Alexdar Vuori

772 120 0
                                    

     Alexander  Vuori

     အေဒီရာရဲ့ရက်တွေဟာ ပုံမှန်လိုပဲဖြတ်သန်းခဲ့တယ်။သူမက ဆလယ်ဗားရစ်အိမ်တော်ကို မိဘတွေနဲ့အတူပြန်လာခဲ့ပြီး ကေဆီမီရာဟာလည်း မကြာခဏအလည်လာတယ်။
     အဲလက်ဇမ်းဒါးနဲ့လီယွန်တို့ဟာလည်း အေဒီရာနဲ့အတူ ဆလယ်ဗားရစ်အိမ်တော်အပြန်ကိုလိုက်ပါခဲ့ကြပြီး မင်းကြီးကိုယ်တိုင်ရဲ့ခွင့်ပြုချက်နဲ့အတူ မင်းသားရဲ့အမိန့်အတိုင်း အိမ်တော်မှာနေရစ်ခဲ့တယ်။
       Well သူက လုံးဝထောက်ပံ့ပေးတဲ့အဖေတစ်ယောက်ရထားတာပဲ။
      အခုအဲလက်စ်ဟာ အေဒီရာကို အဖော်ပြုပြီး ဥယျာဉ်ထဲမှာ လမ်းလျောက်နေခဲ့တယ်။အစကတော့ သူက သူမကို ဒီဝင်္ကပါထဲမှာ ဒီတိုင်းဦးတည်ရာမဲ့ လျှောက်သွားနေတယ် ထင်ခဲ့ပေမယ့် သူတို့ဟာ ထွက်ပေါက်တခုကို ရောက်သွားခဲ့တယ်။အဲဒီထွက်ပေါက်ဟာ သေချာဖုံးကွယ်နေပြီး မသိတဲ့သူသာဆိုရင် ဒါကို ရိုးရိုးနံရံတခုထင်ပြီး ကျော်သွားမှာ အသေအချာပင်။
     တကယ်တော့ အေဒီရာဟာ ဒီထွက်ပေါက်ကို တမင်လာခဲ့တာဖြစ်ပြီး ဒီလှို့ဝှက်နေရာအကြောင်း အဲလက်ဇမ်းဒါးအား တမင်သိစေချင်ခဲ့တာဖြစ်သည်။
         "သခင်မလေး ဒီနေရာမှာ ထွက်ပေါက်ရှိနေတာလား"
          "ဟုတ်တယ် ဒါက ကျွန်မရဲ့လှို့ဝှက်ချက်ပဲ။အခု ကျွန်မ ရှင့်ကို မေးစရာရှိတယ် အဲလက်စ်"
     သေချာပေါက် ရင်းနှီးဖော်ရွှေတတ်ပြီး သိမ်မွေ့တတ်ကာ ချစ်စရာကောင်းသော အေဒီရာဟာ အဲလက်ဇမ်းဒါးရဲ့ သစ္စာစောင့်သိမှုအပြင် သူ့ရဲ့ပထမဦးစားပေးအဖြစ်ပါ အချိန်တိုအတွင်း ရရှိခဲ့တယ်။
      ဒါက အံ့သြစရာတော့မဟုတ်နေပါဘူး။ဘယ်သူကများ လွတ်မြောက်နိုင်မှာလဲလေ။
           "ဟုတ်ကဲ့ ဘာများလဲ သခင်မလေး"
           "ရှင်နဲ့အရှင်မင်းသား ဘယ်သူက ပိုပြီး သန်မာသလဲ"
      အေဒီရာဟာ နွယ်တွေနဲ့ဖုံးအုပ်ထားတဲ့ အကာကို ဖယ်လိုက်ရင်း လမ်းကျဉ်းလေးကို လျှောက်ဝင်ရင်းက မေးလိုက်တယ်။အဲလက်ဇမ်းဒါးဟာလည်းသူမနောက်ကနေ လိုက်ဝင်လာခဲ့တယ်။
           "သေချာပေါက် အရှင်မင်းသားပဲပေါ့ သခင်မလေး"
           "သူပြီးရင်ကော ဘယ်သူလဲ"
           "ရိုမန်ဖြစ်လိမ့်မယ် သခင်မလေး"
     အိုးးးဒီအတွင်းရေးမှူးက တကယ်သန်မာတာပဲ။သူက စိတ်တာ့ အားနည်းလွန်းတယ်။
           "ဒါဆို ရိုမန် ပြီးရင်ကော?"
