Touch me not

1.1K 174 1
                                    

Touch me not

နောက်ပိုင်း ရက်အနည်းငယ်ဟာလည်း ယောက်ျားလေးတွေဟာ အချင်းချင်းပြိုင်ဆိုင်လုပ်ကြရင်း မိန်းကလေးတွေကလည်း သူတို့လုပ်နိုင်တာလုပ်ကြရင်း သူတို့အဖွဲ့ဟာ တခြားသူတွေထပ် စောပြီးပြီး ကျန်တဲ့အချိန်တွေကို စိတ်ကြိုက်နေခွင့်ရနေဆဲပါပဲ။
ငါးရက်မြောက်နေ့မှာတော့ အေဒီရာဟာ ဖျားခဲ့တယ်။သူမ ရဲ့စိတ်စွမ်းအင်ဟာ ဟေဇယ်နဲ့ အကာအကွယ်အစည်းတို့ကြောင့် လျော့နည်းသွားပြီး ခန္ဓာကိုယ်ဟာ အားနည်းလာပြီး ဖျားသွားခြင်းဖြစ်သည်။
ဟေဇယ်ကို နာမည်ပေးလိုက်ခြင်းက သူမရဲ့ စွမ်းအင်တော်တော်များများကို ကုန်ဆုံးစေခဲ့တယ်။ဒါပေမယ့် သူမက နောင်တ မရပါဘူး။ဟေဇယ်ကိုနာမည်ပေးလိုက်ခြင်းက သူ့ကို အများကြီး ကြီးထွားလာစေပြီး ဒါက သူ့ကို ကောင်းကောင်းမွန်မွန် ကျန်းမာလာစေမယ်ဆိုရင် စွမ်းအင်အများကြီး ပေးရလည်း ကိစ္စမရှိပေ။
သူ့ကို နာမည်ပေးပြီးတဲ့နောက်မှာတော့ သူ့ရဲ့ သွင်ပြင်လက္ခဏာတွေက အရင်ကထပ် ပိုပြီး ထင်ရှားပေါ်လွင်လာတယ်။နောက်ဆုံးတော့ သူမဟာ ဟေဇယ်ကို အရင်ဘ၀ကထပ် ပိုပြီး နည်းနည်းစောစောတွေ့ခဲ့ရတာကို သေချာသွားတယ်။သူ့အမေနဲ့တောင် တခဏတွေ့လိုက်ရသေးသည်။
သူမက သိပ်ကို လှပတဲ့ နဂါးတစ်ကောင်ပါဘဲ။
--------
ပထမတော့ သူမဟာ ဒီနေ့အလုပ်တွေကို လုပ်ဖို့ စိတ်ကူးပါသေးသည်။သို့သော် ကေဆီက မလုပ်စေချင်ခဲ့ဘူး။သူက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ပြင်လို့ရမယ့်ပုံလည်း မပေါ်လေဘူး။သူက ကလေးက အမေကို ပြုစုတာပိုကောင်းမယ်ဆိုပြီး သူ့အခန်းမှာ နားစေခဲ့တယ်။တကယ်တော့ ဒါက သူ့အစား ဟေဇယ်ကို သူမအား စောင့်ကြည့်စေခိုင်းခြင်းပင်။
ဒီနေ့မှာတော့ သူတို့အဖွဲ့ဟာ အလုပ်လုပ်တာ အနှေးဆုံးဖြစ်သည်။ဆရာတွေဟာ စိုးရိမ်လာပြီး မယ်လီဆာကို ခေါ်ပြီး မေးမြန်းခဲ့တယ်။
