Fairest of them all

820 141 1
                                    

       Fairest of them all

           ခန်းမထဲမှာ အဆင့်မြင့်မိသားစုတွေ အများအပြားရောက်ရှိနေကြပြီး မွေးနေ့ရှင်မင်းသားအား ဂုဏ်ပြုနှုတ်ဆက်နေကြသည်။
           မီးဆိုင်းတွေ၏ ရောင်စုံဖြာထွန်းလင်းမှုအောက်မှာ အဆင့်မြင့်တွေရဲ့ အချင်းချင်းစကားပြောသံတွေနှင့် ခန်းမဟာ ဆူညံပြည့်နက်နေခဲ့သည်။
            ကေဆီမီရာဟာ ဖခင်ဖြစ်သူဘုရင်ကြီး အေသနာဆီးယပ်စ်နှင့် သူ့အား အရင်ဖြစ်ရပ်နှင့်ပတ်သတ်ပြီး ကြောက်ရွံ့နေသော ညီဖြစ်သူ စတီဖန်တို့၏ ဘေးမှာ ရပ်နေလေတယ်။
           ကေဆီမီရာဟာ တော်ဝင်တို့အတွက် သီးသန့်စီစဉ်ထားသော စင်မြင့်ပေါ်ကနေ ကြီးမားလှတဲ့ တံခါးကနေတဆင့် ဧည့်သည်များ တဖွဲဖွဲရောက်လာသည်ကို ကြည့်နေလိုက်သည်။
          "ကေဆီမီရာ မင်းအနေနဲ့ အေးစက်တဲ့အရောင်အဝါတွေကို ခဏဘေးချထားပြီး နည်းနည်းဖြစ်ဖြစ် ပြုံးပြသင့်တယ်"
           အေသနာဆီယပ်စ်ဟာ သားဖြစ်သူရဲ့ အဆင့်မြင့်များနှုတ်ဆက်လာသည်ကို အင်းတစ်လုံးဖြင့်သာ တုံ့ပြန်နေသည်ကို သတိပြုမိပြီး  ပြောလိုက်တယ်။
           ""ဟုတ်ကဲ့ ခမည်းတော်"ကေဆီမီရာဟာ ခေါင်းငုံ့အရိုအသေပေး ဖြေကြားလိုက်ကာ သူ့အကြည့်တွေကို တံခါးဆီကိုပဲ ပြန်ပို့လိုက်လေတယ်။
            "တကယ်ပါပဲ သူမက လာမှာပါ။မင်းတံခါးကို တချိန်လုံး စိုက်ကြည့်နေဖို့ မလိုပါဘူး"
           "အဖေသာ သွားခွင့်ပြုခဲ့ရင် ကြည့်မနေရပါဘူး"
          ကေဆီမီရာဟာ ဖခင်ဖြစ်သူကို ဝမ်းနည်းစွာနဲ့ စိတ်ကောက်သလို ကြည့်ကာ ပြောပြီး တံခါးကိုပဲတဖန်ပြန်ကြည့်နေလိုက်တယ်။
             "ဒီအမျိုးသ-----"
           မင်းတကယ်ပဲ သူမကို ဘယ်လောက်ထိတောင် သဘောကျသွားတာလဲ။
              "အရှင်မင်းကြီး အေသနာဆီးယပ်စ် မင်းသားကေဆီမီရာ မင်းသား စတီဖန်"ယုံကြည်ရပုံမရှိတဲ့ မျက်နှာနဲ့ ဗိုက်ပူကြီးနဲ့ လူတစ်ယောက်ဟာ အပြုံးတခုချိတ်ဆွဲကာနှုတ်ဆက်လာတယ်။ 
               "ဒီငယ်သား အမတ်ငယ်က သူ၏သမီးဖြစ်သူနှင့်အတူ အရှင်မင်းသား ကေဆီမီရာ၏ မွေးနေ့ကို နှုတ်ဆက်ဂုဏ်ပြုပါတယ် အရှင်"
