Wolfs Ganging up a sheep

728 108 1
                                    


Wolves Ganging Up A Sheep

"အရှင်.....အရှင်မင်းသား"
သူမကဖြေလိုက်ပြီး မျက်လုံးခြင်းမဆုံမိစေရန် ကြိုးစားရင်း တုန်တုန်ယီယီနဲ့ ဒူးညွတ်အရိုအသေပြုလိုက်တယ်၊၊
"မင်း ငါ့ကို တွေ့ချင်လို့ဆို?"
"အမ်......"
"သခင်မလေး လက်တီဖိုလီရာ ၊အသင် အရှင်မင်းသားကို သခင်မလေးအေဒီရာနဲ့ ပတ်သတ်ပြီး တခုခု ပြောချင်နေခဲ့တာ မဟုတ်လား၊၊"
လီယွန်ဟာ စကားထောက်လိုက်ခြင်းမှာဘဲ အေဒီရာနာမည်ပါဝင်နေမှုကြောင့် သူတို့နားမှာ လွမ်းခြုံထားတဲ့ အပူချိန်ဟာ ချက်ခြင်းပဲ ကျဆင်းအေးစိမ့်လာခဲ့တယ်၊၊
' နင်အခုလုပ်တာ ကျွန်မကို ကူညီရာမရောက်နေဘူး ငတုံးကောင် လီယွန်ရဲ့'
သူမက ကေဆီမီရာအား ပြန်မဖြေဘဲ တိတ်တဆိတ်နေရင်းက သူမခေါင်းထဲမှာ အော်ဟစ်နေမိတယ်၊၊
ဒီအချိန်က ပထမမင်းသားကို ချဉ်းကပ်ဖို့ အဆိုးဆုံး အချိန်ပဲ၊၊အခုချိန်မှာ အမှားသေးသေးလေး တခုခုလုပ်လိုက်မိတာနဲ့တောင် ကြမ်းပြင်ပေါ် ခေါင်းကျသွားနိုင်လေတယ်၊၊
ဒါက အခု ပထမမင်းသားရဲ့ အခုပြသနေတဲ့ အရောင်အဝါပဲ၊၊သူက အားလုံးကို ကြောက်ရွံ့နေစေတဲ့ သူ့ရဲ့ အေးစက်တဲ့ အရောင်အဝါတွေကို ဖုံးအုပ်မထားလေဘူး၊၊
"သခင်မလေး လက်တီဖိုလီရာ ၊မကြောက်နေပါနဲ့၊၊အသင်ပဲ အခုက အချိန်ကောင်းလို့ ပြောတယ်လေ"
လီယွန်ဟာ သူမကို ချောက်ကမ်းပါးသို့ တွန်းပို့နေပြီး သူမ အခု သူ့ရဲ့ နောက်တောက်တောက်လုပ်ရပ်ကြောင်း လွန်စွာမှ စိတ်ပျက်နေမိတယ်၊၊
'Damn it!ပါးစပ်ပိတ်ထားစမ်းပါ လီယွန်!ငတုံးကောင်!ငါ့ကို ရေခဲချောက်ထဲ တွန်းပို့ချင်နေတာလား'
"ဘာအကြောင်းများလဲ သခင်မလေး လက်တီဖိုလီရာ...?"