           "အဲဒါဆိုရင် ကျွန်တော်နဲ့ ဝီလီယမ်တို့ ဖြစ်ပါလိမ့်မယ်"
           "ဒါဆို အဆင်ပြေသွားပြီ"
      သူမ ပြုံးရွှင်သွားတယ်။သူတို့ဟာ လှိုဏ်ဂူပေါက်လေးကို လမ်းကျဉ်းကျဉ်းလေးကို ဖြတ်သန်းပြီးချိန်မှာတော့ ကြီးမားလှတဲ့ လေ့ကျင့်ရေးခန်းမထဲကို ရောက်ရှိသွားခဲ့တယ်။
           "ရှင် ကျွန်မနဲ့ လေ့ကျင့်ပေးရမယ်"
..........
      နှစ်နာရီကြာ လေ့ကျင့်ပြီးချိန်မှာတော့ အေဒီရာအတွက် လုံးဝ ရှုံးနေခဲ့ပြီ။
      နောက်ဆုံးတော့ သူမထက်ပိုသန်မာတဲ့သူကို တွေ့ခဲ့ရပြီး သူက ကေဆီမီရာပြီးရင် တတိယမြောက် အသန်မာဆုံးသူပင်။
      အေဒီရာဟာ ယောက်ျားလေးဝတ်ဆုံကို ဝတ်ဆင်တုန်းက အဲလက်ဇမ်းဒါးဟာ သူမကို ထူးဆန်းသလို ကြည့်လိုက်မိတယ်။ သူမက ဒီအဝတ်အစားတွေနဲ့ မလိုက်ဖက်လို့မဟုတ်ဘဲ ဆန့်ကျင်ဘက်ဖြစ်စွာ သူမနဲ့ အလွန်လိုက်ဖက်နေ၍ဖြစ်သည်။
သူ့အနေနဲ့ သူမရဲ့မူရင်း မျိုးဇကိုပါ မေးခွန်းထုတ်ချင်လာတယ်။
          "သခင်မလေးအေဒီရာ အရင်ဆုံး အနားယူလိုက်ပါလား"
     သူက ဒူးပေါ်ကို လက်ထောက်ကာ မောပန်းနေတဲ့အေဒီရာကိုယ်ကို ထိန်းပေးရန် လက်ကမ်းရင်းက ဆိုလိုက်တယ်။
     သူမက လက်မြောက်ခါလိုက်ရင်း သူမ အဆင်ပြေကြောင်းပြလိုက်တယ်။နောက် သူမရေတဘူးကိုအဝသောက်လိုက်ပြီး မောပန်းသံနဲ့ ထပ်ပြောလိုက်တယ်။
          "နောက်တခါ ထပ်လေ့ကျင့်မယ်"
     အဲလက်ဇမ်းဒါးဟာ မငြင်းဆန်နိုင်စွာဘဲ သူမတခါထပ်ပြီး စတင်တိုက်ခိုက်လာဖို့ကို စောင့်နေလိုက်တယ်။အခုချိန်ထိ သူ လုပ်နေရတာက သူမ တိုက်ခိုက်လာသမျှကို ခုခံတာပဲဖြစ်သည်။နောက် သူတတ်နိုင်တဲ့အချိန်တွေမှာ အနည်းငယ်တိုက်ခိုက်တာမျိုးပဲဖြစ်သည်။
      သူ့အနေနဲ့ မည်းနက်ပြီး ရှည်လျားကြီးမားလှတဲ့ သတ္တဝါတစ်ကောင် လှဲလှောင်းကာ သူ့ရဲ့ မှုန်းမှိုင်းတဲ့အငွေ့အသက်တွေပါတဲ့မျက်ဝန်းတစုံနဲ့ သူ့ကို အချိန်မရွေး လောင်ကျွမ်းသွားစေနိုင်သလိုမျိုး စောင့်ကြည့်နေတာကို ခံစားနေရလေတယ်။
      ဘယ်လို အချိန်မျိုးတွေလဲဆိုရင် သူ သူမကို အမှုမဲ့မသိလိုက်ဘဲ ပြန်လည်တိုက်ခိုက်ချိန်မှာ လိုအပ်တာထပ်ပိုပြီး အားထည့်မိကာ သူမကို လက်မောင်းပေါ်ကနေလွှဲချလိုက်တဲ့အခါတို့ ဒါမှမဟုတ် သူ သူမအရိုးတွေ ကျိုးတော့မလို သူမလက်မောင်းကို လိမ်လိုက်မိတဲ့အခါတွေမှာဖြစ်သည်။
