She is not

744 104 0
                                    

She is not
      
            "နေ..နေပါဦး..အ....အရှင်မင်းသား...ဒါက ဘာကိုဆိုလိုတာပါလဲ၊၊အရှင်က ဘာ...ဘာလို့ ကျွန်မအဖေကို ရုတ်တရက် ဖမ်းရတာပါလဲ"
       အိုင်းရစ်ဟာ ရိုမန်ရဲ့ လျောက်တင်မှုမဆုံး ခင်မှာဘဲ ဖြတ်ပြီး ဒေါသတကြီးနဲ့ အော်ပြောလာတယ်၊၊သူက သူမကို လက်မခံနိုင်ဖွယ်အကြည့်တချက်ပေးလိုက်ပေမယ့် ဘာမှတော့ မပြောလေဘူး၊၊
       ကေဆီမီရာက အိုင်းရစ်ကို ပါးစပ်ပိတ်ထားဖို့ရာ လက်ဝှေ့ရမ်းပြလိုက်ပြီး သူက ဆိုဖာပေါ်ကို နွမ်းလျစွာ ထိုင်လိုက်ရင်းက ရိုမန်ကို ဆက်ပြောစေလိုက်တယ်၊၊
             "နောက်ပြီး တော်ဝင်နဲ့ အဆင့်မြင့်တွေက သခင်မလေးအေဒီရာက အနိုင်ကျင့်တယ်ဆိုတာဟာ သတင်းမှားဖြစ်ပြီး တကယ်တော့ သခင်မလေး အေဒီရာက သူတို့ကို အခွင့်ရှိတိုင်း အကူအညီပေးလေ့ရှိကြောင်း ‌ပြောကြားကြပါတယ်၊၊
            အမတ်ငယ် လက်တီဖိုလီရာရဲ့ မြေအောက်ဈေးကွက်မှာ လူကုန်ကူးမှုကို အမြစ်ပါမကျန် သုတ်သင်ပစ်လိုက်ပြီး ဖြစ်ပြီး စစ်သည်တော်တွေက  သူ့ရဲ့အိမ်တော်မှာ အမှောင်မှော်စွမ်းအားတွေနဲ့ ပြည့်နေတဲ့ အခန်းတခန်းကို တွေ့ရှိကြောင်း ‌ပြောလာပါတယ် အရှင်မင်းသား!"
        ကေဆီမီရာက လက်ကို မြှောက်ပြလိုက်တဲ့အခါမှာတော့ ရိုမန်က ချက်ချင်းပဲစကားရပ်လိုက်တယ်၊၊ကေဆီမီရာက ဒေါသထွက်နေတဲ့ အိုင်းရစ်ဘက်ကို စိတ်မပါစွာလှည့်ပြီးပြောလိုက်တယ်၊၊
             "ဒါ မင်းမေးခွန်းအတွက် အဖြေမဟုတ်လား မိန်းကလေး လက်တီဖိုလီရာ"
       ကေဆီမီရာက ချက်ခြင်းပဲ သူမနာမည်ဂုဏ်ပုဒ်ကို ဖြုတ်လိုက်ပြီး ဆိုဖာရဲ့ လက်ရမ်းမှာထောက်တင်ထားတဲ့ လက်ပေါ်မှာ ခေါင်းကို မှီလိုက်တယ်၊၊
       သူ့အနေနဲ့ သူမကဲ့သို့ ပေါ့ပေါ့တန်တန်မိန်းကလေးမျိုးနဲ့ အချိန်ဖြုန်းမနေချင်လေဘူး၊၊ဒါပေမယ့် သူမက ဆက်တိုက်အမြဲ အေဒီရာကို ထိုးနှက်ဖျက်စီးနေခဲ့တယ်၊၊သူ့နားထဲက တကျီကျီနဲ့ နားမခံနိုင်အောင် ပြုလုပ်တဲ့ပိုးကောင်က သူ့ရဲ့ သူတို့ကို နင်းခြေလိုစိတ်ကို နှိုးဆွပေးနေတယ်၊၊
        သူတို့နောက်တကြိမ် ပြန်လည်ထမနိုင်လောက်အောင် အများကြီး နင်းခြေလိုစိတ်တွေပေါ့၊၊
         ' မင်းက ဘယ်လိုများ ငါ့မိန်းကလေးကို ထိခိုက်စေရဲတာလဲ'
              "အခု မင်းဖြေရမယ့်အလှည့်ပဲ မိန်းကလေး လက်တီဖိုလီရာက၊၊မင်းက အေဒီရာကို ထိခိုက်စေဖို့ အမိန့်ပေးခဲ့တဲ့သူလား"
