Pain pain fly away

1.4K 204 0
                                    

Pain pain fly away
  
    ရင်​ခုန်​ပြီး စိတ်​လှုပ်​ရှားစရာကောင်းသော သက်​ပြည့်​အခမ်းအနားပွဲပြီး၍ ရက်​သတ္တပတ်​အတော်​အကြာမှာတော့ အေဒီရာဟာ ကြင်​ယာတော်​လောင်းနှင့်​ ဘုရင်​မတို့၏ ကျင့်​ဝတ်​တွေကို သင်​ဖို့ရာအတွက်​ မြို့တော်​မှာရှိတဲ့ တက္ကသိုလ်​သို့ အပို့ခံရတယ်​။
      သူမအတွက်​တော့ ဒီသင်​ကြားမှုတွေဟာ ယခင်​ဘ၀ကအကြိမ်​နဲ့ပါဆိုရင်​ ဒုတိယအကြိမ်​မြောက်​ဖြစ်​တာကြောင့်​ လွယ်​ကူသော တာဝန်​တခုဖြစ်​သည်​။ဒါပေမယ့်​ သူမဟာ လုံ့လ၀ီရိယရှိစွာ သင်​ယူနေဆဲပါပဲ။
    သူမဟာ  ပြည်​သူတွေနဲ့အတူ ရင်းနီးစွာပြောဆိုနေထိုင်​ပြီး
တဖြည်းဖြည်းနဲ့ ပြည်​သူတွေရဲ့ ချစ်​ခင်​မှု လေးစားမှုကို ရရှိလာခဲ့တယ်​။ကေဆီမီရာဟာ သူမကို ထိုသို့မြင်​တိုင်း သူမအတွက်​ ဂုဏ်​ယူမိလေတယ်​။
     ကေဆီမီရာက တက္ကသိုလ်​ ကျောင်းကောင်​စီရဲ့ ဥက္ကဌဖြစ်​တယ်​။ထိုအဖွဲ့မှာလုပ်​ရင်း သူဟာ သူ့အပေါ်မှာ သစ္စာရှိနိုင်​သော ယုံကြည်​ရသော လူတွေကို စုဆောင်းနိုင်​ခဲ့တယ်​။ထိုသူတွေဟာ သူ့တယောက်​တည်းအပေါ်မှာ သစ္စာရှိကြသူများဖြစ်​သည်​။
    ငါ အေဒီရာနဲ့ လက်​ဆက်​ပြီးရင်​တော့ သူမကိုပါ သစ္စာရှိဖို့ မှာထားရမယ်​။ နောက်​ကျမှ ဒါနဲ့ပတ်​သတ်​ပြီး သူတို့ကို ပြောပြထားရမယ်​။
    ကောင်​စီဝင်​အခန်းထဲမှာ သူနဲ့အတူ လီယွန်​၊ရိုမန်​၊အလက်​ဇမ်းဒါး၊ဝီလီယမ်​တို့ဟာ သူတို့လုပ်​စရာရှိတဲ့ အလုပ်​တွေကို လုပ်​နေကြတယ်​။အဲ့အချိန်​မှာ တံခါးခေါက်​သံပြင်းပြင်းက သူတို့ကို နှောင့်​ယှက်​လိုက်​တယ်​။
   "ဝင်​လာခဲ့ပါ"အေးစက်​ပြီး အမိန့်​သံပါတဲ့အသံနဲ့ကေဆီမီရာက ပြောလိုက်​တယ်​။တံခါးက တဖြည်းဖြည်းနဲ့ ပွင့်​လာပြီး ပုံရိပ်​လေးတခုက အတွင်းကိုရောက်​လာတယ်​။
   "မင်္ဂလာနေ့လည်​ခင်းပါ..အမ်​...အရှင်​မင်းသား"အေဒီရာက နူညံစွာပြောလိုက်​တယ်​။
   "အင်း?"ကေဆီမီရာဟာ ဂရုမစိုက်​တဲ့မျက်​နှာနဲ့ ပြန်​ဖြေလာတယ်​။ဒါပေမယ့်​ သူ့အသံမှာတော့ သူ့မျက်​နှာနဲ့ဆန့်​ကျင်​စွာဘဲ နွေးထွေးမှုတွေ ပျော်​၀င်​နေခဲ့တယ်​။
    ကေဆီမီရာနဲ့ ငယ်​ငယ်​ကတည်းကအတူတွဲလာတဲ့ ရိုမန်​ကလွဲလို့ ကျန်​တဲ့သူတွေဟာ သူ့အသံကြောင့်​ အံ့သြသွားကြတယ်​။သူ့အသံကြောင့်​ ဆောင်းဦးကနေ နွေဦးကို ချက်​ခြင်းရောက်​သွာသလိုမျိုး ခံစားလိုက်​ရတယ်​။
    သူတို့ဟာ ရပ်​နေတဲ့ အေဒီရာနဲ့ ထိုင်​နေသော ကေဆီမီရာတို့ကို တလှည့်​စီ ကြည့်​နေကြတယ်​။
   ဒါဟာ နာမည်​ကြီးလှတဲ့ သခင်​မလေး ဆလယ်​ဗားရစ်​မို့လား?