      သူ့နှလုံးသားက အဲ့လိုချိန်မျိုးမှာဆိုရင် အဆမတန်ခုန်နေတတ်ပြီး သူ့နဖူးကနေချွေးစေးတွေကျနေတာကို သူခံစားရမိတယ်။
      သူက စောင့်နေချိန်မှာ အေဒီရာဟာ သူမသူ့ကိုတိုက်ခိုက်နိုင်မည့် နေရာတွေကို သေချာပြန်စဉ်းစားနေခဲ့တယ်။သူမက သူ့ရဲ့ ဘယ်တော့ဖြစ်ဖြစ် ညာဘက်ခြေထောက်ကနေစတတ်တာကိုလည်း သတိထားမိလေတယ်။
       ဒါတွေက သူမသိခဲ့ရတဲ့အချက်လေးတွေပင်။အခု သူမလုပ်ရမည်က ဒီအချက်လေးတွေကိုသုံးပြီး တချက်လောက်ထိအောင် လုပ်ရမှာပင်။
      သူမက ရှေ့ကိုဆက်ခနဲလှမ်းလိုက်ပြီး အဲလက်ဇမ်းဒါးဟာ သူ့ရဲ့ဘယ်ဘက်ကနေလာမယ့် ကြီးမားလှတဲ့ လွှဲချက်တခုကို ရင်ဆိုင်ဖို့လုပ်လိုက်တယ်။ဒါပေမယ့် သူမ အဲ့လို မလုပ်ခဲ့ဘူး။အဲ့ဒီအစား သူမက သူ့ရဲ့ညာဘက်ကို ဆက်ခနဲငုံ့လိုက်ပြီး သူ့ကိုလှဲဖို့ရာအတွက် ခြေထောက်ကို လွှဲလိုက်တယ်။
     အဲလက်ဇမ်းဒါးဟာ လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သူမနဲ့သူ့အကြားအကွားအဝေးတခုထားဖို့ရာ ခုန်လိုက်ကာ သူမဆီကနေရှောင်လိုက်တယ်။ဒါပေမယ့် အေဒီရာက သူ့ကို ဆက်လိုက်ပြီးတိုက်ခိုက်လေတယ်။
     သူမက ထိုးချက်တချက်ပြီး တချက် ကန်ချက်တချက်ပြီးတစ်ချက် ပစ်လွှတ်ပေမယ့် အကုန်လုံးကို အဲလက်ဇမ်းဒါးဟာ ခုခံနိုင်လေတယ်။
     သူမက သူ့ခေါင်းကိုဖမ်းမိသွားပြီး သူမဒူးကိုပစ်သွင်းဖို့လုပ်လိုက်ချိန်မှာတော့ အဲလက်ဇမ်းဒါးဟာ တုံ့ပြန်လိုက်ပေမယ့် အရာမထင်ဘဲ သူမဟာ သူ့လည်ပင်းကို ခြေထောက်တွေနဲ့တွယ်ပြီး ချိတ်ထားကာ သူ့ခေါင်းကို အနောက်ကိုဆွဲကာ သူ့လည်ပင်းကို အဓိကထားပြီး တိုက်ခိုက်ဖို့ လုပ်လာခဲ့တယ်။
     အဲလက်ဇမ်းဒါးဟာ လျင်မြန်စွာဘဲ သူမရဲ့ကြီးမားလှတဲ့တိုးတက်မှုနဲ့အတူ အရာတွေကို လျင်မြန်စွာ ပြုလုပ်လာမှုတို့ကြောင့် သေချာမစဉ်းစားနိုင်တော့ဘဲ သူက သူမကို အောက်ကို အရှိန်ပြင်းစွာ ဆွဲချလိုက်မိတယ်။
     အေဒီရာဟာ မြေပြင်ပေါ်ကာ နာကျင်စွာကျသွားပြီး ညည်းညူးသံနဲ့အတူ ချောင်းပါဆိုးလာတော့တယ်။
           "ဘုရားရေ..ကျွန်တော် တောင်းပန်ပါတယ် သခင်မလေး။ကျွန်တော် သခင်မလေးကို ခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်းဆွဲချစေမိဖို့ မရည်ရွယ်ပါဘူး။အမလေး အမှောင်နတ်ဆိုးကတော့ ကျွန်တော့်ကို တစ်ကိုယ်လုံး ဝါးမျိုတော့မှာဘဲ"
