One way or another

835 115 0
                                    

     One Way or Another

      မင်းသားနှင့်တော်ဝင်မိန်းမပျိုကိုတွဲပြီး တွေ့လာပြီးနောက် အိုင်းရစ်ဟာ အိမ်တော်ကိုပြန်သွားပြီး သူမအခန်းထဲကိုဝင်သွားပြီး  ဒေါသတကြီးဖြင့် လက်ဖက်ရည်စားပွဲပေါ်က ပစ္စည်းတွေအကုန်လုံးကို တွန်းချဖျက်စီးလိုက်တယ်။
         ဒီမကောင်းဆိုးဝါးမ
     သူမလက်ကို စားပွဲစွန်းမှာထောက်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်တယ်။မှန်ထဲကနေတဆင့် မြင်နေရတဲ့ သူမရဲ့တခြားသူတွေမမြင်တဲ့ သူမပုံရိပ်ကို ကြည့်ရင်း အံ့ကြိတ်လိုက်မိတယ်။
         "အရာအားလုံးငါ့အပိုင်ဖြစ်ရမှာ။သူမအရာတွေအားလုံး ငါ့အပိုင်ဖြစ်ရမှာ။ငါ့အပိုင်တွေ"
     သူမက အော်ဟစ်လိုက်ပြီး မှန်ကို ရိုက်ခွဲလိုက်တဲ့အခါမှာတော့ သူမလက်ကို ထိခိုက်သွားခဲ့တယ်။
      သူမရဲ့ကိုယ်ပိုင်အစေခံမလေးဟာ သူမသခင်မလေး ဒဏ်ရာကို မြန်မြန်စည်းပေးနိုင်ဖို့ရာအတွက် အိုင်းရစ်အနားကို ကြောက်ရွံ့စွာဖြင့် သွားလိုက်တယ်။ဒါပေမယ့် အေဒီရာရဲ့ ပြောစကားများကြောင့် စိတ်အလွန်တိုနေတဲ့ အိုင်းရစ်ဟာ ထိုသူမလေးကို တွန်းထုတ်ပစ်လိုက်တယ်။ အေဒီရာက သူမနေရာကို သေချာသိအောင် သူမကို ပြောသွားတာက သူမမျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားရတယ်။
           'သူမက ခုထိ ချစ်စိတ်ပြင်းပြနေဆဲပဲ။သူမ ဘာဖြစ်ခဲ့တာလဲ။ပြီးတော့ ဒလယ်ဗားရစ်ကရော ဘာတွေလုပ်နေတာလဲ။သူ အေဒီရာကို လိုချင်နေခဲ့တာ မဟုတ်ဘူးလား။အားးးသူမက ငါ့ကို တကယ် စိတ်အနှောင့်အယှက်ပေးတာပဲ။'
      အိုင်းရစ်ဟာ တွေးလိုက်ရင်းက စားပွဲကို လက်သီးနဲ့ထုလိုက်တာကြောင့် သူမဒဏ်ရာဟာ ပိုဆိုးသွားတယ်။
      သူမအပြုအမူကြောင့် အစေခံမလေးဟာလည်း တုန်သွားတယ်။
           "ဒါက အစပဲရှိပါသေးတယ် အေဒီရာ။ငါ ဒီနေ့အတွက် လက်စားချေပြမယ်။တစ်နည်းမဟုတ်တစ်နည်း မင်းသား ကေဆီမီရာက ငါ့အပိုင်ဖြစ်လာစေရမယ်"
       သူမက ကွဲနေတဲ့မှန်ကွဲစတွေထဲက သူမပုံရိပ်ကို ကြည့်ရင်း ပြောလိုက်တယ်။
           'သူမ ရူးသွားပြီ'
      အစေခံမလေးဟာ သူမသခင်မလေးရဲ့ သခင်မလေး အေဒီရာအပေါ် အကြောင်းမဲ့ မုန်းတီးနေပုံကို ကြည့်ပြီး တွေးလိုက်မိတယ်။
    .............