"မင်းတို့ အသင်းက ဘယ်လိုဖြစ်လို့ ဒီနေ့ အရမ်းနှေးနေရတာလဲ။တော်တော်များများက သူတို့အလုပ်တွေ ပြီးနေချိန်မှာ မင်းတို့ အဖွဲ့က တစ်ဝက်ပဲ ပြီးသေးပါ့လား"
"ကျွန်မတောင်းပန်ပါတယ် ပရော်ဖက်ဆာ။မင်းသားလေးနဲ့ သခင်လေး ဒလယ်ဗားရစ်က သခင်မလေး ဆလယ်ဗားရစ်မရှိတာကြောင့် စိတ်ဓာတ်ကျနေပုံ ရပါတယ်"
"သခင်မလေး ဆလယ်ဗားရစ်?ဒါတွေအားလုံးနဲ့ သူမက ဘယ်လို ဆက်စပ်နေပါလိမ့်"
သူမ စကားကို အဓိပ္ပါယ်ကောက်လွဲမှာ စိုးရိမ်စွာနဲ့ မယ်လီဆာက အလျင်အမြန် ပြန်ဖြေလိုက်တယ်။
"ပရော်ဖက်ဆာ ထင်သလို မဟုတ်ပါဘူး။သခင်မလေးဆလယ်ဗားရစ်ရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် သူတို့နှစ်ယောက်က ပြိုင်ဆိုင်တတ်ကြပါတယ်။မင်းသားလေး အလုပ်မြန်မြန်ပြီးချိန်က သခင်မလေး ကွတ်ကီး လုပ်ကျွေးချိန်ကစလို့ပါပဲ။သခင်လေးဒလယ်ဗားရစ်ကလည်း ဒါကို လိုချင်နေပုံပါပဲ"
"ဒါ မဖြစ်နိုင်လိုက်တာ။မင်းသားလေးက ကွတ်ကီးအတွက် ဒီလို အပြိုင်အဆိုင် လုပ်တယ်တဲ့လား။တခြားတခုကြောင့် ဖြစ်နိင်တာပဲ"ပရော်ဖက်ဆာက တွေးတောရေရွတ်လိုက်တယ်။
ဒါပေမယ့် သူက တကယ်ပဲ သခင်မလေးဆလယ်ဗားရစ်လုပ်ပေးတဲ့ ကွတ်ကီးတွေကြောင့် လုပ်နေတာ။အထူးသဖြင့် သူမအပြုံးကို သူမြင်ရဖို့အတွက်ပေါ့။
မယ်လီဆာဟာ အားမပါစွာ လုပ်နေကြတဲ့ ယောက်ျားလေးတွေကို ကြည့်ပြီး စိတ်ထဲကနေ ပြောလိုက်တယ်။
ကေဆီမီရာဟာ အရင်နေ့တွေလိုပဲ အေဒီရာ အလုပ်တွေကို အစားလုပ်ပေးနေပေမယ့် သူမကို စိုးရိမ်နေတာကြောင့် လုပ်သမျှကို အာရုံမစိုက်နိုင်လေဘူး။
တဖက်မှာလည်း ထရီတန်ဟာ အလုပ်လုပ်ဖို့ စိတ်ထက်သန်မှု ရှိမနေလေဘူး။ဒီနေ့ သူဟာ သူမရဲ့ ရယ်မောသံလေးတွေ မကြားရဘူးလေ။သူမနဲ့ သူ့ရဲ့ စကားပြောရတဲ့အချိန်တွေက ရှားလွန်းပေမယ့် အဲ့လိုအချိန်တွေမှာ သူဟာ သိပ်ကို ပျော်ရွှင်လေတယ်။သူမရဲ့ အသံကတင် သူ့ကို စိတ်ပျော်ရွှင်စေသည်။
အိုင်းရစ် ကတော့စိတ်တွေတခြားရောက်နေသည့် ကေဆီမီရာကို ဆွဲဆောင်နေလေသည်။
....
