ႀကီးမားက်ယ္ျပန္႔တဲ့ ေနာ႔စ္ေတာအုပ္ႀကီးေဘးမွာရွိေနတဲ့ တကၠသိုလ္ပိုင္ ၿခံေျမတခုကို ေရာက္တဲ့အခါမွာေတာ့ အားလံုးဟာ အနားယူဖို႔ရာနွင့္ အထုတ္ေတြေျဖဖို႔ရာအတြက္ သတ္မွတ္ထားတဲ့ အခန္းကိုယ္စီကို သြားၾကရတယ္။
ဒီေန႔တစ္ရက္လံုးဟာ သူ႔တု႔ိ ကိုယ္ပိုင္အခ်ိန္ျဖစ္သည္။
အခန္းတစ္ခန္းမွာ လူနွစ္ေယာက္ သံုးေယာက္စီ ခဲြေနၾကရမွာျဖစ္တယ္။ေအဒီရာဟာ အတိုဆံုးတုတ္ေခ်ာင္းကို မဲနႈိက္မိတဲ့အတြက္ သူမ အတူမေနခ်င္ဆံုးေသာ အိုင္းရစ္နဲ႔ အခန္းအတူက်ေလတယ္။
"ဟယ္လို !မဂၤလာေန႔လည္ခင္းပါ သခင္မေလး ဆလယ္ဗားရစ္။ကြၽန္မက အိုင္းရစ္ ေအမယ္ရီလစ္စ္ ကယ္မီရာ လက္တီဖိုလီရာပါ။အသင္နဲ႔ ေတြ႕ရတဲ့အတြက္ ၀မ္းသာပါတယ္။"အိုင္းရစ္က ျပတင္းေပါက္နားမွာ ထိုင္ၿပီး လီဖာ ထုတ္ပိုးေပးလိုက္တဲ့ လက္ဖက္ရည္ကို ေသာက္ေနတဲ့ ေအဒီရာကို ျမင္ျမင္ျခင္းမွာဘဲ နႈတ္ဆက္ အရု္ိအေသျပဳလာတယ္။
"ဟယ္လို ငါက ေအဒီရာပါ။အသင့္ကို ေတြ႕ရတာလည္း ၀မ္းသာပါတယ္။"သူမက တံုးတိတိေျဖလိုက္တယ္။
ေအဒီရာက ၿပံဳးျပဖို႔ ႀကိဳးစားလိုက္ေသာ္လည္း အဲ့အၿပံဳးက ကို႔ယို႔ကားယားျဖစ္ၿပီး ေအးစက္စက္နိုင္လြန္းတယ္။ဒါေၾကာင့္ သူမက ဟိုဟိုသည္သည္နဲ႔ ေကာ္ဖီခြက္ကို ေျမႇာက္လိုက္ၿပီး သူမမ်က္နွာကို မျမင္နိုင္ေအာင္ လုပ္လိုက္တယ္။
"ကြၽန္မ သင္နဲ႔ အခန္းမ်ွသံုးခြင့္ရတာ သိပ္ကံေကာင္းတာပါပဲ သခင္မေလး ေအဒီရာ။အသင္က ေတာ္၀င္မိန္းကေလးေတြအားလံုးရဲ႕ စံျပပဲ။ကြၽန္မကေတာ့ မစစ္ေပမယ့္ေပါ့"သူမက စကားေတြ အဆက္မျပတ္ေျပာလာၿပီး အဆံုးမွာေတာ့ ဝမ္းနည္းေနတဲ့ အသံေပါက္ေနေလတယ္။
သူမနဲ႔ ဘာဆိုဘာမွ မေျပာခ်င္ေလဘူး။ေအဒီရာဟာ တိတ္တိ္တ္ေလးပဲေနလိုက္တယ္။သူမက ထိုသူမေလးနဲ႔ သူငယ္ခ်င္းမလုပ္ခ်င္သလို ျပႆနာလည္း မရွာလိုေလဘူး။
"ျမင့္ျမတ္တဲ့ အသိုင္းအဝိုင္းေတြဟာ အျပင္ကၾကည့္ရင္ ခမ္းနားႀကီးၾကယ္ၿပီး ညဏ္ထက္ျမက္ကာ ႏူညံ့သိမ့္ေမြ႕တယ္လို႔ ထင္ရေပမယ့္လို႔ တကယ္ေနၾကည့္တဲ့ အခါမွာေတာ့ ဒီလို အသိုင္းအ၀ိုင္းၾကားမွာ ေနဖို႔ခက္ခဲတယ္ဆိုတာ ကြၽန္မသိလာရတယ္။"
"Hey သခင္မေလးေအဒီရာ သင္ဘယ္လိုလုပ္ခဲ့တာလဲ။ကြၽန္မအသင့္လို က်က္သေရရွိေအာင္ ဘယ္လို လုပ္ရမလဲ။"သူမ သူမရဲ႕ ပယင္းေရာင္ေတာက္ပေနတဲ့ မ်က္လံုးေတြနဲ႔ ေမးလာတယ္။ဒါက ေအဒီရာကို အခန္းထဲကေန ထြက္သြားေစခ်င္ဖို႔ရာ ပိုမို အညးျဖည့္ေနသလိုပါဘဲ။သူမက ထိုသူမေလးနဲ႔ နီးရာ မည့္သည့္ေနရာမွာမွ ေနလိုစိတ္ရွိမေနေခ်ဘူး။