            "မင်း ဘယ်လိုလုပ်ဖို့ တွေးထားလဲ"
      ကေဆီမီရာဟာ နောက်ဆုံးတော့ စိတ်ပြေသွားပြီဖြစ်တဲ့ သူ့ကြင်ယာတော်ကို ပြုံးလျက်မေးလိုက်တယ်။
            "ဟမ်?ကျွန်မလည်း မသိသေးဘူး။ဒါပေမယ့် ကျွန်မ သူဘာလို့ ဒီလိုလုပ်တာလဲဆိုတာတော့ သိချင်တယ်။"
      အေဒီရာဟာ သူမလက်ထဲက ချောကလက်ပူတင်းကို နောက်ဆုံးအစလေးထိ စားလိုက်ရင်းက ဖြေလိုက်တယ်။
      သူမတို့ အခု အရင်နေ့က အဖြစ်အပျက်နှင့်ပတ်သတ်ပြီး ဆွေးနွေးနေကြခြင်းဖြစ်တယ်။
      အေဒီရာရဲ့ စားချင်းစိတ်ကို မြင်တွေ့လိုက်ရတဲ့ ကေဆီမီရာဟာ သူ့လက်ထဲက သူမထိရသေးတဲ့ မုန့်ကိုပါ သူမကို ပေးလိုက်တယ်။
      ဘာလို့မထိရသေးလဲဆိုတော့
      မင်းတို့သိတဲ့အတိုင်းပဲ သူက အေဒီရာနဲ့အတူရှိနေရတာနဲ့တင် ပျော်နေပြီ။သူ့အနေနဲ့ သူ့အာရုံတွေကို မုန့်စားလိုက် သူ့ကြင်ယာတော်ကြည့်လိုက်နဲ့ ခွဲဝေမနေချင်ဘူး။
      ကေဆီမီရာက သူ့မုန့်ကို ပေးတဲ့အခါမှာတော့ သူမဟာ ပြုံးရွှင်တောက်ပသွားတယ်။သူမက ကေဆီမီရာကို ချိုသာစွာ ကျေးဇူးတင်စကားဆိုလိုက်ပြီး သူမရဲ့ ဒုတိယမြောက်ချောကလက်ပူတင်းကို စားလိုက်တယ်။
     သူမရဲ့အပြုအမူလေးကြောင့် ကေဆီမီရာ့ရင်ထဲမှာ မုန့်ကိုစားရတာထက်ပိုပြီး ချိုမြသွားခဲ့ရတယ်။
            "ကိုယ်တို့သူ့ကို နှိပ်စက်စစ်မေးကြရင်ရော?"
           "နိုးးး ရှင်အဲ့လိုမလုပ်လိုက်နဲ့"
      အေဒီရာက သူ့အကြံကိုပယ်ချလိုက်ပြီး သူမဦးနှောက်ကို အလုပ်ပေးလိုက်တယ်။
            "သူက ဒီလိုလုပ်ဖို့ အမိန့်ပေးခံရတာလဲ မဖြစ်နိုင်ဘူးဟုတ်တယ်မို့လား။ဒါဆိုရင်တော့ ကျွန်မ ပြိုင်ဘက်တွေက ကျွန်မကို ဖယ်ရှားဖို့ စလှုပ်ရှားနေကြပြီပေါ့လေ။ရှင်သိရဲ့လား ဟမ် ရှင့်ကိုကြိုက်နေတဲ့ပြိုင်ဘက်တွေအများကြီးရှိတာ ကျွန်မအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ။"
       သူမရဲအရှက်မဲ့စွာ ကွန်ပလိန်းတက်လာမှုကြောင့် ကေဆီမီရာဟာ သူမကို မယုံကြည်နိုင်သောမျက်ဝန်းတွေနဲ့ ကြည့်လာလေတယ်။
            'တကယ်ပါပဲ'
          မင်းထက်ကိုယ့်မှာ အများကြီးပိုရှိနေတာ အချစ်ကလေးရဲ့
           "မယုံကြည်နိုင်စရာပဲ"
      ကေဆီမီရာဟာ တိုးတိုးလေး ရေရွတ်လိုက်ပေမယ့် အေဒီရာက ကြားသွားခဲ့တယ်။