ကေဆီမီရာက စိတ်မရှည်မှုနဲ့ စိတ်ပျက်မှုတွေကို ထုတ်ပြကာ‌မေးလာပေမယ့် သူက နေရာကနေတော့ ထွက်မသွားလေဘူး၊၊
အိုင်းရစ်က သူဘာကြောင့်နေနေသေးတာလဲ ဆိုတာ သိချင်နေမိပေမယ့် သူမစိတ်ကတော့ သူဟာ သူမ စကားပြောလာဖို့ စောင့်နေတာဟု တွေးချင်မိနေခဲ့တယ်၊၊
'ဒါက တကယ်ပဲ ငါ့အတွက် အခွင့်အရေးများလား၊၊အရှင်မင်းသားက ငါ့အပေါ် စိတ်ဝင်စားနေတာ ဖြစ်နိုင်ပါ့မလား'
"အရှင်မင်းသား ကျွန်မအနေနဲ့ သခင်မလေး အေဒီရာ ကျွန်မအပေါ် လုပ်ခဲ့တာကို တိုင်တန်းချင်ပါတယ်"
သူမ စပြောလိုက်တဲ့ အခါမှာတော့ အားလုံးရဲ့ အာရုံဟာ သူမဆီမှာ ကျရောက်လာခဲ့တယ်၊၊
သူမကို မရှိသလို နေနေခဲ့တဲ့ အဲလက်ဇမ်းဒါးဟာလည်း နားထောင်နေပြီး သူမ ဆက်ပြောလာမယ့်အရာကို စောင့်နေလေတယ်၊၊သူ့အပြင် မင်းသားနောက်မှာ ရပ်နေခဲ့တဲ့ လီယွန်နဲ့ ဝီလီယမ် တို့ရောအပါအဝင်ပါပဲ၊၊
ဆိုတော့ တရားခံကို စစ်မေးဖို့ရာ ဆုံးဖြတ်ပြီး ကျန်နေခဲ့တဲ့ ရိုမန်ကလွဲရင် အရင်ဘဝက အာဏာရခဲ့တဲ့ လူတွေအားလုံးက အခု ဒီနေရာမှာ ရှိနေကြလေတယ်၊၊
တကယ်လို အခုရှိနေတဲ့ ဆရာကြီးတွေကမှ မလုံလောက်ဘူးထင်ရင် တကယ့် ဆရာ့ဆရာကြီးဟာ လည်း ရုတ်တရက် သူတို့ကြားရောက်လာခဲ့ပြီဖြစ်တယ်၊၊
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
ဘုရင်ကြီးဟာ ယောင်္ကျားသားတွေဟာ မိန်းမငယ်တစ်ယောက်ကို သူတို့ရဲ့ စူးရှပြီး ပြင်းထန်တဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် မေးလိုက်တယ်၊၊
သူတို့ပုံစံက သိုးငယ်လေးကို ဝံပုလွေတွေ ဝိုင်းနေတာနဲ့တောင် တူနေလေတယ်၊၊
"အရှင်မင်းကြီး"
အိုင်းရစ်ကို စိုက်ကြည့်နေတဲ့ ကေဆီမီရာက လွဲပြီး ဝီလီယမ် ၊လီယွန်၊အဲလက်ဇမ်းဒါးနဲ့ အိုင်းရစ်တို့ဟာ ဘုရင်းကြီးကို လေးစားသမှုဖြင်း ဒူးညွတ် အရိုသေပြုကာ နှုတ်ဆက်လိုက်တယ်၊၊
ဘုရင်ကြီးဟာ သားဖြစ်သူရဲ့အမူအရာကြောင့် အခြေအနေကို ပိုမို စိတ်ဝင်စားသွားခဲ့တယ်၊၊