  "ကျွန်​မရှင့်​ကို ပြောစရာရှိလို့ ရောက်​လာတာပါ။အချိန်​ရပါရဲ့လား"သူမက တခြားတော်​၀င်​တွေရဲ့ ရှေ့မှာ စကားကို ဂရုတစိုက်​ပြောလိုက်​တယ်​။သူတို့က သူမထက်​အဆင့်​နိမ့်​သော်​လည်း အကွာကြီး မဟုတ်​ပေ။သူတို့အများစုက မားကွတ်​စ်​မိသားစုကမဟုတ်​ရင်​ အာလ်​ မိသားစုကပဲ။
   "ပြောလို့ရပါတယ်​"ကေဆီမီရာဟာ နူးညံ့စွာ ကြည့်​လာပြီး အဆင်​ပြေကြောင်း ငြင်​သာစွာခေါင်းငြိမ့်​ရင်းနဲ့ ဆိုလာတယ်​။
    "well;နောက်​တပတ်​မှာ ကျွန်​မ ခရီးထွက်​ရမယ်​ဆိုတာ ရှင်​သိတယ်​မို့လား"
    "အင်း"
    "ဒါဆို သွားလို့ရတာလား"
     "အင်း"
     "သခင်​လေး ဒလယ်​ဗားရစ်​ရော ပါတယ်​ဆိုရင်​တောင်​လား"
    ဟုတ်​တယ်​။ရှင်​ကြားလိုက်​တယ်​ မှန်​တယ်​။ထရီတန်​က ကျွန်​မနဲ့ အခန်းအတူတူ စာရင်းသွင်းထားတယ်​။ဘယ်​လောက်​ စိတ်​အနှောင့်​အယှက်​ပေးလိုက်​သလဲ။သူတင်​မဟုတ်​ဘူး။ဒီခရီးမှာ အိုက်းရစ်​လည်း အတူပါမှာဖြစ်​တယ်​။
     *အိုင်းရစ်​ အေမယ်​ရီလစ်​စ်​ ကေမီရာ လက်​တီဖိုလီရာ;အမတ်​ငယ်​ လက်​တီဖိုလီရာ၏ မွေးစားသမီး*
     ဒီတခါမှာတော့ ကေဆီမီရာဟာ ချက်​ခြင်းပြန်​ဖြေမလာဘူး။သူက ခဏစဉ်​စားလိုက်​ပြီး အနည်းငယ်​ကြာတော့ ပြန်​ဖြေလာတယ်​။
    "အင်း"
   ပြောရမယ်​ဆိုရင်​ ဒါက သူမကို အံ့သြသွားစေတယ်​။သူက ထရီတန်​နဲ့ပတ်​သတ်​ရင်​ ဘာကိုမှ မနှစ်​သက်​တာကိသူမသိတယ်​။ဘယ်​အချိန်​ကစပြီးလည်း မသိပေမယ့်​ပေါ။
    အခု သူ့ပါးစပ်​ကနေ အင်း လို့ထွက်​လာတယ်​။
  "တကယ်​လား"သူမက သံသယဖြစ်​စွာထပ်​မေးလိုက်​တယ်​။သူမ သိသော ကေဆီမီရာဟာ ထိုသို့ လွယ်​ကူသူ မဟုတ်​ပေ။သေချာပေါက်​ တခြားအကြောင်းရင်းတခုခု ရှိရမယ်​။
     သူက အရင်​ကအဖြေတွေနဲ့ ပုံစံတူ အင်း လို့ပဲ ပြန်​ဖြေလာတယ်​။
    သူ့ဆီကနေ အင်းကလွဲပြီး တခြားအဖြေမရနိုင်​မှန်းသိတဲ့အခါမှာတော့ သူမဟာ သူ့ကိုနှုတ်​ဆက်​ပြီး ထွက်​သွားခဲ့တယ်​။
     သူများတွေ ပြောကြတာတော့ သူ့တို့က ပျားရည်​လို ချိုမြိန်​ကြတယ်​ဆို။ခု ဘယ်​လိုဖြစ်​ရတာလဲ။
     "အရှင်​မင်းသား အဆင်​ပြေပါရဲ့လား"ရိုမန်​က ဂရုတစိုက်​မေးလိုက်​တယ်​။သခင်​လေး ဒလယ်​ဗားရစ်​ရဲ့ နာမည်​ကို ကြားပြီးတဲ့နောက်​ နေရာက အေးစိမ့်​လာသလို ခံစားလိုက်​ရတယ်​။
   "အဆင်​ပြောပါတယ်​။ဒါက အရေးမကြီးပါဘူး"သူက ရိုမန်​ကိုပြန်​ဖြေရင်း တခြာသူတွေရဲ့ထပ်​မေးလာမည့်​ မေခွန်းတွေကို ရပ်​တန့်​လိုက်​တယ်​။