သူမ ထိုသို႔ေနတိုင္းမွာ သူမပခံုးေပၚမွာ အရင္ဘ၀က သူမပစ္လိုက္တဲ့ ျမႇားဒဏ္ရာေၾကာင့္ နာက်င္ရျခင္းက ျပန္ေပၚလာသလို ခံစားေနရတယ္။
"သခင္မေလး လက္တီဖိုလီရာ ကြၽန္မကို ေမးေနစရာေတာင္ လိုမယ္မထင္ဘူး။သင္က ေတာ္၀င္အမူအက်င့္ေတြနဲ႔ ပတ္သတ္ၿပီး ကာင္းေကာင္း သင္ယူၿပီးၿပီထင္တာပါပဲ။ဟုတ္တယ္မဟုတ္လား။အဲ့လိုမွ မဟုတ္ရင္ အသင့္ရဲ႕ သက္ျပည့္မွာ သက္ျပည့္အခမ္းအနားပဲြကို တက္ဖို႔ရာအတြက္ အမတ္ လက္တီဖိုလီရာက ခြင့္ျပဳပါ့မလဲ"
အိုင္းရစ္ရဲ႕ အမူအရာဟာ လ်ွပ္တျပတ္ေျပာင္းသြားၿပီး သူမက အလ်ွင္အျမန္ဘဲ ဖံုူအုပ္နိုင္လိုက္တယ္။ဒါေပမယ့္ ေအဒီရာရဲ႕ စူးရွတဲ့ အၾကည့္ေတြကေတာ့ ဒါကို ျမင္ေလတယ္။ေနာက္ေတာ့ အိုင္းရစ္က ထြက္ခါစ ေန၀န္းေတြလို ေတာက္ပေနတဲ့ အၿပံဳးေတြနဲ႔ ေျပာလာျပန္တယ္။
"ေသခ်ာတာေပါ့ သခင္မေလးေအဒီရာ။အေဖက ေတာ္အမူအက်င့္ေလ့လာသင္ယူျခင္းနဲ႔ ပတ္သတ္ၿပီးသိပ္ကို စည္းကမ္းတင္းက်ပ္ထားတာ။ဟ...ဟ။အဲ့အခ်ိန္တုန္းကဆိုရင္ ျပည့္နွက္ေနတဲ့ အခ်ိန္ဇယားေတြေၾကာင့္ ကြၽန္မလည္ေနက် ေနရာေတြကိုေတာင္ မသြားနိုင္ခဲ့ဘူး။အာ သင္သိလား သခင္မေလး ေအဒီရာ--------"
"ေနာက္တခု ကိုယ့္ထက္ျမင့္တဲ့သူေတြကို သူတို႔နာမည္ေတြတပ္ၿပီး ေခၚတာက ရုိင္းျပရာ သေဘာေရာက္တယ္ဆိုတာလည္း သင္သိၿပီးသားလို႔ ထင္တယ္"သူမက တတ္နိုင္သမ်ွ ႏူးညံ့စြာ ေမးလိုက္တယ္။ေအဒီရာက ေမာက္မာၿပီး နိုင္လိုမင္းထက္ျပဳမူေနတဲ့ ပံုစံ ျဖစ္မေနခ်င္ေလဘူး။
"ဟုတ္...ဟုတ္ကဲ့"အိုင္းရစ္က စကားအျဖတ္ခံလိုက္ရျခင္းနဲ႔အတူ အရွက္ရသလို ခံစားလိုက္ရၿပီး ျပန္ေျဖလာတယ္။
"သင္က ေတာ္၀င္တစ္ေယာက္အေနနဲ႔ ငယ္ငယ္ကတည္းက မႀကီးျပင္းခဲ့ရတာကို ငါနားလည္ပါတယ္။ဒါေပမယ့္ တျခားသူေတြကို ေခၚဆိုတဲ့ေနရာမွာေတာ့ ဂရုစိုက္ဖို႔ ငါမွာခ်င္တယ္။လူတိုင္းက ငါ့လို သက္ညႇာၾကင္နာေနမွာ မဟုတ္ဘူးေလ"ဒီတခါမွာေတာ့ သုမက ခ်ိဳသာစြာၿပံဳးၿပီးေျပာလိုက္တယ္။
သူမက ထိုသူမေလးကို လံုး၀သေဘာမက်ဘူး ဆိုရင္ေတာင္ သူမေထာက္ျပနိင္တဲ့ အမွားတခုအတြက္ ဒုကၡေရာက္မွာကိုေတာ့ ၾကည့္မေနခ်င္ေပ။ၿပီးေတာ့ သူမက ေတာ္၀င္မိန္းကေလးေတြရဲ႕ စံျပမဟုတ္လား။အာ့ေၾကာင့္ အခန္းေဖာ္ျဖစ္ေနသည္ကိုေတာင္မွ သခင္မေလး ေအဒီရာဟာ သူမအခန္းေဖာ္ရဲ႕ အမွညးကို ျပင္ဆင္မေပးဘူးဆိုၿပီး နာမည္အပ်က္မခံနိုင္ေပ။
ငါသူမကို ေထာင္ေခ်ာက္ဆင္ခ်င္တာ မဟုတ္ေၾကာင္း ငါႀကိမ္ဆိုနိုင္ပါတယ္။
သူမ ဂါ၀န္အနားစကို က်စ္ေနေအာင္ ဆုပ္ကိုင္ထားရင္းကပဲ အိုင္းရစ္က ၿပံဳးျပၿပီး နာခံစြာ ေခါင္းၿငိမ့္လိုက္တယ္။
သင္က တကယ္မလြယ္ဘူးပဲ huh ေအဒီရာ?