     သူက အထိတ်တလန့်နဲ့ ပြောလာပြီး သူမကိုပွေ့လိုက်ကာ နန်းတော်ဆီကိုပြန်ခေါ်သွားဖို့လုပ်လေတယ်။သူမက သူ့ရင်ဘက်ကို ပုတ်လိုက်ပြီး သူ့အာရုံကို ယူလိုက်ကာ
         "ကျွန်မ...အဆင်ပြေပါတယ်"
      သူမက ချောင်းဆိုးနေရင်းက ဆိုလိုက်တယ်။
           "ဒါပေမယ့် သခင်မလေး"
           "ကျွန်မကို ပြန်ပို့ရင် အရှင်မင်းသားက သိသွားမယ်။သူသိသွားရင် ရှင့်ကို လည်ပင်းဖြတ်လိမ့်မယ်။ရှင်က ဒီလိုဖြစ်ချင်လို့လား"
     သူမက သူ့ကို ခြောက်လှန့်လိုက်တယ်။
            "ကျွန်တော် သိပါတယ် သခင်မလေး။ဒါပေမယ့် ကျွန်တော်ကြောင့် သခင်မလေး အနာတရဖြစ်သွားတာကို ပစ်မထားနိုင်ပါဘူး။သခင်မလေး နာကျင်နေမှာထက် ကျွန်တော်သေဖို့ အဆင်ပြေပါတယ်"
        Oh ဘုရားရေ။နောက်ထပ် သစ္စာစောင့်သိလွန်းတဲ့ ငတုံးတစ်ယောက်ပဲ။ငါဒါကို သဘောကျပေမယ့် အခုတော့ တကယ်မဟုတ်သေးဘူး။ငါ မင်းကို ကယ်ဖို့ ပြောနေရတာ။ကျေးဇူးပြုပြီးပူးပေါင်းပေးစမ်းပါ။
           "မဟုတ်ဘူး။ကျွန်မ တကယ် အဆင်ပြေပါတယ်။အခု ကျွန်မကို အောက်ချပေးပါ။ဒါ အမိန့်ပဲ"
     သူမက သူမရဲ့ လွမ်းမိုးနိုက်စွမ်းအပြည့်သုံးကာ သူ့ကို အမိန့်ပေးလိုက်တယ်။ဒါက အလုပ်ဖြစ်သွားခဲ့တယ်။သူက သူမကို ငြင်သာစွာ အောက်ချပေးပြီး သူမတည်ငြိမ်စွာရပ်နိုင်အောင် ကူပေးလိုက်တယ်။
        Wow,ငါ လုံလုံလောက်လောက် ရှင်းပြနိုင်ပါ့မလား မသိဘူး။
          "အဲလက်ဇမ်းဒါး ရှင့်ရဲ့ကျွန်မအပေါ်ဂရုစိုက်မှုနဲ့ သစ္စာသိမှုကို ကျွန်မတကယ် တန်ဖိုးထားပါတယ်။ဒါပေမယ့် ကျွန်မတကယ်လိုနေတာက လုံလောက်တဲ့ လေ့ကျင့်ရေးပါ။ကျွန်မ အခု ရှင့်လှုပ်ရှားမှုတွေကနေ တချို့အရာတွေကို သင်ယူနိုင်ပေမယ့် ဒါက မလုံလောက်သေးဘူး။ကျွန်မကို ပိုပြီးပြသပေးပါ။လေ့ကျင့်ပေးပါ။ဟုတ်ပြီလား"
           "ဒါပေမယ့် သခင်မလေး အသင်က ဘာလို့ တိုက်ခိုက်တတ်ဖို့ သင်ယူဖို့ လိုတာလဲ။အရှင်မင်းသားက သင့်ကို ကာကွယ်ပေးမှာပါ။အသင် အသင်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိပါဘူး"
          "ပြီးတော့ သူ့ကို ဘယ်သူ ကာကွယ်ပေးမလဲ"
           "ဘာကို?"