         "အဲဒါ တကယ်ပဲ။တစ်စုံတစ်ယောက်က ကျွန်မကို ကျွန်မနေရာနဲ့အဆင်အတန်းတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်လာမှာစိုးလို့ ကျွန်မမှာခြေလှမ်းအမြဲ ပြင်ထားရတာ။ကျွန်မက ဘာမှပြန်မတိုက်ခိုက်တတ်တဲ့ နူးညံ့တဲ့မိန်းမသား မဟုတ်လား"
       စတီဖန်သာ အေဒီရာပြောတာကို ကြားရင် သွေးအန်မိမှာပင်။
      ဘာတဲ့ မတိုက်ခိုက်တတ်ဘူးတဲ့လား။ဘယ်လောက်တောင် အရှက်မဲ့တာလဲ မိန်းကလေးရဲ့။
      ကေဆီမီရာဟာ သက်ပြင်းပဲ ချနိုင်တော့တယ်။သူက နောက်ဆုံးတော့ သူ့ရဲ့များပြားလှတဲ့ ပြိုင်ဘက်တွေကို အသာထားပြီး အခုဖြေရှင်းရမယ့် ကိစ္စကိုပဲ အရင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။
      ဒါပေမယ့် အဲဒီဖြေရှင်းမယ့်အချိန်က သူမလေးရဲ့ လွတ်လွတ်လပ်လပ်စားသောက်နေတာကို ကြည့်ပြီးချိန်မှဖြစ်တယ်။
     ဒါက လှို့ဝှက်ချက်တခုပဲ။သူ့အနေနဲ့ အခုတော့ လက်တီဖိုလီရာကို လစ်လျူရှုနိုင်ဖို့ ရည်ရွယ်ချက် အောင်မြင်သွားခဲ့ပီ ဖြစ်တယ်။
      ............
          "သခင်လေး"
    အိုင်းရစ်ဟာ လီယွန်ကို မျက်နှာချင်းဆိုက်တွေ့တဲ့ခါ သူမမျက်နှာကနာကျင်နေရပြီး ဝမ်းနည်နေဟန်ဖြင့် နှုတ်ဆက်လိုက်တယ်။
         "သခင်မလေးလက်တီဖိုလီရာ ဘာများဖြစ်လို့ပါလဲ"
         "အမ်းးးးဘာမှမဖြစ်ပါဘူး သခင်လေး"
     သူမကညာပြောလိုက်ပြီး သူမလက်က ဒဏ်ရာကို မြင်အောင် သူမဒဏ်ရာရထားသော လက်နဲ့မျက်ရည်တို့ကို သုတ်လိုက်တယ်။
         "သခင်မလေး လက်က ဘာဖြစ်တာလဲ။ဘယ်သူ လုပ်တာလဲ"
          "သခင်လေး ဒါက ဘာမှမဖြစ်ပါဘူး!ကျွန်....ကျွန်...ကျွန်မလက်ဖက်ရည်ခွက်တိုက်မိပြီး မတော်တဆ ကိုယ့်ကိုယ်ကို ထိမိသွားခဲ့တာပါ"
      သူမရဲ့ ထစ်ထစ်အအပြောလာမှုကြောင့် လီယွန်ဟာ ပိုပြီး သိချင်များကာ သံသယဖြစ်လာခဲ့တယ်။
            "လိမ်နေတာ။အသင် ကျွန်တော်ကို ပြောလို့ရပါတယ်။ပြီးတော့ ကျွန်တော်တို့ အရှင်မင်းသားအတူတင်ပြ_____"
            "မလုပ်နဲ့။သခင်လေး အရှင်မင်းသားကို သွားပြောလို့မရဘူး။သခင်လေး သူ့ကို လုံးဝ ပြောလို့မရဘူး"
      လီယွန်စကားမဆုံးခင်မှာဘဲ သူမက အမြန်ဖြတ်ပြောလိုက်တယ်။
             "ဒါ...မဖြစ်နိုင်တာ...သခင်မလေး အေဒီရာလား.."