သူမ ေခါင္းၿငိမ့္ျပတာကို ေတြ႕ၿပီးတဲ့ ေနာက္မွာေတာ့ ေအဒီရညဟာ ျပတင္းေပါက္ဘက္ကိုပဲ ထပ္မံ မ်က္နွာမူလိုက္တယ္။အဲ့အခ်ိန္မွာဘဲ သုမမ်က္၀န္းထဲမွာ တာ၀န္က်ဆရာနဲ႔ စကားေျပာေနတဲ့ ေငြျဖဴေရာင္ဆံပင္ေတြကို ေတြ႕လိုက္ရတယ္။
သူမက ဒီကိုမေရာက္ခင္ ရထာလံုးထဲမွာ သူနဲ႔ စကားေျပာခဲ့တာေတြကို ေတြးမိၿပီး ၿပံဳးလိုက္မိတယ္။
---------
"ဒါနဲ႔ ေကဆီ ရွင္က ဘာလို႔ ကြၽန္မတို႔နဲ႔အတူ ျဖစ္ေနရတာလဲ။ရွင္က ကြၽန္မတို႔ထပ္ တစ္နွစ္ႀကီးတယ္ေလ။ၿပီးေတာ့ ေက်ာင္းေကာင္စီမွာလည္း အလုပ္ေတြ ရွိေသးတယ္မို႔လား"
"ကိုယ္ အကုန္လုပ္ၿပီးသြားၿပီ"
"ဒါဆို ရွင္က အလုပ္ေတြကို ႀကိဳၿပီးၿပီးေအာင္ လုပ္ထားခဲ့တာေပါ့ေလ။ကြၽန္မကို အေဖာ္ျပဳေပးနိုက္ဖို႔အတြက္ေလ။"
"အင္း"
ေကဆီက ထရီတန္နဲ႔ပတ္သတ္လာရင္ ထိုမ်ွထိျဖစ္မွန္း သူမ မထင္ထားခဲ့ဘူး။
"ရွင္က ထရီတန္နဲ႔ ပတ္သတ္ၿပီး ဂရုမစိုက္ဘူးထင္ေနတာ။ရွင္က ဒီကိစၥနဲ႔ ပတ္သတ္ၿပီး စိတ္ထဲမထားဘူးထင္ေနတာ။တကယ္ေတာ့ ရွင့္စိတ္ထဲမွာ ႀကိဳၿပီး အႀကံအစည္ေတြ ထုတ္ထားတာပဲ။ခုမွ ေပၚလာေတာ့တာပဲ huh?"
ေအဒီရာဟာ သူ႔အမူအရာကို ေလ့လာရင္း စေနာက္လိုက္တယ္။သူမက သူရွက္သြားရင္ ျဖစ္လာတတ္တဲ့ ပါးျပင္နီနီေတြကို ေတြ႕ခ်င္မိတယ္။
ဒါေပမယ့္ ကံမေကာင္းစြာဘဲ ေကဆီဟာ လြယ္လြယ္နဲ႔ စိတ္ယ္ိုင္မသြားဘဲ ျပန္ေျဖလာခဲ့တယ္။
"ကိုယ္ မၿကံစည္ပါဘူး"
"ဒါေပါ့ ရွင္ မႀကံစည္ဘူးေပါ့။ဒါေၾကညင့္ ရွင့္အလုပ္ေတြကို ႀကိဳလုပ္ထားတာေတာင္ ရထာလံုးတခုကို အခ်ိန္မွီ မစီစဥ္နိုင္ဘဲ ကြၽန္မနဲ႔အတူ စီးေနရတာေပါ့ေလ။အင္းေပါ့ ရွင္ မႀကံစည္ပါဘူးေပါ့ေလ။"
ဒီတခါမွာေတာ့ သူမက ပစ္မွတ္ကိုထိသြားခဲ့ေလၿပီ။သူ႔ရဲ႕ ေျပာင္းလဲသြားတဲ့ အမူအရာေၾကာင့္ သူမ ရယ္လိုက္မိတယ္။
---------------
"ဒါနဲ႔ ကြၽန္မ သြားလိုက္ပါဦးမယ္ သခင္မေလး လက္တီဖိုလီရာ။ကြၽန္မမွာ လုပ္စရာအနည္းငယ္ရွိေနလို႔ပါ"သူမက ေျပာလိုက္ၿပီး ထိုသူမေလးကို ျဖတ္လာစဥ္မွာ ေခါင္းတခ်က္ၿငိမ့္ကာ နႈတ္ဆက္ခဲ့ၿပီး အခန္းထဲက ထြက္လာလိုက္တယ္။
အခန္းထဲမွာ တစ္ေယာက္တည္းက်န္ခဲ့တဲ့ အိုက္းရစ္ကေတာ့ ေအဒီရာထြက္သြားရာ တံခါးေပါက္ဆီကို အံႀကိတ္ကာႀကည့္လိုက္တယ္။
"ရွင္က မင္းသားရဲ႕ ၾကင္ယာေတာ္ျဖစ္ေနတာေၾကာင့္ပဲ........ဘယ္လိုပဲေနေန ဒါက သိပ္ၾကာမွာ မဟုတ္ပါဘူး"သူမက တိုးတိုးေလးေရ႐ြတ္လိုက္တယ္။