       ကေဆီမီရာ့အသံဟာလျင်မြန်ပြီး ကြွတ်ဆပ်နေလေတယ်၊၊သူ့အနေနဲ့ ဒီမိန်းမနဲ့ ကစားပွဲ ကစားနေဖို့ အပိုချိန်မရှိဘူး၊၊သူမရဲ့ သနားစဖွယ်သရုပ်ဆောင်မှုတွေကို သနားပေးရဖို့ကို ပိုလို့ မရှိသေး၊၊
       သူမအနေနဲ့ ဒီလိုသရုပ်ဆောင်မှုတွေဟာ တခြားသူတွေအပေါ် နှလုံးသားမရှိတဲ့ ကေဆီမီရာလို လူမျိုးအတွက် အသုံးမဝင်ကြောင်း သိသင့်တယ်၊၊
              "မဟုတ်ဘူး !ကျွန်မအဖေက အဲ့လိုမျိုးမလုပ်ဘူး!ကျွန်မအဖေက လေးစားခံရတဲ့သူ!အရှင်!အရှင်က ကျွန်မတို့ မိသားစုကို စွဲချက်တင်ဖို့ ဒီလိုမျိုးလုပ်တာပဲ!အရှင်သူ့ကို ဘာလို့ ထောက်ချက်ဆင်ရတာလဲ!အေဒီရာ့အတွက် လက်စား‌ချေဖို့လား!
             ဘာလို့ အရှင်က သူမဘက်ကနေတာလဲ!အရှင် သူမနဲ့ ပတ်သတ်ပြီး အစစ်အမှန် ဘာမှမသိဘူး!သူမက ယုတ်ညံတယ်၊၊ အကြင်နာမဲ့ပြီးရက်စက်တတ်တယ်!သူမက အရှင့်ရဲ့ ကြင်ယာတော်ဖြစ်ဖို့ မထိုက်တန်ဘူး အရှင်မင်းသား!"
          
              "ဒါဆို ဘယ်သူကို ထားသင့်တာလဲ"
   
        ကေဆီမီရာ့ မျက်လုံးတွေဟာ စိန်ခေါ်နေပြီး အန္တရယ်အပြည့်နဲ့ဖြစ်နေပေမယ့် အိုင်းရစ်ကတော့ သူမမိသားစုရဲ့ ယခုလေးတင်မှ ကြားလိုက်ရတဲ့ သတင်းကြောင့် သေချာ တွေးခေါ်နိုင်ခြင်းမရှိတော့ဘဲ အန္တာရယ်ကို မမြင်တော့လေဘူး၊၊
                "ကျွန်မကို!"
       သူမက တွန့်ဆုတ်ခြင်းမရှိ ထုတ်ပြောလာချိန်မှာတော့ ကေဆီမီရာထံမှ လှောင်ပြောသရော်ဟန် ရယ်သံကို လက်ခံရရှိလိုက်လေတယ်၊၊
             "တကယ့်ကို ဟာသဆန်တာပါ့ပဲ"
            "အရှင်မင်းသား!အရှင် ကျွန်မကို ယုံကြည်ရမယ်!ကျွန်မကပဲ အရှင်နဲ့အတူ ဒီတိုင်းပြည်ကို ကြီးပွားချမ်းသာအောင်လုပ်နိုင်မယ့် တစ်ဦတည်းသောသူပဲ၊၊အရှင့်မျက်လုံးတွေကို ဖွင့်ထားဖို့လိုတယ်၊၊အေဒီရာက အရှင့်ကို ညှိ့ယူနေတာ၊၊သူမက ဒီတိုင်းပြည်ကို ပျက်စီးဘဲ ပျက်စီးစေမှာ!"
            "မိန်းကလေး လက်တီဖိုလီရာ!ငါ့အနေနဲ့ မင်းက ငါ့ကြင်ယာတော်ကို ခုလို လက်လွတ်စပယ်ခေါ်နေတာကို မနှစ်သက်ဘူး၊၊ပြီးတော့ မင်းအနေနဲ့ သိရမှာက သူမက မင်းရဲ့ အနာဂတ်ဘုရင်မ ပဲ၊၊အာ ..သူမ မဖြစ်ခဲ့ဘူးဆိုတောင် မင်း လည်း အဲ့နေရာမှာ ရှိမှာမဟုတ်ဘူး"
       ကေဆီမီရာဟာ ခုချိန်မှာ အရှိန်အဟုန်အပြည့်နဲ့ဖြစ်တယ်၊၊ သူ့မျက်နှာမှာကတော့ သူ့ရဲ့ ရန်ပြုလိုနေတဲ့  ပလက်တီနမ်မျက်ဝန်းတွေနဲ့အတူ အေးစက်ပြီး လှောင်ပြောင်နေဟန်အပြုံးတခုကို ချိတ်ဆွဲထားလေတယ်၊၊    
               "အရှင်မင်းသား!အရှင်က အခု အမှားကြီးတခုကို လုပ်...."