            ထိုသူက ပြောလိုက်ပြီး သူ့နောက်က ပန်းရောင်ဆံပင်နဲ့ မိန်းမငယ်ကို ရှေ့ထွက်စေလိုက်တယ်။
            သူမဟာ ချယ်ရီပန်းခက်လေးတွေ ရိုက်နှိပ်ထားသော အထပ်ထပ်ရှိသော ပန်းရောင်လည်ပြတ်ဝတ်စုံကို အသားအများကြီး မပေါ်စေဘဲ ကိုယ်လုံးလေးနှင့် ကွက်တိဖြစ်စွာ ဝတ်ဆင်ထားလေတယ်။
            သူမရဲ့ ဂါဝန်ကို ခါးမှာ ချယ်ရီပွင့်ရောင် ဖဲကြိုးစနှင့်ချည်ထားကာ အောက်ခြေမှာတော့ ပန်းပွင့်သလို ဂါဝန်ဟာ ဖောင်းကြွနေတယ်။ဂါဝန်ဟာ အောက်ခြေကို ဝဲကျနေတာကြောင့် သူမရဲ့ နှင်းဆီရောင် ဖိနပ်လေးကို ဖုံးထားလေတယ်။
               သူမဟာ သူမကိုမနာလိုစွာ ကြည့်နေသော အကြည့်တွေအောက်မှာ နွေဦးတုကို ဖန်းတီးပေးနိုင်စွမ်းရှိစွာ နွေးထွေးစွာ ပြုံးနေလေတယ်။
            သူမရဲ့ ဝတ်စုံဟာ သူမကို အိနြေ္ဒရှိမှု  ရိုးသားမှုနဲ့ ဖြူစင်မှုကို ဖော်ပြနေသကဲ့သို့ ဖြစ်နေတယ်။များပြားလှသောအကြည့်တွေဟာ သူမဆီမှာပျံဝဲနေလာကြတယ်။
            သူမရဲ့ ဆံပင်တွေကို တစ်ဝက်စီးထားပြီး ရွှေရာက်ပန်းလေးများအား ရေတံခွန်စီးကျနေသကဲ့သို ပန်ဆင်ထားလေတယ်။
            သူမရဲ့အလှဟာ အလွန်နူးညံ့ဖြူစင်ပုံပေါ်နေကာ ယောက်ျားသားတွေအားလုံးကို သူမအား ကာကွယ်ပေးစေလိုစိတ်ဖြစ်ပေါ်စေလေတယ်။
            တော်တော်များများသောသူတွေဟာသူမကို ချဉ်းကပ်ဖို့ကြံစည်နေကြလေတယ်။သူမရဲ့အလှဟာ ရွံ့နွံထဲကနေ ရုန်းထွက်လာသော အစွမ်းကုန်ဖူးပွင့်နေသော ကြာပွင့်လေးကဲ့သို့ ဖြစ်နေလေတယ်။ 
             သူမဟာ အလိုလိုပဲ ဒီညရဲ့ အလှဆုံးအဖြစ်သတ်မှတ်ခံရလိုက်လေတယ်။
             "ပျော်ရွှင်ပြီး ချမ်းမြေ့ဖွယ်ကောင်းသော မွေးနေ့ဖြစ်ပါစေ အရှင်မင်းသား။ဒါကတော့ လက်တီဖိုလီရာအိမ်တော်၏ ရတနာဖြစ်ပြီး အရှင်မင်းသားအား လက်ဆောင်--------"
              "အင်း"
             သူမ၏ နာရီအတော်ကြာ အိမ်တော်၏ မျက်နှာမပျက်စေဖို့ရာ မထစ်မငေါ့စေဖို့ရာ လေ့ကျင့်ခဲ့ရသော ဆုတောင်းစကားတို့ ပြီးဆုံးအောင် မပြောရသေးခင်မှာဘဲ ကေဆီမီရာဟာ အသိအမှတ်ပြု ခေါင်းငြိမ့်ကာ ဆိုလာလေတယ်။
            အေသနာဆီးယပ်ဟာ သခင်မလေးလက်တီဖိုလီရာအတွက် အားနာစွာ သက်ပြင်းသာချလိုက်ပြီး နဖူးပေါ်ကိုသာ လက်တင်မိလိုက်တော့တယ်။