ေအဒီရာဘက္မွာေတာ့ သူမအခန္းထဲက ထြက္လာၿပီးခ်ိန္မွာေတာင္ ေကဆီမီရာဟာ ဆရာနဲ႔ စကားေျပာေနဆဲဆိုတာကို ေတြ႕လိုက္ရတယ္။သူေျပာတဲ့စကားတိုင္းမွာ ဆရာက ရယ္ေမာေနခဲ့တယ္။
ေအဒီရာဟာ ေကဆီရဲ႕ အမူအရာကို ၾကည့္ကာ ၿပံဳးၿပီး သက္ျပင္းခ်လိုက္မိတယ္။
အနည္းဆံုးေတာ့ ရွင္သိတဲ့ သူေတြနဲ႔ စကားေျပာတဲ့ခါ ၿပံဳးျပသင့္တယ္ဆိုတာ ရွင္သိသင့္တယ္။
သူမက ေတြးလိုက္ၿပီး သူ႔ကို မေနွာက္ယွက္လိုတာေၾကာင့္ တျခာလမ္းကို သြားဖို႔ လုပ္လိုက္တဲ့အခါမွာေတာ့ သူက သူမကို ျမင္သြားၿပီး သူတို႔ မ်က္လံုးျခင္းဆံုမိသြားတယ္။သူမက ၿပံဳးၿပီး နႈတ္ဆက္တဲ့အေနနဲ႔ လက္ေ၀ွ႔ယမ္းျပလိုက္တယ္။
ေကဆီမီရာဟာ ဆရာ႕ကို စကားအနည္းငယ္ေျပာၿပီး ဦးၫႊတ္နႈတ္ဆက္ကာ သူမဆီကို ေလ်ွာက္လာတယ္။
"ကြၽန္မ ေနွာင့္ယွက္သလိုျဖစ္သြားလား။ဒါနဲ႔ ပတ္သ္တ္ၿပီးေတာင္းပန္ပါတယ္။ပေရာ္ဖက္ဆာေဟာ္ကင္းကိုေတာ့ အားနာစရာပဲ။"
"မျဖစ္ပါဘူး"
"ရွင္တို႔ ဘာအေၾကာင္းေတြမ်ား ေျပာေနၾကတာလဲ။ရွင္လို ေရခဲတံုးႀကီးနဲ႔ ေျပာေနတာေတာင္ သူ႔ပံုစံက ေပ်ာ္႐ႊင္ေနပံုရတယ္။တခါတေလက် ရွင္ အမူအရာတစ္ခ်က္မေျပာင္းဘဲ တျခားသူေတြ ရွင့္စကားကို နားေထာင္လာနိုက္ေအာင္ ဘယ္လိုမ်ားေျပာနိုင္လဲ သိခ်င္မိတယ္"
"အနည္းဆံုးေတာ့ ရွင္ေပ်ာ္စရာေတြ ေျပာတဲ့အခါ ရွင္ၿအံဳးသင့္တယ္ သိရဲ႕လား။အထူးသျဖင့္ ရွင္ေပ်ာ္႐ႊင္ေနခ်ိန္မွာေပါ့"
သူ႔အမူအရာေတြ အမ်ားႀကီးေတြ႕ဖူးလို႔ ငါကံေကာင္းတယ္ ေတြးရေတာ့မလားပဲ။
သူမ သူ႔ကို ဆံုးမေနတာကို သူက ၾကည့္ေနခဲ့တယ္။သူမက မင္းသားတေယာက္ကို ဆူေနတာပဲျဖစ္ျဖစ္ အျပစ္တင္ေနတာပဲျဖစ္ျဖစ္ သု႔အတြက္ အေရးမႀကီးေလဘူး။သူမရဲ႕ အသံကို နားေထာင္ရတာနဲ႔တင္ သူ႔ကို စိတ္ေပ်ာ္႐ႊင္ေစတယ္။သူမရဲ႕ တည္ရွိမွာတခုတည္းကတင္ သူ႔ပို ေပ်ာ္႐ႊင္ေစနိုင္တယ္။
"ဒါေပမယ့္ ကိုယ္က မင္းနဲ႔ရွိမွပဲ ေပ်ွာ္႐ႊင္တာကိုး"
ေက်းဇူးျပဳၿပီး ရွင္ စကားလံုးအရွည္ၿပီးေတြနဲ႔ မဆဲြေဆာင္ပါနဲလား။
ေအဒီရာဟာ သူ႔ရဲ႕စကားေၾကာင့္ ရွက္သြားၿပီး တျခားဘက္လွည့္ကာ လည္ေခ်ာင္းရွင္းလိုက္တယ္။
"ဘယ္.....ဘယ္လိုပဲေနေန ...မနက္ျဖန္....ကြၽန္မတို႔ ေတာအုပ္ထဲကို သြားရမယ္..ၿပီး...ၿပီးေတာ့......."