မိန်းမတစ်ယောက်ကို ခုလိုမျိုးကြည့်တာက ကေဆီမီရာရဲ့ ပုံစံမဟုတ်လေဘူး အဟမ်း .... အေဒီရာက လွဲပြီးတော့ပေါ့လေ၊၊အခုတော့ သူက ဒီမိန်းကလေးကို အေးစက်စွာ စိုက်ကြည့်နေပုံက ဘာမှ သူ မမှန်းနိုင်တော့ဘူး၊၊
'သခင်မလေး လက်တီဖိုလီရာက ဒီတခါ ဘာလုပ်လိုက်လို့လဲ၊၊သူက အခု လှုပ်ရှားဖို့ စီစဉ်နေတာလား'
"ဒါနဲ့၊၊ငါ့ကို ဂရုစိုက်ပြီး ဖြေပြစမ်းပါဦး ကေဆီမီရာ၊၊"
အေသနာဆီးယပ်စ်ဟာ သားဖြစ်သူရဲ့ အာရုံကို သူ့ဆီရောက်လာဖို့ ကြိုးစားလိုက်ပြီး ဒါက အောင်မြင်ခဲ့တယ်၊၊ကေဆီမီရာက သူ့ကို ပြန်ဖြေလာတယ်၊၊
"သခင်မလေး လက်တီဖိုလီရာက ကျွန့်တော်ဆီမှာ တိုင်တန်းစရာ ရှိနေလို့ပါတဲ့ ခမည်းတော်"
ဒါပေမယ့် သူက သူ့အဖေကို တချက်လေးတောင် လှည့်ကြည့်မနေဘဲ အိုင်းရစ်ကိုသာ စိုက်ကြည့်ပြီး သူမပြောပြချင်တာကို ရှေ့ဆက်ပြောဖို့ စောင့်နေခဲ့တယ်၊၊
"ငါ မင်း‌ပြောမှာကိုစောင့်နေတယ် သခင်မလေး လက်တီဖိုလီရာ"
အိုင်းရစ်က တံတွေးမြိုချလိုက်မိတယ်၊၊သူ့ရဲ့မျက်နှာက အေးစက်မှုတွေနဲ့ လုံးဝလွှမ်းခြုံထာပြီး ခုနကထက်ကို ပိုပြီး ကြောက်စရာ ကောင်းနေလေတယ်၊၊
"သခင်မလေး အေဒီရာ--"
"အေဒီရာ..?"
သူမရဲ့ သူ့ရဲ့မိန်းမအပေါ် အသုံးအနှုန်းကြောင့် သူရဲ့ ပလက်တီနမ်မျက်ဝန်းတွေဟာ မှောင်မိုက်နေပြီး ခြိမ်းခြောက်မှုအပြည့်နဲ့ သူက သူမစကားကို ဖြတ်ပြီးပြောလိုက်တယ်၊၊
"သ....သခင်မလေး ဆလယ်ဗားရစ်က"
သူမက ပြင်ပြောလိုက်ပြီး ကေဆီမီရာက ထပ်မပြောလာတော့မှ သူမ စကားကို ဆက်လိုက်တယ်၊၊
"သူမက ကျွန်မကို ထိခိုက်စေခဲ့ပါတယ် အရှင်မင်းသား"
ပြောစရာအများကြီးကိုချန်ထားရသလိုမျိုး သူမက စကားအဆုံးမှာ အသံက တိုးလိုက်တယ်၊၊ကေဆီမီရာဟာလည်း ရင်ထဲမှာ ဒေါသတွေဟာ ပလုံစီလာခဲ့တယ်၊၊ဒါက ရင်ထဲမှာတိတ်တဆိတ်ဖြစ်ပေါ်နေတဲ့ ဒေါသတွေဆိုပေမယ့် ဒါဟာ နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် ကပ်ဆိုးတခုရဲ့ အရိပ်အယောင်လည်း ဖြစ်နေလေတယ်၊၊
"ဟုတ်လားး?ပြောပြစမ်းပါဦး သခင်မလေး လက်တီဖိုလီရာ၊၊အေဒီရာက အသင့်ကို ထိခိုက်စေခဲ့တဲ့ အဖြစ်အပျက်အကြောင်းအရာမျိုးစုံကို ငါသိစမ်းပါရစေ"
ခုမှတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး၊၊ကေဆီမီရာက အခု အေးခဲမတတ် အေးစက်မှုတွေရှိနေပေမယ့် သူမကိုသူမ ယုံကြည်ပြီး ရှေ့ဆက်ပြောပြရတော့မယ်၊၊
ဘာလို့လဲဆိုတော့ သူမက ကံကြမ္မာရဲ့ သမီးပျိုလေ၊၊အစကတည်းက ကေဆီမီရာက သူမအပိုင် ဖြစ်လာရမှာ၊၊ကြင်ယာတော်မင်းသမီးဂုဏ်ထူး၊လူအများအပြားရဲ့ ချစ်ခြင်းတွေ၊ဗာဆိုင်းလူးယပ်စ် အင်ပါယာရဲ့ အနာဂတ်ဆိုတာတွေ၊အေဒီရာ အခု ပိုင်ဆိုင်ထားခဲ့တဲ့ အရာရာတွေဟာ အားလုံးအားလုံး သူမအပိုင်တွေ ဖြစ်လာရမှာ၊၊
အဲ့လိုနဲ့ပဲ အိုင်းရစ်ဟာ လိမ်ညာမှုအပေါ် လိမ်ညာမှုဆင့်ကာ ဖြစ်ရပ်တွေကို လုပ်ကြံပြောဆိုလိုက်တယ်၊၊အေဒီရာက သူမကို လှေကားကနေ တွန်းချတဲ့အကြောင်း၊အေဒီရာ တခြားသူတွေကို သူမ မကောင်းကြောင်း သူမနောက်ကွယ်မှာပြောပြီး သူမ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ကြောင်း၊သူမက နောက်ထပ် အေဒီရာဟာ ကေဆီမီရာကို အသုံးချကာ သူမရဲ့ ဂုဏ်ထူးကို အသုံးချပြီး သူမကဲ့သို အဆင့်နိမ့်သူတွေကို အနိင်ကျင့်တဲ့အကြောင်း၊
အိုးးးးသူမက နောက်ထပ် အလိမ်ညာတခုဖြစ်တဲ့ အေဒီရာဟာ သူမကို ပါးရိုက်တာကြောင့် သူမဟာ လက်ဖက်ရည်ခွက်တွေပေါ် လဲကျမိပြီး သူမ လက်ဖဝါးမှာ ဒဏ်ရာရသည်အထိ ဖြစ်သွားရကြောင်းပါ ပြောလာခဲ့တယ်၊၊သေချာပေါက် သူမက သက်သေပြဖို့ရာ မမေ့ခဲ့ဘဲ သူမက လီယွန်ကိုပါ ဒီဒဏ်ရာရရှိလာပုံရဲ့ သက်သေအဖြစ်ထည့်သွင်း ပြောကြားခဲ့တယ်၊၊
ဘယ်လိုပဲဖြစ်ဖြစ် သူမ မသိတဲ့ အရာတခုကတော့ ကေဆီမီရာဟာ ဒီပြဿနာနဲ့ပတ်သတ်ပြီး လီယွန်နဲ့ ရှင်းလင်းပြီးသားဆိုတာကိုပင်၊၊အခု အိုင်းရစ်ဆီက ဒီအကြောင်းတွေ ထပ်ကြားလိုက်ရတော့ သူ့အနေနဲ့ အဲ့ငတုံးကောင်ကို ထိုးပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာရပြန်တယ်၊၊
အမ်းး.....နောက်တော့မှပေါ့လေ၊၊
"ငါသိပြီ၊၊ခမည်းတော်..အရှင်က အခု ရာထူးအကြီးဆုံးသူပါပဲ၊၊ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖြေရှင်းခွင့်ပေးဖို့ ခွင့်ပြုချက်တောင်းချင်ပါတယ်၊၊"