    -----------
   "သခင်​မလေး အကုန်​လုံး ထုပ်​ပိုးပြင်​ဆင်​ပြီးပါပြီ။တကယ်​ပဲ သခင်​မလေး တယောက်​တည်း ခရီးထွက်​ရတာ အဆင်​မှ ပြေပါ့မလား" သူမကို မြို့တော်​ကနေပြီး အဆောင်​ခန်းအထိ အဖော်​ပြုပေးနေခဲ့တဲ့ လီဖာက စိုးရိမ်​စွာ မေးလာတယ်​။
      သူမက သခင်​မလေးနဲ့ အတူရှိမနေရခြင်းနဲ့ အသားမကျလေဘူး။ခုတော့ သခင်​မလေးက သူမ မပါဘဲ ခရီးထွက်​ရမည်​ ဖြစ်​သည်​။
    "လီဖာ ကာအဆင်ပြေမှာပါ။ပြီးတော့ အစေခံတွေကို ခေါ်ခွင့်​မရှိဘူးလို့ ငါပြောပြထားတယ်​လေ"
    "ဒါပေမယ့်​"
    "ငါ့ကို ယုံပါ လီဖာရဲ့။ငါ ငါ့ကိုယ်​ငါ ဂရုစိုက်​နိုင်​ပါတယ်​။ငါက နင်​ထင်​ထားတာထပ်​ သန်​မာပါတယ်​"သူမက လီဖာရဲ့လက်​တွေကို အုပ်​မိုးဆုပ်​ကိုင်​ပြီး ဖြောင်းဖြပြောဆိုလိုက်​တယ်​။
    နောက်​ဆုံးတော့ လီဖာဟာ သက်​ပြင်းချရုံသာ တတ်​နိုင်​တော့တယ်​။ဘယ်​လိုပဲ သုမ သခင်​မလေးက ဆိုပါစေ။ရင်​ထဲမှာရှိတဲ့ အမြစ်​တွယ်​နေသောစိုရိမ်​မှုလေးကတော့ ပျောက်​ကွယ်​သွားနိုင်​မည်​ မဟုတ်​ပါပေ
    သူမ သခင်​မလေးက သူမ သွားသည့်​နေရာတိုင်းမှာ ပြဿနာ တခုမဟုတ်​တခု ရှာတတ်​သည်​မဟုတ်​လား။
   ---------
  နောက်​ဆုံးတော့ တော်​၀င်​အဆင့်​တွေအလိုက်​ စီစဉ်​ထားသော ရထားလုံးတွေနဲ့အတူ သူမတို့အတန်းဟာ ခရီးထွက်​ဖို့ စတင်​လိုက်​တယ်​။အေဒီရာဟာ သူမအတွက်​ စီစဉ်​ထားတဲ့ ရထာလုံးပေါ်ကို တက်​ခါနီးမှာ တစ်​စုံတယောက်​ရှိနေပြီးဖြစ်​တာကို သူမ သတိထားလိုက်​မိတယ်​။
     ငါတို့က ယောက်ျာလေး မိန်းကလေးခွဲသွားရမှာ မဟုတ်​ဘူးလား။ထရီတန်​နဲ့ ငါနဲ့ပဲ အဆင့်​တူတာမဟုတ်​လား။ဒါပေမယ့်​ ဒီရထားလုံးက ငါ့အတွက်​ပဲ မဟုတ်​ဘူးလား။သူတို့က အစီစဉ်​တွေကို ပြောင်းထားတာလား။
      သူမဟာ ရထားလုံးပေါ်ကို တက်​ဖို့ရာအတွက်​ ချီတုံချတုံဖြစ်​နေခဲ့တယ်​။ရထားလုံးပေါ်ကနေ လက်​တဖက်​ဟာ သူမကို ကူညီပေးဖို့ရာ အတွက်​ဆန့်​ထုတ်​လာတယ်​။လိုက်​ကာချထားတာကြောင့်​ သူမက ထိုသူ့ကို မမြင်​ရလေဘူး။
    သူမက မလှုပ်​မယှက်​ဘဲ ဖြစ်​နေသေးတဲ့ အခါမှာတော့ အသံအေးလေးတခုကအတွင်းကနေ ထွက်​လာခဲ့တယ်​။
    "မစိုးရိမ်​ပါနဲ့။ကိုယ်​ပါ"
  ရင်းနီးလွန်းလှတဲ့ အသံကြောင့်​လသူမက ခေါင်းထဲမှာ ပေါ်လာတဲ့ နာမည်​ကို ခေါ်လိုက်​မိတယ်​။
"ကေဆီ?"