သူက သူမရဲ႕ ေတာင္စဥ္ေရမရ ေျပာေနတဲ့စကားေတြရယ္ သူမရဲ႕ နီရဲတြတ္ေနတဲ့ နား႐ြက္ေတြကိုၾကည့္ၿပီး တခိခိရယ္လိုက္တယ္။
ခ်စ္စရာေလးပဲ
Unicode
ကြီးမားကျယ်ပြန့်တဲ့ နော့စ်တောအုပ်ကြီးဘေးမှာရှိနေတဲ့ တက္ကသိုလ်ပိုင်ခြံမြေတခုကို ရောက်တဲ့အခါမှာတော့ အားလုံးဟာ အနားယူဖို့ရာနှင့်အထုတ်တွေဖြေဖို့ရာအတွက်သတ်မှတ်ထားတဲ့ အခန်းကိုယ်စီကို သွားကြရတယ်။
ဒီနေ့တစ်ရက်လုံးဟာ သူ့တုိ့ ကိုယ်ပိုင်အချိန်ဖြစ်သည်။
အခန်းတစ်ခန်းမှာ လူနှစ်ယောက်သုံးယောက်စီ ခွဲနေကြရမှာဖြစ်တယ်။အေဒီရာဟာ အတိုဆုံးတုတ်ချောင်းကို မဲနှိုက်မိတဲ့အတွက်သူမ အတူမနေချင်ဆုံးသော အိုင်းရစ်နဲ့ အခန်းအတူကျလေတယ်။
"ဟယ်လို !မင်္ဂလာနေ့လည်ခင်းပါ သခင်မလေး ဆလယ်ဗားရစ်။ကျွန်မက အိုင်းရစ်အေမယ်ရီလစ်စ်ကယ်မီရာ လက်တီဖိုလီရာပါ။အသင်နဲ့ တွေ့ရတဲ့အတွက်၀မ်းသာပါတယ်။"အိုင်းရစ်က ပြတင်းပေါက်နားမှာ ထိုင်ပြီး လီဖာ ထုတ်ပိုးပေးလိုက်တဲ့ လက်ဖက်ရည်ကို သောက်နေတဲ့ အေဒီရာကို မြင်မြင်ခြင်းမှာဘဲ နှုတ်ဆက်အရုိအသေပြုလာတယ်။
"ဟယ်လို ငါက အေဒီရာပါ။အသင့်ကို တွေ့ရတာလည်း ၀မ်းသာပါတယ်။"သူမက တုံးတိတိဖြေလိုက်တယ်။
အေဒီရာက ပြုံးပြဖို့ ကြိုးစားလိုက်သော်လည်း အဲ့အပြုံးက ကို့ယို့ကားယားဖြစ်ပြီး အေးစက်စက်နိုင်လွန်းတယ်။ဒါကြောင့်သူမက ဟိုဟိုသည်သည်နဲ့ ကော်ဖီခွက်ကို မြှောက်လိုက်ပြီး သူမမျက်နှာကို မမြင်နိုင်အောင်လုပ်လိုက်တယ်။
"ကျွန်မ သင်နဲ့ အခန်းမျှသုံးခွင့်ရတာ သိပ်ကံကောင်းတာပါပဲ သခင်မလေး အေဒီရာ။အသင်က တော်၀င်မိန်းကလေးတွေအားလုံးရဲ့ စံပြပဲ။ကျွန်မကတော့ မစစ်ပေမယ့်ပေါ့"သူမက စကားတွေ အဆက်မပြတ်ပြောလာပြီး အဆုံးမှာတော့ ဝမ်းနည်းနေတဲ့ အသံပေါက်နေလေတယ်။
သူမနဲ့ ဘာဆိုဘာမှ မပြောချင်လေဘူး။အေဒီရာဟာ တိတ်တိ်တ်လေးပဲနေလိုက်တယ်။သူမက ထိုသူမလေးနဲ့ သူငယ်ချင်းမလုပ်ချင်သလို ပြဿနာလည်း မရှာလိုလေဘူး။
"မြင့်မြတ်တဲ့ အသိုင်းအဝိုင်းတွေဟာ အပြင်ကကြည့်ရင်ခမ်းနားကြီးကြယ်ပြီး ညဏ်ထက်မြက်ကာ နူညံ့သိမ့်မွေ့တယ်လို့ ထင်ရပေမယ့်လို့ တကယ်နေကြည့်တဲ့ အခါမှာတော့ ဒီလို အသိုင်းအ၀ိုင်းကြားမှာ နေဖို့ခက်ခဲတယ်ဆိုတာ ကျွန်မသိလာရတယ်။"
"Hey သခင်မလေးအေဒီရာ သင်ဘယ်လိုလုပ်ခဲ့တာလဲ။ကျွန်မအသင့်လို ကျက်သရေရှိအောင်ဘယ်လို လုပ်ရမလဲ။"သူမ သူမရဲ့ ပယင်းရောင်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ မေးလာတယ်။ဒါက အေဒီရာကို အခန်းထဲကနေ ထွက်သွားစေချင်ဖို့ရာ ပိုမို အညးဖြည့်နေသလိုပါဘဲ။သူမက ထိုသူမလေးနဲ့ နီးရာ မည့်သည့်နေရာမှာမှ နေလိုစိတ်ရှိမနေချေဘူး။
