Always Had Your Heart

685 99 0
                                    

       
Always Had Your Heart

       အေဒီရာဟာ စတီဖန်ကို သတိရသွားပြီး ကေဆီမီရာကို နောက်ကို ပြန်ဆွဲခေါ်လိုက်ပြီး သူ့ကို တင်ခေါ်သွားဖို့ရာ ဟေဇယ်ကို လေချွန်ခေါ်ဆောင်လိုက်တယ်၊၊
               "စတီဖန်ဆီ,.. သွား... ကေဆီမီရာ"

              "ဟေဇယ်!ငါ့ကို အောက်ချပေး..!အေဒီရာ...!ကိုယ်မင်းကို မထားခဲ့နိုင်ဘူး..!"

              "သွားတော့ ဟေဇယ်..!"

      အေဒီရာက မိခင်ဖြစ်သူကို နောက်မှာချန်ခဲ့ဖို့ရာ ဝန်လေးနေတဲ့ နဂါးလေးကို အမိန့်ပေးလိုက်တယ်၊၊ပြီးတော့ သူမက ကေဆီမီရာကို ဝမ်းနည်ဖွယ်ပြုံးပြလိုက်တယ်၊၊

              "ရှင်ကျွန်မကို ထားခဲ့တာ မဟုတ်ပါဘူး ကေဆီရဲ့၊၊ကျွန်မက ရှင့်ကို ထားစေခဲ့တာပါ၊၊ရှင့်နှလုံးသားက ကျွန်မဆီမှာ အမြဲရှိနေတယ်မဟုတ်လား၊၊ဒါကြောင့် ရှင့်ညီကို သွားကယ်ပါ ကေဆီ"

      နောက်တော့ သူမက ဟေဇယ်ကို ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်ခွာပြီး စတီဖန်ကို ရှာဖွေစေလိုက်တယ်၊၊သူမအနေနဲ့ ကေဆီမီရာရဲ့ ညီဖြစ်သူအပေါ် မယုံကြည်တာ မဟုတ်ဘူး၊၊စတီဖန်ဟာ အခု သူတို့အရှေ့ကလူထက် ပိုကြီးမားတဲ့ အန္တရယ်နဲ့ ရင်ဆိုင်နေရမှာကို စိုးရိမ်မိတာဖြစ်တယ်၊၊ပြီးတော့လည်း သူမအနေနဲ့ သူတို့ကို မသိစေချင်တဲ့ အကြောင်းအရာရှိနေသေးတယ်၊၊

              "ကျွန်မ အဆင်ပြေမှာပါ၊၊သူက ကျွန်မကို မနာကျင်စေနိုင်ပါဘူး၊၊အခု သွားတော့.."

     ဟေဇယ်က သူ့အမေဖြစ်သူရဲ့ အမိန့်ကို နာခံစွာ သူ့ဆန္ဒနဲ့ ကေဆီဆန္ဒကို ဆန့်ကျင်ပြီး အဝေးကို ပျံထွက်သွားတယ်၊၊
       ဟေဇယ်နဲ့ ကေဆီမီရာတို့ အဝေးကို ရောက်သွားတာ သေချာတဲ့အချိန်မှာတော့ အေဒီရာရဲ့ ဒူးတွေဟာ ပျော့ခွေယိုင်လာပြီး သူမဟာ မြေပြင်ပေါ်မှာ လဲကျသွားကာ အသက်ကို မနည်းလုရှူလိုက်ရတယ်၊၊အဆင်ပြေတယ်လို့ ဟန်ဆောင်နေခဲ့ရတာ တော်တော်ပင်ပန်းတယ်၊၊မတ်မတ်ရပ်နိုင်ဖို့ သူမမှာ ရှိတဲ့ ခွန်အားတွေအကုန်လုံးကိုတောင် အသုံးပြုခဲ့ရတယ်၊၊

              "ကိုယ့် အချစ်လေး...!"

            "ရပ်လိုက်စမ်းပါ၊၊ရှင် ကျွန်မကို မချစ်ဘူး၊၊ဘာကြောင့်လဲဆိုတော့ ရှင်သာ ကျွန်မကို ချစ်ရင် ရှင် ကျွန်မကို နာကျင်စေခဲ့မှာ မဟုတ်ဘူး......အိုင်းရစ်က ကျွန်မကို ဖျက်စီးနေတာကိုလည်း ရှင် ကူညီပေးခဲ့မှာ မဟုတ်ဘူး....."
 
            "အေဒီရာ..အချစ်လေး..ကိုယ့်ကို ယုံပါ၊၊ကိုယ့်မှာ ရွေးချယ်စရာအများကြီးမရှိခဲ့လို့ပါ၊၊ကေဆီမီရာက မင်းကို စွန့်လွှတ်လိုက်စေချင်ခဲ့တယ်၊၊ ဒါဆို မင်းက ကိုယ့်အပိုင် ဖြစ်လာလိမ့်မယ်လေ၊၊မင်းပဲ ကိုယ်တို့ အသက်ကြီးလာတဲ့ အခါကျရင်း မင်းက ကိုယ့်အပိုင်လုပ်မယ်လို့ ကတိပေးခဲ့တယ်လေ၊၊ကိုယ့်အချစ်လေး...... အဲဒါကပဲ ကိုယ့်ကို ကိုယ့်ရဲ့ အမုန်းတရား တွေ လက်စားချေချင်စိတ်တွေကနေ ရှောင်ဖယ်ပြီး ရှေ့ဆက်စေခဲ့တာ....မင်း မမှတ်မိတော့ဘူးလား...
               မင်း တစ်ယောက်တည်းကပဲ ကိုယ်နဲ့ ကိုယ့်ရဲ့ လက်စားချေလိုစိတ်တွေကြားမှာ ရပ်တည်နိုင်ခဲ့တာ၊၊မင်းသာ ကိုယ့်အနားမှာ ရှိရင် ကိုယ့်အနေနဲ့ အဲ့ဒီအရာတွေ အားလုံးကို လွှတ်ချနိုင်တယ်လို့ တွေးခဲ့တာ.....
              ဒါပေမယ့် မင်းက ကေဆီမီရာကို ရွေးချယ်ခဲ့တယ်!...ကိုယ့်မိသားစုကို သတ်ခဲ့တဲ့ လူရဲ့ သားကိုမှလေ...!ဒါ့ကြောင့် မင်းကမှ ကိုယ့်အပိုင် ဖြစ်မလာနိုင်ဘူးဆိုမှတော့ ...ဘယ်သူကမှ မင်းကို မပိုင်ဆိုင်နေစေရဘူး...ပြီးတော့ ဒီအင်ပါယာကလည်း ဒီနေ့မှာဘဲ ကျရှုံးသွားစေရမယ်..!"

She become a passive villainess-not(trans)Hikayelerin yaşadığı yer. Şimdi keşfedin