Maiden OF Light

646 107 2
                                    

         
Maiden Of Light

            "မင်းဘာပြောလိုက်တာလဲ"
      ကေဆီမီရာက ရပ်လိုက်ပြီး ဖရိုဖရဲဖြစ်နေတဲ့ ပန်ဆီရောင်ဆံပင်တွေနဲ့ မိန်းကလေးဘက်ကို လှည့်မေးလိုက်တယ်၊၊
           "ကျွန်မ သူမကို ကယ်တင်နိုင်ပါတယ်"
     သူမက တည်တည်ငြိမ်ငြိမ်နဲ့နူးညံ့စွာ နောက်တကြိမ်ထပ်ပြောလိုက်တယ်၊၊
           "ဘယ်လိုမျိုးလဲ"
           "အရှင်မင်းသား  ကျွန်မက ကံကြမ္မာရဲ့သမီးပျို ဖြစ်ပါတယ်"
     သူမက ထုတ်ပြောလိုက်တယ်၊၊
       ကံကြမ္မာရဲ့သမီးပျိုဆိုတာ သူတို့ဟာ သူတို့ကိုပိုင်ဆိုင်တဲ့ အင်ပါယာ ဒါမှမဟုတ် နိုင်ငံတခုလုံးကို အုပ်ချုပ်မှုအာဏာအလုံးစုံပေးနိုင်မယ့် တမန်တော် ဘုရင်မ ဖြစ်တယ်၊၊ဘယ်ကျူးကျော်ဝင်ရောက်တိုက်ခိုက်သူကမှ မဖြိုလဲနိုင်သော ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရသလိုမျိုးဖြစ်လိမ့်မယ်၊၊
       အဲ့လို ပိုင်ဆိုင်ထားတဲ့နိုင်ငံဟာ သူတို့က ခုခံသူပဲဖြစ်ဖြစ် တိုက်ခိုက်သူပဲဖြစ်ဖြစ် ဘယ်လို စစ်ပွဲမျိုးမှာမဆို နိုင်လိမ့်မယ်၊၊အဲ့ဒါကြောင့် ကံကြမ္မာရဲ့သမီးပျိုဆိုတာ အင်ပါယာတိုင်း နိုင်ငံတိုင်း လိုချင်တပ်မက်ကြရသူများ ဖြစ်ကြတယ်၊၊
       စစ်ပွဲတွေမှာ အပြောင်းအလဲဖြစ်စေနိုင်တဲ့ စွမ်းအားတခုပေါ့
       ဒါက လူအားလုံး မျှော်လင့်လိုချင်နေတဲ့ ဘုရင်မပဲဖြစ်တယ်၊၊ပြီးတော့ အခု အဲ့လိုသူမက အနာဂတ်မျိုးဆက် ဘုရင်ရဲ့ရှေမှောက်မှာ ရပ်နေပြီ၊၊
      ဒါပေမယ့် ကေဆီမီရာက ဒါတွေအားလုံးကို တစ်စက်ကလေးက အရေးစိုက်မနေလေဘူး၊၊သူသိချင်တာက သူ့မိန်းမလေးကို ဘယ်လိုကယ်တင်ရမလဲဆိုတာပဲဖြစ်တယ်၊၊
      သူက သံတံခါးကို အားပြင်းပြင်းထုလိုက်တဲ့အခါမှာတော့ ယိုယွင်းပျက်စီးပြီး ချိုင့်ဝင်ကာ အသံအကျယ်ကြီး ထွက်ပေါ်လာခဲ့တယ်၊၊
               "ပြောစမ်း မိန်းကလေး၊၊မင်းဘယ်လို အေဒီရာကို ကယ်တင်ပေးနိုင်မလဲ"
       အိုင်းရစ်က အံ့သြသင့်မှုနဲ့အတူ မယုံကြည်နိုင်စွာ စိပ်ရှုပ်သွားခဲ့ရတယ်၊၊သူမရဲ့ အကြီးမားဆုံး ဖဲချပ်...... သူမရဲ့ ပုံရိပ်မှန်ကို ထုတ်ပြပြီးတာတောင် သူက အရေးမစိုက်သေးလေဘူး၊၊သူ့အတွက် အမြဲ အေဒီရာပဲ၊၊
            'ဟိုဟာလည်း အေဒီရာ..ဒီဟာလည်း..အေဒီရာ..ဘာလို့ အမြဲတမ်း ..သူမပဲလဲ
       သူမရဲ့ အမုန်းတွေထဲက သူမရဲ့ နှလုံးသားငယ်ထဲကနေ နှုတ်ခမ်းဖျားအထိ ရောက်လာပြီး အမုန်းတရားတွေကြောင့် မချိမဆံ့ခံစားနေရပေမယ့် သူမ အရာအားလုံးကို ပြန်မျိုချထားလိုက်ရတယ်၊၊ခုချိန်မှာ သူမကို ပစ်ထည့်ထားတဲ့ အချုပ်ခန်းထဲကနေ လွတ်ဖို့က အရေးကြီးတာ၊၊
               "ကျွန်မ ..ကျွန်မရဲ့ အလင်းနဲ့ သူမကို ကုသပေးလို့ ရပါတယ်
      သူမက အံ့ကြိတ်ထားရင်းက ဖြေလိုက်တယ်၊၊
       သူမအနေနဲ့ဆိုရင် ဒီမိန်းမကို သေသွားစေချင်တာ၊၊