အေသနာဆီးယပ်စ်ဟာ ရှေ့ဆက်ဖြစ်လာမှာတွေကို သိလိုက်မိပြီး ဒေါသနဲ့အတူ သက်ပြင်းတချက်သာ ချလိုက်မိတော့တယ်၊၊သူ့သားဖြစ်သူက မကြာသေးခင်က သူ့မိန်းမလေးရဲ့ ဖြစ်စဉ်ကြောင့် ဒေါသထွက်ကာ ထိန်းမရသိမ်းမရဖြစ်နေပြီး အစီအစဉ်တွေကို စောပြီး လှုပ်ရှားနေခဲ့ဖို့ ပြင်နေလေပြီ၊၊၊၊
သူ့အနေနဲ့လည်း ဒါနဲ့ပတ်သတ်ပြီး သားဖြစ်သူကို မရပ်တန့်နိုင်လေဘူး၊၊အေဒီရာမှ သတိမရလာဘူးဆိုရင် သူကိုယ်တိုင်လည်း ဒီ ဒေါသထွက်နေသောသားကို ရပ်တန့်ဖို့ မမျှော်လင့်နိုင်လေဘူး၊၊သူ့သားဖြစ်သူက ခုချိန် မျက်လုံးထဲမှာ မြင်မြင်သမျှ နီရဲနေချိန်မှာ သားဖြစ်သူကို ရပ်တန့်နိုင်သူဟာ အေဒီရာကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်တာကို သူသိတယ်၊၊
သူက သခင်မလေး လက်တီဖိုလီရာရဲ့အသက်ကို ကံကြမ္မာနတ်ဘုရားအပေါ်မှာထားလိုက်ပြီး ခွင့်ပြုချက်ပေးလိုက်ကာ အေဒီရာ့အခြေအနေကိုကြည့်ဖို့ရာအတွက် ကေဆီမီရာ့အခန်းထဲကို ဝင်သွားလိုက်တယ်၊၊
သူ့အနေနဲ့ အေဒီရာကို ကယ်တင်နိုင်ဖို့ အရာအားလုံးကို ရှာဖွေပေးပါ့မယ်လို့ ဆေလ်ဖာနဲ့ အန်ဒရီယာကို ကတိပေးထားတယ်၊၊သူတို့ဘာသာသူတို့လည်း ရှာဖွေနေကြတယ်ဆိုပေမယ့်ပေါ့၊၊အေဒီရာ ပြန်မထလာနိုင်ရင် ဆေလ်ဖာဟာ သူ့ကို ဘယ်လိုမျိုးလုပ်မယ်ဆိုတာ သူတွေးတောင်း မတွေးရဲဘူး၊၊
"ဝီလီယမ်၊မင်းသွားပြီး ရိုမန်ကို သူတာဝန်ကနေ ဒီလာဖို့ လွှတ်လိုက်၊၊ငါတို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အခု တခုခုလုပ်ဖို့ အချိန်ပဲ"
ဝီလီယမ်ဟာ မင်းသားအမိန့်ကြောင့် ပျော်ရွှင်သွားတယ်၊၊သူ့အတွက် မသိတာကို တဖြည်းဖြည်းခြင်း ခွာချနေတာကို ကြည့်ရတာက စိတ်ဝင်စားဖို့ ကောင်းပေမယ့် တစ်စုံတစ်ယောက်ကို နှိပ်စက်...အဲလေ..စစ်မေးရတာလောက်တော့ စိတ်မဝင်စားလေဘူး၊၊(သူက ရိုမန်အစား ထိုလူကို စစ်မေးရတော့မယ်လေ)
"အခုပဲ သွားလိုက်ပါ့မယ် အရှင်မင်းသား"
ဝီလီယမ်က ပျော်ရွှင်စွာ နာခံလိုက်ပြီး ရိုမန်နဲ့ တာဝန်ခြင်းလဲလှယ်ပြီး လှို့ဝှက်စကားပြောကြားနိုင်ဖို့ရာ ချက်ခြင်းပဲ ထွက်သွားခဲ့တယ်၊၊