       သူမ စကားမဆုံးသေးခင်မှာဘဲ ကေဆီမီရာက စစ်သည်တွေကို သူမကို ခေါ်သွားပြီး အကျဉ်းတိုက်ထဲ ခဏထည့်ထားဖို့ရာ လက်ပြလိုက်တဲ့အခါမှာတော့ သူတို့က သူမကို ခေါ်သွားလိုက်တယ်၊၊
       သူမ အလှည့်ရောက်လာလိမ့်မယ်၊၊ဒါပေမယ့် အခုတော့ သူ ထိုလူဆီဆီကနေ ဖြေဆေးရအောင် စစ်မေးရဦးမယ်၊၊
      အိုင်းရစ်ရဲ့ ကျယ်လောင်စွာ အော်ဟစ်နေသံတွေ ပျောက်ဆုံးသွားချိန်မှာတော့ ကေဆီမီရာဟာ ဆိုဖာပေါ်ကနေ ချက်ချင်းထရပ်လိုက်ပေမယ့် ခြေယိုင်သွားခဲ့တယ်၊၊ရိုမန်၊အဲလက်ဇမ်းဒါးနဲ့ လီယွန်တို့ဟာ သူ့ကို ကူညီဖို့ အလျင်အမြန်လှုပ်ရှားလိုက်ပေမယ့် ဒါက ခဏပဲ ဖြစ်တာကြောင့် သူတို့အကူအညီမလိုဘဲ သူက ချက်ချင်းပဲ ငြိမ်ငြိမ်ရပ်နိုင်သွားခဲ့တယ်၊၊
       သူတို့အနေနဲ့ ကေဆီမီရာက သု့ကိုယ်သူ တွန်းအားပေးလွန်းနေတာကြောင့် စိုးရိမ်နေရတယ်၊၊
သခင်မလေးအေဒီရာ သတိလစ်ပြီး မေ့မျောနေတာ သုံးရက်ရှိလေပြီ၊၊အဲ့ကတည်းက မင်းသားဟာ ကောင်းကောင်း မနား မအိပ်လေဘူး၊၊
              "အရှင်မင်းသား!"
              "ငါ အဆင်ပြေတယ်၊၊သွားကြစို့"
       ကေဆီမီရာ ထွက်သွားတဲ့အခါမှာတော့ ရိုမန်ဟာလည်းနောက်က လိုက်သွားတယ်၊၊လီယွန်နဲ့ အဲလက်ဇမ်းဒါးတို့ကတော့ အေဒီရာကိုစောင့်ဖို့ရာ ကျန်နေခဲ့တယ်၊၊သူက သူတို့ကို ဒီလိုလုပ်စေမှတော့ သူတို့အနေနဲ့ သူတို့အလုပ်ကိုသူတို့ အကောင်းဆုံးလုပ်ရမှာပေါ့၊၊
        မြေအောက်အကျဉ်းတိုက်ကို သွားရာလမ်းမှာ ကေဆီမီရာဟာ အရင်က လီယွန်ဘာလုပ်ခဲ့တယ်ဆိုတာကို သတိရမိသွားပြီး ချက်ခြင်းပဲ သူက သူ့အခန်းကိုပြန်လာလိုက်တယ်၊၊
................