  "အင်း?"
  နောက်​ဆုံးတော့ စိတ်​ပေါ့ပါးစွာနဲ့ သူကမ်းပေးတဲ့ လက်​ကို ဆွဲပြီး ရထားလုံးပေါ်ကို တက်​လိုက်​တယ်​။ သူမဟာ သူ့မျက်​နှာကိုရှင်းရှင်းလင်းလင်း မမြင်​ရတာကြောင့်​ လိုက်​ကာကို ဆွဲဖွင့်​လိုက်​တယ်​။
   သူမရဲ့ ရုတ်​တရက်​ဆန်​တဲ့ အပြုအမူကြောင့်​ ကေဆီဟာ လန့်​ပြီးဘေးကိုစောင်းလိုက်​ရာက သူ့ခေါင်းဘေးဟာ သစ်​သားတန်းနဲ့ စောင့်​မိပြီး အသံအကျယ်​ကြီး ထွက်​လာခဲ့တယ်​။
  အေဒီရာဟာလည်း ထိုသို့ ဖြစ်​သွားလိမ့်​မယ်​မှန်း မခန့်​မှန်းမိခဲ့ဘူး။သူမလည်း လန့်​သွားပြီး ကေဆီရဲ့ ထိခိုက်​သွားတဲ့ ခေါင်းဘက်​ခြမ်းကို လက်​နဲ့ အုပ်​ထားလိုက်​တယ်​။
    နောက်​တော့ သူမဟာ ကေဆီရဲ့ ရှက်​ပြီးနီရဲနေတဲ့ မျက်​နှာကြောင့်​ မအောင့်​ထားနိုင်​တော့ဘဲ အကျယ်​ကြီး ရယ်​လိုက်​မိတယ်​။
   "ဟား ဟ ဟား ကေဆီ အသံက အကျယ်​ကြီးပဲ။ရှင်​အဆင်​ပြေရဲ့လား"သူမက ကေဆီရဲ့ ဒက်​ရာကို သက်​သာအောင်​ လက်​နဲ့အသာပွတ်​ပေးနေရင်းက မေးလိုက်​တယ်​။
   သူက ငြိမ်​ငြိမ်​လေးနေပြီး သူမ သူ့ခေါင်းကို အသာအယာထိတွေ့နေတာကို နှစ်​သက်​နေမိတယ်​။
  ခေါင်းကို ခိုက်​မိတာ တန်​တော့တန်​သားပဲ။
   "အခုထိ နာနေသေးလား"
    "အင်း"သူက သူမရဲ့ နွေးထွေးတဲ့အကြည့်​တွေကို ကြည့်​ပြီး ပြန်​ဖြေလိုက်​တယ်​။
   "ဒီကို လာခဲ့"အေဒီရာဟာ သူ့ကို အနားခေါ်ကာ သု့ခေါင်းကို နှိမ့်​ကိုင်​ပြီး ဒဏ်​ရာကို ဟူးဟူးမှုတ်​ပေးရင်းက ကလေးသံစဉ်​တခုကို ဆိုလိုက်​တယ်​။
     "pain pain fly away
      Please don't hurt my baby"
  သူက သူမကို ကြည့်​နေတာကို သတိထားမိအြီးတဲ့ နောက်​မှာတော့ ဒီသံစဉ်​အတွက်​ သူမ အဆင့်​အတန်းနဲ့ ကိုက်​ညီတဲ့ အဖြေတခုကို အမြန်​ပေးလိုက်​တယ်​။
   "ကျွန်​မအမေက ကျွန်​မတခုခုဖြစ်​တိုင်း အဲ့လိုလုပ်​ပေးလေ့ရှိတယ်​။ရှင့်​အတွက်​တော့ ထိရောက်​မလားမသိပေမယ့်​ ကျွန်​မအတွက်​တော့ ဒါက အမြဲထိရောက်​မှု ရှိတယ်​။"
    "ဒါက ထိရောက်​ပါတယ်​"ကေဆီမီရညက နူးညံ့စွာ ပြုံးပြပြီး ဖြေလာတယ်​။
    အာ   ဒီအပြုံးက သိပ်​အန္တရယ်​ သိပ်​များတာပဲ။
တကယ်​တော့ ရှင်​က အားလုံးထဲမှာ အန္တရယ်​အများဆုံးပဲ။

She become a passive villainess-not(trans)Where stories live. Discover now