           သူတကယ်လို့ ထိုကောင်လေး ဒီလိုတွေလုပ်မှာမှန်းကြိုသိခဲ့ရင် သူ့ကို သူ့ကြင်ယာတော်ကို သွားခေါ်ဖို့ ခွင့်ပြုပေးလိုက်ပါသည်။ဒါပေမယ့် ဒါက လွယ်တာမှမဟုတ်ပါဘဲ။
            ခန်းမနှင့် ဆလယ်ဗားရစ်အိမ်တော်ဟာ နာရီအတော်ကြာ ခရီးနှင်ရသည်။ဒါပေမယ့် မွေးနေ့ရှင်အနေနဲ့ မွေးနေ့ပွဲမှာ ရှိနေပြီး ဧည့်သည်တွေကို နှုတ်ဆက်ရမည် မဟုတ်ပါလား။
            ဒီလိုဖြစ်မည်သာကြိုသိခဲ့ရင် သူ့အနေနဲ့ အေဒီရာအား တရက်စောလာစေဖို့ ပြောခိုင်းလိုက်ပါတယ်။ ခုတော့ နောက်ကျသွားလေပြီ။သူ့သားက ခုလို ပြုမူနေလေပြီ။
           "သူ့ကို စိတ်မရှိပါနဲ့။သူမျော်နေတဲ့သူ မလာသေးတာကြောင့် သူအနည်းငယ် စိတ်လွင့်နေရုံပါ။ပြီးရင် အဆင်ပြေသွားပါလိမ့်မယ်။ပါတီပွဲကို ပျော်ရွှင်စွာ ဆင်နွဲနိုင်ပါတယ်"
           "သူတို့ကို ဧည့်ခံ နေရာလိုက်ပေးလိုက်ပါ စတီဖန်"
           "အမ်... ဘာလို့...."စတီဖန်ဟာ ဖခင်ဖြစ်သူရဲ့ အကြည့်တွေကြောင့် မငြင်းဆင်နိုင်ဘဲ စကားတို့ရပ်တန့်လိုက်ရသည်။
          ဘာကြောင့် ငါက လုပ်ပေးရတာလဲ။ဒါက မွေးနေ့ရှင်က လုပ်ပေးသင့်တာ မဟုတ်ဘူးလား။
          စတီဖန်ဟာ အမတ်ငယ်နှင့်အတူ စကားအနည်းငယ်ပြောရင်း တခြားအဆင့်မြင့်တွေရှိရာ လေဒီလက်တီဖိုရာအား လိုက်ပို့ပေးလိုက်တယ်။
            အိုးရစ်ဟာ စတီဖန်နဲ့အတူလျှောက်နေရင်း တံခါးကနေ မျက်စိတချက်မလွဲဘဲ ကြည့်နေသော ကေဆီမီရာကို တချက်ခိုးကြည့်လိုက်တယ်။
              သူက သူမကို စောင့်နေတာလား။ဘာလို့ အမြဲ သူမဖြစ်နေရတာလဲ
             သူမဟာ ဂါဝန်စကို တင်းကျပ်စွာ ဆုပ်ကိုထားရင်းက သူမရဲ့ ပြောင်းလဲသွားသောမျက်နှာကို သူများတွေ မမြင်နိုင်စေဖို့ရာ ခေါင်းငုံ့နေလိုက်တယ်။
             ဧည့်သည်များ အလာနည်းပါးလာပြီး အချိန်အတော်ကြာ ကေဆီမီရာ၏ စောင့်စားမှုကြီးပြီးနောက်မှာတော့ ခန်းမတံခါးဟာ ပွင့်လာပြီး လှပသောမိသားစုတစ်စု ထွက်ပေါ်လာခဲ့တယ်။
             မြို့စားကြီးနှင့် မြို့စားကတော်တို့ဟာ လိုက်ဖက်တင့်တယ်နေကြပြီး သူတို့၏ မွေးစားသားဖြစ်သူ ရေမီရာဟာလည်း အလွန်ချောမောနေလေတယ်။