                  "အရှင်မင်းသား"
       လီယွန်က ခုလေးတင်ကမှ ထွက်သွားတဲ့ မင်းသားကို ဝီလီယမ်နဲ့အတူ တွေ့လိုက်တဲ့အခါမှာတော့ နှုတ်ဆက်လိုက်တယ်၊၊
        ကေဆီမီရာက သူ့ဘက်ကို လှည့်လိုက်ပြီး မေးခွန်းထုတ်သလို မျက်ခုံးပင့်ကာမေးလိုက်တယ်၊၊ဒီနေရာက သူရှိသင့်တဲ့နေရာမဟုတ်ဘူး၊၊
                 "မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ"
                 "အရှင်မင်းသား  ကျွန်တော် သိသွားပါပြီ၊၊အဲ့နေ့က ဆေးယူလာတဲ့သူက သခင်မလေး လက်တီဖိုလီရာပါပဲ၊၊သူမကပဲ ကျွန်တော့်ကို သူမကို သခင်မလေးအေဒီရာက ဒဏ်ရာရစေတယ်လို့ ပြောခဲ့တာပါ၊၊
                ဒီတကြိမ်ကလည်း သူမ မင်းသားကို ထပ်ပြီး လိမ်ညာစကားပြောဖို့ပါပဲ၊၊သူမနဲ့ ပတ်သတ်ပြီး ဘယ်လိုလုပ်ရမလဲ၊၊အရှင်မင်းသား အမိန့်ပေးလိုက်ပါ အရှင်မင်းသား"
              ခုတော့ မင်းက တွေးတတ်လာပြီပေါ့လေ၊၊
        ကေဆီမီရာ့မျက်နှာဟာ လီယွန်ရဲ့ ဒူးထောက်ထားတဲ့ပုံရိပ်ကိုကြည့်ကာ သူ့ရဲ့ဆန့်ကျင်ဘက်လမ်းကိုလျှောက်သွားသည့်တိုင် အေးစက်စက်နိုင်နေဆဲပါပဲ၊၊ဝီလီယမ်ကတော့ မင်းသား ဘာတွေးနေတယ်ဆိုတာ သေချာမသိပေမယ့် မင်းသားနောက်က လိုက်သွားခဲ့တယ်၊၊
           စိတ်ဝင်စားစရာတခုခုကို တွေ့ရတော့မယ်လ်ု့ သူခံစားနေရတယ်၊၊ဘာကြောင့်မလိုက်သွားရမလဲ၊၊
        ပြီးတော့ သူ့အခန်းဆီပြန်လာတဲ့လမ်းမှာ ကေဆီမီရာက သူ အေဒီရာ သူ့ဆီကို ပိုပြီး ချည်နှောင်မိစေဖို့ ထိုမိန်းကလေးကို အသုံးချဖို့ရာလိုနေတာကြောင့် ပစ်ချထားခဲ့တဲ့ သူ့ရဲ့ အစီအစဉ်တွေကို စလုပ်ဖို့ရာ စေခိုင်းလာခဲ့တယ်၊၊
        သူ့အနေနဲ့ ထိုမိန်းကလေး ကောင်စီအခန်းမှာ မျက်ရည်လာကျပြကတည်းက သံသယဝင်နေခဲ့တာ၊၊သူက ထိုမိန်းကလေးဟာ သူ့ရဲ့အာရုံကိုရယူဖို့ အရာရာလုပ်တတ်ကြတဲ့ တခြားမိန်းကလေးတွေလိုပဲလို အမြဲထင်ထားခဲ့တာဖြစ်တယ်၊၊
        ဒါပေမယ့် ထိုမိန်းကလေးက ထိုသို့မရိုရှင်းနိုင်ကြောင်း သူအမြဲ အာရုံရနေတတ်တယ်၊၊ သူ့အနေနဲ့ ထိုမိန်းကလေးက အေဒီရာကို တကယ်မုန်းတီးနေတာကို တွေ့နိုင်တယ်၊၊ဘာကြောင့်မှန်းတော့ သူမသိဘူး၊၊
       ဒါက အေဒီရာကို သူကကြင်ယာတော်အဖြစ်ရွေးချယ်လိုက်လို့လား ဒါမှမဟုတ် တခြားအကြောင်းတခုခုကြောင့်များလား
              "ဝီလီယမ် အားလုံး ပြင်ဆင်ပြီးသွားပြီလား"
             "လူအားလုံးကို ရွှေ့ပြောင်းထားပြီးပါပြီ မင်းသား၊၊အရှင် အချက်ပေးတာနဲ့ တပြိုင်နက် သူကို ဖမ်းလို့ရပါပြီ"
       ဝီလီယမ်က တင်ပြလိုက်တယ်၊၊
       သူက ခေါင်းငြိမ့်ပြလိုက်လိုက်ပြီး နောက်ဆုံးတော့ ဆိုဖာပေါ်မှာ သူ့ကို ကျောပေးပြီး ထိုင်နေတဲ့ မိန်းက‌လေးနဲ့ အေဒီရာ သတိလစ်အိပ်ပျော်နေသော သူ့အခန်းတံခါးမှာ စောင့်ကြပ်နေဆဲ အဲလက်ဇမ်းဒါးကို တွေ့သွားခဲ့တယ်၊၊
        'ဒါဆို အခု စလိုက်ကြစို့၊၊'
    *****************

She become a passive villainess-not(trans)Where stories live. Discover now