     လီယွန်က သူမကိုမေးလိုက်တယ်။သူ့အနေနဲ့ ဒီသနားစကားကောင်းသော သခင်မလေးကို အနိုင်ကျင့်တဲ့ မင်းသားကြင်ယာတော်ကို ပိုပြီးမုန်းလာတယ်။အခုတော့ သူမက တခြားသခင်မလေးတယောက်ကို အနာတရဖြစ်စေတဲ့အထိ ဖြစ်လာခဲ့ပြီ။
        အိုင်းရစ်ဟာ သူ့စကားကြောင့် တောင့်တင်းသွားပြီး တစုံတယောက်ကိုကြောက်ရွံ့သွားသလို ဟန်ဆောင်လိုက်တယ်။
        အိုင်းရစ်ရဲ့အမူအရာကြောင့် လီယွန်ဟာ သူမှန်တယ်လို့ ယူဆလိုက်တယ်။သူ့အနေနဲ့ သခင်မလေးတယောက်က တခြားသခင်မလေးတယောက်ကို သဝန်တိုတာကြောင့် ဒီလိုမျိုးတွေ လုပ်ခဲ့တာဆိုတာ မယုံကြည်နိုင်ခဲ့ဘူး။
           "မင်းအနေနဲ့ စာအုပ်တစ်အုပ်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘူးဆိုတာ တကယ်မှန်တာပဲ။အပြင်လှပေမယ့် အတွင်းပုပ်နေနိုင်တာပဲ"
       သူက ရေရွတ်လိုက်ပြီး မျက်ရည်တွေသုပ်နေသော သခင်မလေးကို အကြံပေးလိုက်တယ်။
           "အသင် ကျွန်တော်ကို ကူပေးဖို့လိုတယ် သခင်မလေး လက်တီဖိုလီရာ ။အရှင်မင်းသားအနေနဲ့ သိပ်နောက်မကျခင် သခင်မလေးအေဒီရာရဲ့ပုံစံအမှန်ကို သိဖို့လိုအပ်တယ်။အသင်သူ့ကို ပြောပြရမယ်"
          "ဒါပေမယ့် သူက ကျွန်မကို မယုံကြည်လောက်ဘူး သခင်လေး ရေအိုနာ။သူက သေသေချာချာ မတွေးနိုင်အောင် သခင်မလေး အေဒီရာရဲ့ စကားတွေကို ယုံကြည်နေတာ။သူက သူမကို သံသယမရှိဘဲ သူ့ဘက်မှာပဲ နေလိမ့်မယ်"
      သူမက ပြောရင်း မျက်ရည်တို့ကျလာတယ်။
            "သခင်လေးကပဲ ကျွန်မကို ယုံကြည်မယ့် (ငတုံး)တစ်ယောက်တည်းသောသူပဲ။ကျွန်မကို ကူညီပါ"
      လီယွန်က သူ့လက်ကို မြှောက်လိုက်ပြီး ငိုနေတဲ့သခင်မလေးကျောကို ပုတ်ပေးလိုပေမယ့် မလုပ်တော့ဖို့ဆုံးဖြတ်လိုက်တယ်။သူ့အနေနဲ့ သူမလေးကို သနားသော်လည်း သူတို့က လက်မထပ်ရသေးသော ယောက်ျားပျိုနှင့် မိန်းမပျိုမဟုတ်လား။အဲ့လိုပုံစံကိုသာ သူများတွေမြင်သွားခဲ့ရင် ဒီသခင်မလေးဘဲ ဒုက္ခရောက်သွားနိုင်တယ်။
      လီယွန်ဟာ ငိုနေသော သခင်မလေးကို ကြည့်ရင်း သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေခဲ့တယ်။
          "ဒါ အဆင်ပြေသွားမှာပါ သခင်မလေး။မင်းသားက သူ့ကြင်ယာတော်ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့လုပ်မယ်ဆိုရင် ကျွန်တော် သခင်မလေးရဲ့တရားမျှတမှုအတွက် တခြားနည်းလမ်းရှာပေးပါ့မယ်"
            "ကျေးဇူးတင်ပါတယ် သခင်လေးရေအိုနာ ကျေးဇူးတင်ပါတယ်"
           မျက်ရည်အနည်းငယ်နဲ့ ရှင်က ပြိုကျသွားတယ်။ဘယ်လောက်ပြည့်စုံလိုက်လဲ
***********
       
Unicode

She become a passive villainess-not(trans)Where stories live. Discover now