            ဒါတွေ အားလုံးထက် သခင်မလေး ဆလယ်ဗားရစ်ဟာ သာမန်ပုံစံတွေထက် သာမန်လူတို့ လိုက်မမှီနိုင်သော အလှမျိုးနှင့် အလွန်ပြည့်စုံနေသည်။သူမရဲ့ ပုံမှန်ပုံစံနှင်မတူ ညှိ့ချက်ပြင်းစွာလှနေသည်။ 
            သူမရဲ့ ဆံပင်တွေကို လှိုင်းတွန့်ပုံသဏ္ဍာန် ကောက်ထားကာ ပခုံးတဖက်ထဲပေါ်သို့ ချထားလေတယ်။သူမ၏ သေးသွယ်ပြီး နန်းဆန်တဲ့မျက်နှာပေါ်မှာတော့ ဆံပင်စ အနည်းငယ် ကျနေလေတယ်။
         သူမဟာ သူမရဲ့ စနှိုးဝှိုက်လိုအသားအရေမျိုးနှင့်လိုက်ဖက်စွာ အတွန့်လေးများနှင့် လည်ပြတ်ကိုယ်ကျပ် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဂါဝန်အား ပေါင်အလည်လောက်နား၌ ခွဲထားကာ သူမ၏ ချောမွေ့လှသော ခြေတံရှည်များနှင့် တလက်လက်စီချယ်ထားသော ဖိနပ်အား လှစ်ဟပြထားလေသည်။
          သူမရဲ့ ရင်ဘက်မှာတော့ အနက်ရောင်ဇာလေးနဲ့ ထင်းနေစွာ အစွန်းသတ်ထားပြီး ကျောဘက်ကို ဗွီပုံစံအဆုံးသတ်ထားကြာ ခါးမှာတော့ အစွန်း၌ရွှေရောင်ခြူလုံးတပ်ဆင်ထားတဲ့ ဖဲကြိုးရှည် အပါးလေးကို ချည်ထားလေတယ်။
            ဒါဟာ သူမခြေလှမ်းလှမ်းလိုက်တိုင်းမှာ အာရုံစိုက်ချင်စဖွယ် အသံမျိုးဖြစ်လာစေပြီး သူမ၏ လှုပ်ရှားမှုတိုင်းမှာ ဝတ်စုံပေါ်က အမှုန်လေးတွေဟာလည်း ရောင်ပြန်ဟပ်မှုနှင့်အတူ တဖိတ်ဖိတ်တောက်ပနေလေတယ်။သူမ ရယ်လိုက်တဲ့အခါမှာတော့ ဆည်းလည်းသံလေးကဲ့ ချိုမြနေခဲ့တယ်။ သူမဟာ ယောက်ျားသားအားလုံး၏ အာရုံကိုသိမ်းပိုက်ပြီး သူမအားလိုချင်ရမ္မက်ဖြစ်ပေါ်လာစေတယ်။
            သူမဟာ သာယာစွာ သီကျူးပျံသန်းနေတဲ့ ငှက်ငယ်မျိုးလိုပါပဲ။
          သူတို့ဟာ ဘယ်လိုလုပ်ပြီးတော့များ ဝင့်ကြွားစွာ လျှောက်လှမ်းလာသော သခင်မလေးအေဒီရာနှင်ယှဉ်လျှင် မှေးမှိန်သွားသော သခင်မလေး လက်တီဖိုလီရာအား ဒီည၏အလှဆုံးအဖြစ် သတ်မှတ်ခဲ့မိပါလိမ့်။သခင်မလေး အေဒီရာကမှ ဘယ်သူမှလိုက်မမှီနိုင်တဲ့ အထက်တန်းဆန်တဲ့ အလှမျိုးပဲ။
          သူမရဲ့ ဝင်ရောက်လာမှုကတင် သူတို့အားမျက်စိကျယ်စေခဲ့ပြီး သူမပြုံးလိုက်ချိန်မှာတော့ မျက်စိကန်းတော့မလိုပါပဲ။
         သူမအလှကို ဖော်ပြဖို့ စကားလုံးတောင် ရှာမရလေဘူး

She become a passive villainess-not(trans)Where stories live. Discover now