သူမ ထိုသို့နေတိုင်းမှာ သူမပခုံးပေါ်မှာ အရင်ဘ၀က သူမပစ်လိုက်တဲ့ မြှားဒဏ်ရာကြောင့်နာကျင်ရခြင်းက ပြန်ပေါ်လာသလို ခံစားနေရတယ်။
"သခင်မလေး လက်တီဖိုလီရာ ကျွန်မကို မေးနေစရာတောင်လိုမယ်မထင်ဘူး။သင်က တော်၀င်အမူအကျင့်တွေနဲ့ ပတ်သတ်ပြီး ကာင်းကောင်း သင်ယူပြီးပြီထင်တာပါပဲ။ဟုတ်တယ်မဟုတ်လား။အဲ့လိုမှ မဟုတ်ရင်အသင့်ရဲ့ သက်ပြည့်မှာ သက်ပြည့်အခမ်းအနားပွဲကို တက်ဖို့ရာအတွက်အမတ်လက်တီဖိုလီရာက ခွင့်ပြုပါ့မလဲ"
အိုင်းရစ်ရဲ့ အမူအရာဟာ လျှပ်တပြတ်ပြောင်းသွားပြီး သူမက အလျှင်အမြန်ဘဲ ဖုံအုပ်နိုင်လိုက်တယ်။ဒါပေမယ့်အေဒီရာရဲ့ စူးရှတဲ့ အကြည့်တွေကတော့ ဒါကို မြင်လေတယ်။နောက်တော့ အိုင်းရစ်က ထွက်ခါစ နေ၀န်းတွေလို တောက်ပနေတဲ့ အပြုံးတွေနဲ့ ပြောလာပြန်တယ်။
"သေချာတာပေါ့ သခင်မလေးအေဒီရာ။အဖေက တော်အမူအကျင့်လေ့လာသင်ယူခြင်းနဲ့ ပတ်သတ်ပြီးသိပ်ကို စည်းကမ်းတင်းကျပ်ထားတာ။ဟ...ဟ။အဲ့အချိန်တုန်းကဆိုရင်ပြည့်နှက်နေတဲ့ အချိန်ဇယားတွေကြောင့်ကျွန်မလည်နေကျ နေရာတွေကိုတောင်မသွားနိုင်ခဲ့ဘူး။အာ သင်သိလား သခင်မလေး အေဒီရာ--------"
"နောက်တခု ကိုယ့်ထက်မြင့်တဲ့သူတွေကို သူတို့နာမည်တွေတပ်ပြီး ခေါ်တာက ရိုင်းပြရာ သဘောရောက်တယ်ဆိုတာလည်း သင်သိပြီးသားလို့ ထင်တယ်"သူမက တတ်နိုင်သမျှ နူးညံ့စွာ မေးလိုက်တယ်။အေဒီရာက မောက်မာပြီး နိုင်လိုမင်းထက်ပြုမူနေတဲ့ ပုံစံ ဖြစ်မနေချင်လေဘူး။
"ဟုတ်...ဟုတ်ကဲ့"အိုင်းရစ်က စကားအဖြတ်ခံလိုက်ရခြင်းနဲ့အတူ အရှက်ရသလို ခံစားလိုက်ရပြီး ပြန်ဖြေလာတယ်။
"သင်က တော်၀င်တစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက မကြီးပြင်းခဲ့ရတာကို ငါနားလည်ပါတယ်။ဒါပေမယ့်တခြားသူတွေကို ခေါ်ဆိုတဲ့နေရာမှာတော့ ဂရုစိုက်ဖို့ ငါမှာချင်တယ်။လူတိုင်းက ငါ့လို သက်ညှာကြင်နာနေမှာ မဟုတ်ဘူးလေ"ဒီတခါမှာတော့ သုမက ချိုသာစွာပြုံးပြီးပြောလိုက်တယ်။
သူမက ထိုသူမလေးကို လုံးဝသဘောမကျဘူး ဆိုရင်တောင်သူမထောက်ပြနိင်တဲ့ အမှားတခုအတွက်ဒုက္ခရောက်မှာကိုတော့ ကြည့်မနေချင်ပေ။ပြီးတော့ သူမက တော်၀င်မိန်းကလေးတွေရဲ့ စံပြမဟုတ်လား။အာ့ကြောင့်အခန်းဖော်ဖြစ်နေသည်ကိုတောင်မှ သခင်မလေး အေဒီရာဟာ သူမအခန်းဖော်ရဲ့ အမှညးကို ပြင်ဆင်မပေးဘူးဆိုပြီး နာမည်အပျက်မခံနိုင်ပေ။
ငါသူမကို ထောင်ချောက်ဆင်ချင်တာ မဟုတ်ကြောင်း ငါကြိမ်ဆိုနိုင်ပါတယ်။
သူမ ဂါဝန်အနားစကို ကျစ်နေအောင်ဆုပ်ကိုင်ထားရင်းကပဲ အိုင်းရစ်က ပြုံးပြပြီး နာခံစွာ ခေါင်းငြိမ့်လိုက်တယ်။
သင်က တကယ်မလွယ်ဘူးပဲ huh အေဒီရာ?