           "ကျွန်မရှင့်ကို မေးတာက အရှင်မင်းသားက ကျွန်မကို ကာကွယ်မယ်ဆို သူ့ကို ဘယ်သူက ကာကွယ်မှာလဲလို့။အသန်မားဆုံးကို ဘယ်သူက ကာကွယ်ပေးမှာလဲလို့။ကျွန်မက ကျွန်မကို ကျွန်မစတေးမှာမဟုတ်ဘူး(ငါ့ကို ဖျက်စီးမယ့်လမ်းကို လိုလိုလားလား လျောက်သွားပြီး)သူက ကျွန်မကို ကာကွယ်မှာပဲ။
             မိန်းကလေးတွေမှာလည်း သူတို့ကာကွယ်ချင်တဲ့ အရာတွေရှိတယ်။ပြီးတော့ ကျွန်မက သေချာပေါက် သူ့နောက်မှာဘဲ ပုံးကွယ်နေမှာ မဟုတ်ဘူး။ကျွန်မက သူနဲ့အတူတူ တိုက်ခိုက်သွားမှာ။ကျွန်မ သူ့ကို တစ်ယောက်တည်း ထားမှာမဟုတ်ဘူး။ငရဲမှာဘဲဖြစ်ဖြစ် နတ်ပြည်မှာဘဲ ဖြစ်ဖြစ်"
     ပြတ်သားမှုတွေက သူမရဲ့တောက်ပလှတဲ့မီးခိုးရောင်မျက်လုံးတွေမှာ ပေါ်နေပြီး မတုန်လှုပ်သောစိတ်နဲ့အတူ ကေဆီမီရာအပေါ် ယုံကြည်ချက်ပြင်းပြမှုကိုပါ ဖော်ပြနေလေတယ်။သူက အကြည့်ကို မလွှဲနိုင်လေဘူး။
       သူ့အနေနဲ့ သူမရဲ့ တောက်ပနေတဲ့နေတဲ့ မျက်ဝန်းတွေပေါ်က သူ့ပုံရိပ်ကို မြင်နေရပြီး သူက အဲ့ထဲကနေ ရုန်းမထွက်နိုင်တော့သလို ခံစားနေရလေတယ်။သူမမျက်ဝန်းတွေဟာ ကြယ်တွေအများကြီး စုဝေးထားပြီး ဖီးနစ်ငှက်ရဲ့မီးတောက်တခုလို တောက်ပနေလေတယ်။သူက ဒူးတဖက်ထောက်လိုက်ပြီး သူ့လက်သီးဆုပ်ကို ရင်ဘက်နားမှာတင်လိုက်ကာ သစ္စာပြုလိုက်တယ်။
           "ကျွန်ုပ် မားကွတ်စ် ဗွီအိုရီ၏ တစ်ဦးတည်းသော ဆက်ခံသူ အဲလက်ဇမ်းဒါး ဗွီအိုရီသည် ဗာဆိုင်းလူးအက်စ် အင်ပါယာ၏ အနာဂတ်ဘုရင်မလောင်း အေဒီရာ ရေမီရာ အေရာ ဆလယ်ဗားရစ်အား သေဆုံးသည်အထိ အလုံးစုံ သစ္စာစောင့်သိသွားမည်ဟု သစ္စာပြုပါသည်။
         အရှင်မရဲ့ပန်းတိုင်ရောက်သည်အထိ ကျွန်တော်အစွမ်းကုန်ကူညီပေးပါ့မယ်။ကျွန်တော့မှာ ရှိတဲ့ အသိပညာ နည်းလမ်းနဲ့ ကျွမ်းကျင်မှုတွေအားလုံး သင်ပြပေးပါ့မယ်။ကျွန်တော်က အခုချိန်ကစပြီး အရှင်မရဲ့ညွှန်ကြားမှုအောက်မှာပါ ကျွန်တော့်ရဲ့ဘုရင်မ"
        ဟင်းးကေဆီ  ကျွန်မတော့ ရှင့်ရဲ့ယုံကြည်ရတဲ့သစ္စာရှိသူတစ်ယောက်ကို လုယူမိသလိုဖြစ်ပြီထင်တယ်။သူက ကျွန်မရဲ့ဘက်ကို ကျော်တက်လာရုံပါပဲ။ဒါက အဆင်ပြေတယ်မို့လား ။
        *********

She become a passive villainess-not(trans)Where stories live. Discover now