ဘယ်လောက်တောင် ကြာပြီမှန်းမသိတဲ့ အချိန်အတွင်းမှာတော့ သူတို့အလုပ်တွေ ပြီးသွားကြပြီး ကေဆီမီရာ သူ့အခန်းဆီကို ပြန်လာခဲ့တယ်။အပြန်လမ်းက မြက်ခင်းတွေကို ဖြတ်တဲ့အချိန်မှာ သူက ကျယ်လောင်တဲ့ ရယ်မောသံကို ကြားလိုက်ရတယ်။အစကတော့ သူဟာ ပြန်လှည့်ကြည့်ဖို့ စိတ်ကူးမရှိပေ။ဒါပေမယ့် ဒီအသံဟာ ကြက်သီးထဖွယ်ကောင်းတဲ့အတွက် သူ့အခန်းဖက်ကို ရောက်လာခဲ့ရင် အေဒီရာ ကြားပြီး လန့်သွားမှာကို စိုးရိမ်မိတယ်။ဒါကြောင့် သူက ဒီအသံပိုင်ရှင်ကို မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူ သူ့ခေါင်းကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ကို ကြည့်နေတဲ့ ပယင်းရောင် မျက်လုံးတစုံကို တွေ့လိုက်ရတယ်။သူမခေါင်းမှာ ပန်းပွင့်တပွင့်ကို ပန်ဆင်ထားပြီး သူမက Touch me not ပန်းလေးလို ရှက်ရွံ့စွာ ပြုံးပြလာတယ်။
"မင်းသားကို နှုတ်ဆက်ပါတယ်။ဒီလို နေရာမျိုးမှာ တွေ့ရမယ်လို့ မထင်ထားမိဘူး"
တကယ်တော့ သူမက ခုလိုမျိုးသူနဲ့ ဆုံဖို့ အတော်ကြာစောင့်နေခဲ့တာဖြစ်သည်။သူ ပြန်တဲ့အခါ ဒီနားက ဖြတ်ရမည်ကို သူမ သိထားသည်လေ။
"မင်း ဒီနေရာမှာ ရှိမနေသင့်ဘူး"ကေဆီမီရာက အေးစက်စွာ ပြောလိုက်တယ်။ဒါပေမယ့် သူမကတော့ တောက်ပစွာ ပြုံးပြနေဆဲပါပဲ။
သူမနားထဲမှာ သူ့စကားကို 'ဒီနေ့က အေးတယ်။မင်းကိုယ်မင်း အအေးမပတ်စေသင့်ဘူး'ဟု ဘာသာပြန်လိုက်လေသည်။
"အမ် ကျွန်မကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းသား။"
"ဟမ်"
"အို အမ် မင်းသား ကျွန်မ ကွတ်ကီးတချို့လုပ်ထားပါတယ်။အစကတော့ သခင်မလေး ဆလယ်ဗားရစ်နဲ့ ခွဲဝေစားမလို့ပါပဲ။ဒါပေမယ့် သူမကို ရှာမတွေ့ဘူး။သူမ သခင်လေး ဒလယ်ဗားရစ်နဲ့ အပြင်ထွက်သွားတယ် ထင်ပါတယ်။"
ဒီမိန်းကလေး ဘာပြောတာလဲ။အေဒီရာက ငါ့အခန်းထဲမှာ မဟုတ်ဘူးလား။သူမကို အေဒီရာ မပြောခဲ့ဘူးလား။
"ဒါပေမယ့် ဒါအတွက် မစိုးရိမ်ပါနဲ့။သူတို့က သူငယ်ချင်းတွေပဲ ဆိုတာ ကျွန်မသိပါတယ်။ဒါနဲ့ ဒီကွတ်ကီးတွေကို မင်းသားကို ပေးပါရစေ။မင်းသားကြိုက်မယ်လို့ မျော်လင့်မိပါတယ်။"
သူမ ဒီကွတ်ကီးတွေကို တညလုံးထပ်ခါထပ်ခါ လုပ်ထားခဲ့ရပြီး အဲ့ထဲကမှ အကောင်းဆုံးဆိုတာတွေကို ရွေးယူလာတာဖြစ်သည်။မင်းသားက အေဒီရာလုပ်ပေးထားသော ကွတ်ကီးတွေကို နှစ်နှစ်သက်သက်စားတာကြောင့် ကွတ်ကီးတွေကို ကြိုက်မယ်ထင်သောကြောင့် ခုလို လုပ်လာခြင်းဖြစ်သည်။
