ မျက်​မှောင်​ကျုံ့လိုက်မိတယ်​။အေးစက်​ပြီး အန္တရယ်​ရှိတဲ့ အငွေ့အသက်​တွေဟာ သူ့မျက်​လုံးမှာ ဖြတ်​ပြေးနေခဲ့တယ်​။အေဒီရာဟာ အောင်​မြင်​စွာနဲ့ နတ်​ဆိုးဘုရင်​ကို လှုပ်​နှိုးဆွနိုင်​လိုက်​ပြီးဖြစ်​တယ်​။
Oh god
"ကေ..ကေဆီ!ကျွန်​မအဆင်​ပြေပါတယ်​။ကြည့်​ ဒါက သွေးတိတ်​နေပြီ။ဒါက ပြန်​ကောင်းသွားမှာပါ။တပတ်​လောက်​ပါပဲ။ဟုတ်​ပြီလား။စိတ်​အေးအေးထား။ဟုတ်​ပြီလား။"သူမက အလျင်​အမြန်​ဘဲ သူ့ကို ဖြောင်းဖြလိုက်​တယ်​။
သူက ရုတ်​တရက်​ ထရပ်​လိုက်​ပြီး အခန်းအပြင်​ကို ထွက်​သွားခဲ့တယ်​။
မိနစ်​အနည်းငယ်​အကြာမှာတော့ သူက ကုသရေးဆရာတယောက်​နဲ့အတူ ပြန်​ရောက်​လာတယ်​။
ဘာရယ်​---?ရှင်​က ရှင့်​အာဏာကို အလွဲသုံးစားလုပ်​နေတာပဲ။ဒီဒဏ်​ရာလေးအတွက်​နဲ့ ဘယ်​လိုလုပ်​ ဆရာတယောက်​ကို ဆွဲခေါ်လာခဲ့ရတာလဲ။
"ဆ...ဆရာ ကျွန်​မ အဆင်​ပြေပါတယ်​။ကေဆီ...အမ်​..အရှင်​မင်းသားက အစိုးရိမ်​လွန်​..."သူမ ပြောလက်​စ တမ်းလန်းနဲ့ပဲ ရပ်​လိုက်​ရတယ်​။
သူတို့နှစ်​ယောက်​တည်းရှိနေချိန်​ ဒီလိုပြောသည်​က ကိစ္စမရှိပေ။ဒါပေမယ့်​ အခုက ဆရာပါရှိနေသည်​။အခု သူမ မင်းသားကို ပြောလိုက်​ပုံက နည်းနည်း မဆီလျော်​ဘဲ ရိုင်းပြသလို ဖြစ်​နေတာကြောင့်​ဖြစ်​သည်​။
ဆရာကတော့ အတွေးတခုကိုတွေးရင်း တိတ်​လေးငြိမ်နေလေတယ်​။
ဒီမင်းသားက အေးစက်​ပြီး ဂရုမစိုက်​တတ်​သူလို့ ဘယ်​သူပြောလဲ။သူ့ကြင်​ယာတော်​လောင်းရဲ့ ဒဏ်​ရာလေးအတွက်​ သူကိုယ်​တိုင်​ ငါ့ကိုလာခေါ်တယ်​။ဘယ်​လောက်​ချိုမြိန်​လိုက်​သလဲ။
အေဒီရာဟာ နောက်​ဆုံးတော့ သူမလက်​ကို ဆေးထည့်​ဖို့ရာ ဆန့်​ထုတ်​ပေးလိုက်​တယ်​။
အကုန်​လုံး လုပ်​ပြီးတဲ့ အချိန်​မှာတော့ ကေဆီမီရာဟာ ဆရာ့ကို အပြင်​ပြန်​ပို့လိုက်​ပြီး ပြန်​လာချိန်​ထိ သူက သူမကို စိတ်​ဆိုးပြီး မကျေမနပ်​ဖြစ်​နေဆဲပါပဲ။
"တောင်းပန်​ပါတယ်​"ဒါက သူမပြောနိုင်​တာ အကုန်​ဖြစ်​သည်​။
ကေဆီမီရာက ဒီတခါမှာတော့ သူမကို လွယ်​လွယ်​နဲ့ ခွတ်​မလွတ်​လိုက်​ချင်​ဘူး။ဒါပေမယ့်​ သူပြန်​စဉ်းစားကြည့်​လိုက်​တော့လည်း သူမက အကာကွယ်​မဲ့နေတဲ့ သတ္တဝါတွေကို ကာကွယ်​ဖို့ လုပ်​ခဲ့ရုံပဲမဟုတ်​လား။
သူ သူမကို ချုပ်​ချယ်​နေလွန်းမိတာလား။
သူမရဲ့သနားစရာကောင်းနေတဲ့ ပုံစံလေးကို ကြည့်​ရင်း ဒါက အချိန်​မီမတားမိနိုင်​ခဲ့တဲ့ သူ့အပြစ်​လည်း ပါတာပဲမဟုတ်​လား။သူ့နှလုံးသားက ပျော့သွားပြီး သူ့လက်​တွေနဲ့ သူမကို ပွေ့ဖက်​လိုက်​တယ်​။
"ကျွန်​မ တကယ်​တောင်းပန်​ပါတယ်​ ကေဆီ။ကျွန်​မကိုယ်​ကျွန်​မ ဂရုစိုက်​သင့်​မှန်းသိပါတယ်​။ရှင့်​ကို ခုလို စိုးရိမ်​အောင်​ လုပ်​မိလို့ တောင်းပန်​ပါတယ်​"
"အင်း"
"ရှင်​ ကျွန်​မကို စိတ်​ဆိုးနေတုန်းလား"
သူ သူမကိုဖက်​ထားရာကနေ ခွာလိုက်​ပြီး သူမရဲ့ဝမ်းနည်းနေတဲ့ မျက်​လုံးတွေကို ကြည့်​ပြီး သူမလေးရဲ့ ခေါင်းကို အနမ်းတပွင့်​ခြွေလိုက်​ပြီး ဖြေလိုက်​တယ်​။
"ဟင့်​အင်း"ခု ချိန်​ကစပြီး ငါ သူမကို ငါ့မျက်​စ်​အောက်​မှာဘဲ ထားရတော့မှာဘဲ။
သူ့လက်​မောင်းကြားကို ကြောင်​လေးတကောင်​လို တို့ခွေ့ဝင်​လာတဲ့ သူမကို စိတ်​သက်​သာရာရအောင်​ ကျောကိုပုတ်​ပေးရင်းက တွေးလိုက်​မိတယ်​။
အရာအားလုံးက ပြည့်​စုံနေတယ်​။အေဒီရာက သူ့လက်​မောင်းတွေကြားမှာရှိနေပြီး သူကလည်း နောက်​ဆုံးတော့ စိတ်​ပြေသွားပြီ။
ဒါကအနက်​ရောင်​ဘောလုံးလေးလို ကွေးနေတဲ့ နဂါးငယ်​လေး နိုးလာပြီး သူ့အမြှီးတွေနဲ့ ကေဆီမီရာ့ လက်​မောင်းကို အဆက်​မပြတ်​ပုတ်​မနေခင်​အထိ ပြည့်​စုံနေခဲ့တယ်​။ဒါ ရှင်းရှင်းလင်းလင်း သူ့ကို သူ့အမေကိုယ်​ကနေ လက်​ဖယ်​ဖို့ရာ ပြောနေတာပဲ။
Damn,နောက်​တခုလား?

She become a passive villainess-not(trans)Where stories live. Discover now