သူမ ခေါင်းငြိမ့်ပြတာကို တွေ့ပြီးတဲ့ နောက်မှာတော့ အေဒီရညဟာ ပြတင်းပေါက်ဘက်ကိုပဲ ထပ်မံ မျက်နှာမူလိုက်တယ်။အဲ့အချိန်မှာဘဲ သုမမျက်၀န်းထဲမှာ တာဝန်ကျဆရာနဲ့ စကားပြောနေတဲ့ ငွေဖြူရောင်ဆံပင်တွေကို တွေ့လိုက်ရတယ်။
သူမက ဒီကိုမရောက်ခင်ရထာလုံးထဲမှာ သူနဲ့ စကားပြောခဲ့တာတွေကို တွေးမိပြီး ပြုံးလိုက်မိတယ်။
---------
"ဒါနဲ့ ကေဆီ ရှင်က ဘာလို့ ကျွန်မတို့နဲ့အတူ ဖြစ်နေရတာလဲ။ရှင်က ကျွန်မတို့ထပ်တစ်နှစ်ကြီးတယ်လေ။ပြီးတော့ ကျောင်းကောင်စီမှာလည်း အလုပ်တွေ ရှိသေးတယ်မို့လား"
"ကိုယ်အကုန်လုပ်ပြီးသွားပြီ"
"ဒါဆို ရှင်က အလုပ်တွေကို ကြိုပြီးပြီးအောင်လုပ်ထားခဲ့တာပေါ့လေ။ကျွန်မကို အဖော်ပြုပေးနိုက်ဖို့အတွက်လေ။"
"အင်း"
ကေဆီက ထရီတန်နဲ့ပတ်သတ်လာရင်ထိုမျှထိဖြစ်မှန်း သူမ မထင်ထားခဲ့ဘူး။
"ရှင်က ထရီတန်နဲ့ ပတ်သတ်ပြီး ဂရုမစိုက်ဘူးထင်နေတာ။ရှင်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ထဲမထားဘူးထင်နေတာ။တကယ်တော့ ရှင့်စိတ်ထဲမှာ ကြိုပြီး အကြံအစည်တွေ ထုတ်ထားတာပဲ။ခုမှ ပေါ်လာတော့တာပဲ huh?"
အေဒီရာဟာ သူ့အမူအရာကို လေ့လာရင်း စနောက်လိုက်တယ်။သူမက သူရှက်သွားရင်ဖြစ်လာတတ်တဲ့ ပါးပြင်နီနီတွေကို တွေ့ချင်မိတယ်။
ဒါပေမယ့်ကံမကောင်းစွာဘဲ ကေဆီဟာ လွယ်လွယ်နဲ့ စိတ်ယ်ိုင်မသွားဘဲ ပြန်ဖြေလာခဲ့တယ်။
"ကိုယ်မကြံစည်ပါဘူး"
"ဒါပေါ့ ရှင်မကြံစည်ဘူးပေါ့။ဒါကြေညင့်ရှင့်အလုပ်တွေကို ကြိုလုပ်ထားတာတောင်ရထာလုံးတခုကို အချိန်မှီ မစီစဉ်နိုင်ဘဲ ကျွန်မနဲ့အတူ စီးနေရတာပေါ့လေ။အင်းပေါ့ ရှင်မကြံစည်ပါဘူးပေါ့လေ။"
ဒီတခါမှာတော့ သူမက ပစ်မှတ်ကိုထိသွားခဲ့လေပြီ။သူ့ရဲ့ ပြောင်းလဲသွားတဲ့ အမူအရာကြောင့်သူမ ရယ်လိုက်မိတယ်။
---------------
"ဒါနဲ့ ကျွန်မ သွားလိုက်ပါဦးမယ်သခင်မလေး လက်တီဖိုလီရာ။ကျွန်မမှာ လုပ်စရာအနည်းငယ်ရှိနေလို့ပါ"သူမက ပြောလိုက်ပြီး ထိုသူမလေးကို ဖြတ်လာစဉ်မှာ ခေါင်းတချက်ငြိမ့်ကာ နှုတ်ဆက်ခဲ့ပြီး အခန်းထဲက ထွက်လာလိုက်တယ်။
အခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အိုက်းရစ်ကတော့ အေဒီရာထွက်သွားရာ တံခါးပေါက်ဆီကို အံကြိတ်ကာကြည့်လိုက်တယ်။
"ရှင်က မင်းသားရဲ့ ကြင်ယာတော်ဖြစ်နေတာကြောင့်ပဲ........ဘယ်လိုပဲနေနေ ဒါက သိပ်ကြာမှာ မဟုတ်ပါဘူး"သူမက တိုးတိုးလေးရေရွတ်လိုက်တယ်။
အေဒီရာဘက်မှာတော့ သူမအခန်းထဲက ထွက်လာပြီးချိန်မှာတောင်ကေဆီမီရာဟာ ဆရာနဲ့ စကားပြောနေဆဲဆိုတာကို တွေ့လိုက်ရတယ်။သူပြောတဲ့စကားတိုင်းမှာ ဆရာက ရယ်မောနေခဲ့တယ်။