သူမ မသိတာက ကေဆီမီရာဟာ အေဒီရာလုပ်ပေးတဲ့ ကွတ်ကီးကိုသာ နှစ်သက်ခြင်းဖြစ်သည်။သူက မြေပဲဆံတွေထပ်တင်ထားတဲ့ ကွတ်ကီးတွေကို ကြည့်ပြီး ယူလိုက်တယ်။
"ကျေးဇူးပဲ။မင်း အခု ပြန်သင့်ပြီ"သူက ပြောလိုက်ပြီး ပြန်လည့်လိုက်တယ်။သူက အေဒီရာနဲ့တွေ့ဖို့ အမြန်ပြန်ချင်နေပြီး ဒီမှာ ကြာကြာနေလိုစိတ်မရှိလေဘူး။
ကေဆီမီရာ စကားကို ကြားကြားချင်းမှာဘဲ အိုင်းရစ်က ပြုံးပျော်သွားတယ်။မင်းသားက သူမပေးတဲ့ မုန့်ကို ယူသွားပြီး သူမကို ဂရုစိုက်သားပဲ။
အေဒီရာက သူမကို မင်းသားက ချစ်တယ်လို့ အထင်မှားနေတာပဲ။သူမဆီက မင်းသားကို ဆွဲယူရတာ ထင်သလောက် မခက်ပါ့လား။သူမက သူ့အပေါ် ကောင်းကောင်း မချည်နှောင်နိုက်ဘူးပဲ ဟမ်။
Well သူက ရုတ်တရက် ငါ့လက်ထဲကို ရောက်လာခဲ့ရင် ငါ့အပြစ် မဟုတ်ဘူးနော် အေဒီရာ။
ပြန်သွားတဲ့ ကေဆီမီရာကို ကြည့်ရင်းနဲ့ သူမက တွေးနေခဲ့တယ်။နောက်တော့ သူမက ပျော်ရွှင်မြူးထူးစွာနဲ့ သူမအခန်းဆီကို ပြန်လာလိုက်တယ်။
........
တံခါးးဖွင့်လိုက်လိုက်ခြင်းမှာဘဲ ကေဆီမီရာဟာ အေဒီရာက အိပ်ပျော်နေဆဲဆိုတာ တွေ့လိုက်ရတယ်။ဟေဇယ်ကလည်း သူမ လက်မောင်းထဲမှာ ခွေဝင်အိပ်နေလေတယ်။
တံခါးဖွင့်သံကြောင့် ဟေဇယ်ဟာနိုးလာပြီး ၀င်လာသူကို ကြည့်လိုက်တယ်။သူမှန်းသိတဲ့ အခါမှာတော့ ဂရုမစိုက်လေဟန် ပြန်အိပ်ဖို့ လုပ်လိုက်တယ်။
ကေဆီမီရာက ပြုံးလိုက်ပြီး အေဒီရာ့ အနားကို လျှောက်လာကာ အပူချိန်စမ်းလိုက်တယ်။မနက်ကထပ်တော့ အတော်လေး သက်သာသွားပြီးပဲ။
"သူမ အစား စားရဲ့လား"သူက မေးလိုက်တယ်။
နဂါးလေးက ခေါင်းငြိမ့်ပြတယ်။
"သူမ ဆေးရော သောက်ရဲ့လား။"
ဟေဇယ်က နောက်တကြိမ် ခေါင်းငြိမ့်ပြတယ်။
"အသေးလေးက အမေကို ကောင်းကောင်းစောင့်ရှောက်ထားတာပဲ။အဖေ မင်းအတွက်ပေးစရာရှိတယ်။မင်းအမေဟာလောက် ကာင်းမယ်မထင်ပေမယ့် အဆင်ပြေမှာပါ။ဒီမှာ"ကေဆီက သူ့ကို ကွတ်ကီးအနည်းငယ်ပေးလိုက်တယ်။
ဟေဇယ်ဟာ သူ့ရဲ့ 'မင်းအမေးကို ကောင်းကောင်းစောင့်ရှောက်ထားတာပဲ'ဆိုတဲ့ စကားကြောင့် သူ့ကို ပျှော်စွာကြည့်လိုက်ပြီး ကွတ်ကီးကို ယူလိုက်တယ်။
ဟေဇယ် အမူအရာကြောင့် သူက ရယ်မောလိုက်တယ်။
ဒါပေမယ် ဟေဇယ်ဟာ နည်းနည်းပဲ ကိုက်လိုက်ပြီး မနှစ်သက်သလို သူ့အမေ ရင်ခွင်ကြားမှာ အိပ်ဖို့ ပြန်ပြင်လိုက်တယ်။
"မင်းအတွက်လည်း မင်းအမေ ကွတ်ကီးတွေကပဲ စိတ်ကျေနပ်စေတာ ထင်ပါရဲ့ ဟင်"
သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

She become a passive villainess-not(trans)Where stories live. Discover now