ကေဆီမီရာ ၊လီယွန်နဲ့ အဲလက်ဇမ်းဒါးတို့ကတော့ စိတ်ရှုပ်ထွေးနေတဲ့ အိုင်းရစ်နဲ့ အတူ ကျန်ရစ်ခဲ့တယ်၊၊ဘယ်လိုပဲ နေနေ သူမကိုယ်သူမ စိတ်ငြိမ်အောင်ထားလိုက်ပြီး အရာအားလုံးပြီးသွားတဲ့အခါ ကေဆီမီရာက သူမကို လက်ထပ်ခွင့်တောင်းလာတော့မှာကို ကြိုတွေးပြင်ဆင်နေလိုက်တယ်၊၊
သေချာပေါက် သူမအနေနဲ့ တော်ဝင်တွေကြားမှာ အေဒီရာရဲ့ ဂုဏ်သတင်းကို ပျက်စီးအောင် သေသေချာချာ လုပ်ခဲ့ပြီးပြီးဖြစ်တယ်၊၊ဒါကြောင့် ကေဆီမီရာ့အနေနဲ့ စစ်မေးမယ်ဆိုရင်တောင် အေဒီရာ အပြစ်ရှိဟန်ပဲ ထွက်ပေါ်လာမှာဖြစ်ပြီး သူ့အနေနဲ့ သူမကို ထပ်ပြီး ကာကွယ်နိုင်တော့မှာ မဟုတ်လေဘူး၊၊
သူမရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး လီယွန်က သက်သေအဖြစ်ရပ်တည်ပေးလိုက်မယ်၊၊လီယွန်က မင်းသား ယုံကြည်ရတဲ့ ဘက်တော်သားတစ်ယောက်ပဲ၊၊သေချာပေါက် သူက သူ့ဘက်သားပြောတာကို ယုံကြည်လိမ့်မယ်၊၊အဲ့လိုမှ မဟုတ်ရင် သူမ လီယွန်ကို အသုံးချတာက ဘာအသုံးဝင်တော့မလဲလေ၊၊
မိနစ်အနည်းငယ်စောင့်ပြီးတဲ့အချိန်မှာတော့ ရိုမန်ဟာ သူ့နောက်မှာ သံချပ်ကာဝတ်စုံတွေဝတ်ဆင်ထားတဲ့ အဲလီဖင်း ဝင်းတား စစ်သည်တော်နှစ်ဦးနဲ့ အတူ ရောက်လာခဲ့တယ်၊၊အဲ့စစ်သည်တွေဟာ မင်းသား ကေဆီမီရာ အေသနာဆီးယပ်စ် ရိုဇယ် ဗာဆိုင်းလူးယပ်စ် ရဲ့ အမိန့်တခုတည်းကိုသာလျှင် နာခံသော စစ်သည်များ ဖြစ်တယ်၊၊
"အရှင်မင်းသား!ရိုမန် ရောက်ရှိ တင်ပြပါတယ်၊၊အမတ်ငယ် လက်တီဖိုလီရာကို စံပယ်ရနံ့ရှိ ကာမအားတိုးဆေးတွေကို ဆေးဝါး ညွှန်ကြားချက်မရှိဘဲ ပမာဏ အမြောက်အမြား ဖြန့်ဖြူးမှုနဲ့ ပတ်သတ်ပြီး လက်ဝယ် ဖမ်းစီးထားမိပြီး အချုပ်ထဲ ထည့်သွင့်ထားပါတယ် အရှင်မင်းသား"
ရိုမန်ရဲ့ သတင်းကြောင့် အိုင်းရစ်ရဲ့ မျက်ဝန်းတို့ဟာပြူးကျယ်သွားရပြီး ဒီ အတွေးရေးမှူးရဲ့စကားကို မယုံကြည်နိုင်စွာ အံ့သြသွားရလေတယ်၊၊
'ဘာ..ဘာတွေဖြစ်နေတာလဲ၊၊အခု...ဒါ.ဘာတွေ ဖြစ်နေတာလဲ'

She become a passive villainess-not(trans)Onde histórias criam vida. Descubra agora