Mommy's Only Baby

627 92 1
                                    

      
     Mommy's Only Baby

      အေဒီရာဟာ စိတ်လှုပ်ရှားမှုများစွာကြောင့် ပင်ပန်းသွားချိန်မှာတော့ ကေဆီမီရာဟာ သူမလေးဘေးမှာ ဝင်ရောက်လဲလျောင်းလိုက်တယ်၊၊
      အမ်း...ဘေးချင်းကပ်တော့ မဟုတ်ဘူးပေါ့လေ.၊၊မင်းတို့ကြည့်မယ်ဆိုရင်တော့ သူ့ဇနီးလေးကို ကော်နဲ့ကပ်ထားသလို ကပ်နေတဲ့ အနက်ရောင်တံတိုင်းကြီးတခု သူတို့ကြားမှာ ရှိနေတာကို မြင်ရပါလိမ့်မယ်၊၊သူ့ပုံစံက သူ့မိန်းမဖြစ်သူက ကလေးကိုပဲပို ဂရုစိုက်နေတာကြောင့် စွန့်ပစ်ခံရတဲ့ ယောက်ျားလိုမျိုး ဖြစ်နေသည်လေ၊၊

             "ဘေဘီ.....မင်းဘယ်လိုလို့ ကလေးလေးဖြစ်သွားရတာလဲဟင်...ဒီလိုပြောင်းလို့ရတယ်မှန်း သိတာ ဘယ်လောက်ကြာပြီလဲ....ဘာကြောင့် အမေ အဲ့အကြောင်းကို မသိရတာလဲ..."

     သူမက သူမလက်မောင်းကြားမှာ တိုးခွေ့ကာ ချွဲနေတဲ့ ကလေးငယ်ကို မေးလိုက်တယ်၊၊

          'ငါ့ အရင်ဘဝမှာတုန်းက သူက တစ်လျှောက်လုံးနဂါးပါ...တခါလေးမှ လူပုံစံ ဖြစ်မလာဖူးပါဘူး...'

      သူလေးက သူမကို ချစ်စရာကောင်းစွာ သူ့ရဲ့ တောက်ပနေတဲ့ ပြာလဲ့လဲ့မျက်ဝန်းတွေနဲ့ မော့ကြည့်လာပြီး ဖြေလာခဲ့တယ်၊၊

              "ဟေဇယ်က မေမေ အလိုချင်ဆုံး အရာ ဖြစ်လာတာ.."

         'ဒါဆို ငါ အရင်ဘဝမှာတုန်းက အာဏာကို လိုချင်ခဲ့လို့ သူက နဂါးအဖြစ်ပဲ ရှိနေခဲ့တာလား...ဒါဆို အခု သူက ဘာလို့ ကလေးလေး ဖြစ်နေရတာလဲ...'

             "ဒါဆို မင်းက ကလေးလိုချင်တာပေါ့...ကိုယ် မင်းကို အမြဲတမ်း တစ်ယောက်တော့ ပေးနိုင်ပါတယ်...မင်း ကိုယ့်ကို ပြောလိုက်ဖို့ပဲ လိုအပ်တာ.."

     ကေဆီမီရာဟာ သူတို့နားမှာ သူရှိနေသေးကြောင်း အသိပေးရင်း ကြားဝင်ပြောလိုက်တယ်၊၊

     သူ့စကားကို ကြားလိုက်တဲ့အခါမှာတော့ သားအမိနှစ်ယောက်ဟာ အမူအရာတမျိုးဆီနဲ့ သူ့ကို လှည့်ကြည့်လာခဲ့တယ်၊၊တစ်ယောက်ကတော့ မျက်နှာပြင်တခုလုံး နီရဲနေပြီး ပန်းမွေ့ရာကိုတောင် လောင်ကျွမ်းစေနိုင်တယ်၊၊နောက်တစ်ယောက်ကတော့ ဒေါသအထွက်လွန်နေပြီး သူကလည်း ပန်းမွေ့ရာကို မီးထရှို့တော့မလိုပါပဲ၊၊

She become a passive villainess-not(trans)Où les histoires vivent. Découvrez maintenant