အေဒီရာဟာ ကေဆီရဲ့ အမူအရာကို ကြည့်ကာ ပြုံးပြီး သက်ပြင်းချလိုက်မိတယ်။
အနည်းဆုံးတော့ ရှင်သိတဲ့ သူတွေနဲ့ စကားပြောတဲ့ခါ ပြုံးပြသင့်တယ်ဆိုတာ ရှင်သိသင့်တယ်။
သူမက တွေးလိုက်ပြီး သူ့ကို မနှောက်ယှက်လိုတာကြောင့်တခြာလမ်းကို သွားဖို့ လုပ်လိုက်တဲ့အခါမှာတော့ သူက သူမကို မြင်သွားပြီး သူတို့ မျက်လုံးခြင်းဆုံမိသွားတယ်။သူမက ပြုံးပြီး နှုတ်ဆက်တဲ့အနေနဲ့ လက်ဝှေ့ယမ်းပြလိုက်တယ်။
ကေဆီမီရာဟာ ဆရာ့ကို စကားအနည်းငယ်ပြောပြီး ဦးညွှတ်နှုတ်ဆက်ကာ သူမဆီကို လျှောက်လာတယ်။
"ကျွန်မ နှောင့်ယှက်သလိုဖြစ်သွားလား။ဒါနဲ့ ပတ်သ်တ်ပြီးတောင်းပန်ပါတယ်။ပရော်ဖက်ဆာဟော်ကင်းကိုတော့ အားနာစရာပဲ။"
"မဖြစ်ပါဘူး"
"ရှင်တို့ ဘာအကြောင်းတွေများ ပြောနေကြတာလဲ။ရှင်လို ရေခဲတုံးကြီးနဲ့ ပြောနေတာတောင်သူ့ပုံစံက ပျော်ရွှင်နေပုံရတယ်။တခါတလေကျ ရှင်အမူအရာတစ်ချက်မပြောင်းဘဲ တခြားသူတွေ ရှင့်စကားကို နားထောင်လာနိုက်အောင်ဘယ်လိုများပြောနိုင်လဲ သိချင်မိတယ်"
"အနည်းဆုံးတော့ ရှင်ပျော်စရာတွေ ပြောတဲ့အခါ ရှင်အြုံးသင့်တယ်သိရဲ့လား။အထူးသဖြင့်ရှင်ပျော်ရွှင်နေချိန်မှာပေါ့"
သူ့အမူအရာတွေ အများကြီးတွေ့ဖူးလို့ ငါကံကောင်းတယ်တွေးရတော့မလားပဲ။
သူမ သူ့ကို ဆုံးမနေတာကို သူက ကြည့်နေခဲ့တယ်။သူမက မင်းသားတယောက်ကို ဆူနေတာပဲဖြစ်ဖြစ်အပြစ်တင်နေတာပဲဖြစ်ဖြစ်သု့အတွက်အရေးမကြီးလေဘူး။သူမရဲ့ အသံကို နားထောင်ရတာနဲ့တင်သူ့ကို စိတ်ပျော်ရွှင်စေတယ်။သူမရဲ့ တည်ရှိမှာတခုတည်းကတင်သူ့ပို ပျော်ရွှင်စေနိုင်တယ်။
"ဒါပေမယ့်ကိုယ်က မင်းနဲ့ရှိမှပဲ ပျှော်ရွှင်တာကိုး"
ကျေးဇူးပြုပြီး ရှင်စကားလုံးအရှည်ပြီးတွေနဲ့ မဆွဲဆောင်ပါနဲလား။
အေဒီရာဟာ သူ့ရဲ့စကားကြောင့်ရှက်သွားပြီး တခြားဘက်လှည့်ကာ လည်ချောင်းရှင်းလိုက်တယ်။
"ဘယ်.....ဘယ်လိုပဲနေနေ ...မနက်ဖြန်....ကျွန်မတို့ တောအုပ်ထဲကို သွားရမယ်..ပြီး...ပြီးတော့......."
သူက သူမရဲ့ တောင်စဉ်ရေမရ ပြောနေတဲ့စကားတွေရယ်သူမရဲ့ နီရဲတွတ်နေတဲ့ နားရွက်တွေကိုကြည့်ပြီး တခိခိရယ်လိုက်တယ်။
ချစ်စရာလေးပဲ
![](https://img.wattpad.com/cover/274392649-288-k235302.jpg)
ESTÁS LEYENDO
She become a passive villainess-not(trans)
Ficción históricaOriginal author-@HalloweenGodspell ပထဆံုး ဘာသာျပန္ျခင္းမို႔ အမွားပါရင္ နားလည္ေပးပါ ။ ဖတ္ရအဆင္မေျပျဖစ္ခဲ့ရင္ ယခုဘာသာျပန္သူရဲ႕ ညံ့ဖ်င္းမႈပါ။မူရင္းဝတၳဳက အလြန္ ဖတ္ေကာင္းပါတယ္။