      ကေဆီမီရာက အချိန်ဆွဲမနေတော့ဘဲ တံခါးပတ္တာကို လက်ဗလာနဲ့ ဆွဲဖြုတ်လိုက်တယ်၊၊ဒါပေမယ့် အခုလောက်မလွယ်ဘူးပေါ့၊၊သူက သူမကို သတိပေးလိုက်ပါသေးတယ်၊၊
             "နောက်စရာတခုခုလုပ်ခဲ့ရင် မင်းသေမယ်၊၊သူမ တခုခုဖြစ်သွားခဲ့ရင်လည်း မင်းသေရမယ်၊၊တကယ်လို့ သူမ သေသွားခဲ့ရင်တော့ မင်းဝိဥာဉ်အတွက် ဆုတောင်းထားပေတော့၊၊ငါ မင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်သေခွင့်‌ပေးလိမ်မယ် မထင်နဲ့၊၊နားလည်တယ်နော်"
     သူမက အကြောက်တရားကြောင့် ကျယ်လောင်စွာ တံတွေးမြိုချလိုက်မိတော့တယ်၊၊သူမအတွက်ရှင်းလင်းစွာ မြင်သွားခဲ့ရပြီ၊၊အေးစက်တဲ့ ပထမမင်းသားအတွင်းမှာ ပုန်းလျိုးကွယ်လျိုးရှိနေတဲ့ နတ်ဆိုးတစ်ကောင်ကိုပေါ့၊၊
      ဒီအချိန်တွေအားလုံးမှာ အေဒီရာရှိနေလို့သာ သူက ဖုံးကွယ်နေခဲ့တာ၊၊သူမသာ မရှိရင် ဘယ်အရာကမှ သူ့ကို တာဆီးနိုင်မှာ မဟုတ်တော့ဘူး၊၊သူမသာ မရှိတော့ရင် ထိုအတွင်းထဲက နတ်ဆိုးကြောင့်  ဒီကြီးကျယ်ခဲ့တဲ့ အင်ပါယာကြီးဟာ အလုံးစုံပျက်စီးပြီး အခေါင်းပေါက်ကြီးသာ ကျန်နေခဲ့မှာပင်၊၊
       လူအားလုံးဟာ သူ့ရဲ့ စည်းမျဉ်းတွေကြောင့်ခံစားရလိမ့်မယ်၊၊လူအားလုံးဟာ သူတို့ရဲ့နှလုံးသားထဲမှာ အကြောက်တရားတို့ဖုံးလွမ်းပြီး တသက်လုံး နေထိုင်သွားကြရလိမ့်မယ်၊၊နေ့ရက်တိုင်းမှာ ဒီနတ်ဆိုးက သူတို့ရဲ့လည်တိုင်တွေကို ဘယ်အချိန်မှာ ချိုးဖြတ်ခံရမလဲဆိုတာကို စိုးရိမ်နေကြရလိမ့်မယ်၊၊
      ဒီပထမမင်းသားက လုံးဝကို နှစ်ဖက်ချွန်ဓားလိုမျိုးပဲ၊၊
       သူက အင်ပါယာတခုလုံးကို ပိုပြီးငြိမ်းချမ်းပြီး တောက်ပတဲ့ ပိုပြီးကြီးကျယ်ခမ်းနားမှုကို ဆောင်ယူပေးနိုင်တယ်၊၊ပြီးတော့ အဲဒါနဲ့ဆန့်ကျင်ဘက် ဆိုးဝါးမှုတွေကိုလည်း ဆောင်ယူနိုင်လေတယ်၊၊
      စိတ်ကူးယဉ်နိုင်သမျှ အကြောက်တရားတွေအားလုံးဟာ သူတို့ အေဒီရာကို ဆုံးရှုံးလိုက်ရတာနဲ့တပြိုင်နက် ရောက်လာမှာပင်၊၊
      အိုင်းရစ်ဟာ ကေဆီမီရာအခန်းရှိရာဆီကို စလျှောက်လိုက်တယ်၊၊အဆိုးဆုံးမှ သူ မကြိုက်နှစ်သက်တဲ့အရာတခုကို လုပ်မိရင် သူမ ခေါင်းပြုတ်ရုံသာဖြစ်တယ်၊၊
      အေဒီရာရှိရာဆီကို အလျင်အမြန်သွားရာလမ်းမှာ ကေဆီမီရာနဲ့ အိုင်းရစ်ဟာ ကေဆီမီရာ့အခန်းသွားရာ ကော်ရစ်တာမှာ လမ်းလျှောက်နေတဲ့ လီယွန်နဲ့ ဆုံမိကြတယ်၊၊
            "အရှင်မင်းသား!ပြီးတော့...မိန်းကလေး လက်တီဖိုလီရာ..အရှင်တို့နှစ်ယောက် ဒီမှာ အတူတူ ဘာလုပ်နေကြတာပါလဲ"
      သူက သူတို့နှစ်ယောက်ကို တွဲမြင်လိုက်တာနဲ့ပတ်သတ်ပြီး သံသယအပြည့်နဲ့မေးလိုက်တယ်၊၊
            "အရှင် သူမကို လွှတ်ပေးလိုက်တာပါလား"
           "အင်း"
           "ဘာလို့လဲ၊၊အရှင် သခင်မလေး အေဒီရာအပေါ် ဖောက်ပြန်နေတာပါလား၊၊အဲ့လိုလား၊၊အရှင်လည်း သူမရဲ့ အလိမ်အညာစကားတွေအပေါ် ကြွေကျသွားတာပါလား၊၊သတိထားပါဦး အရှင်မင်းသား၊၊အရှင် ဘာလို့ အဲ့လိုလုပ်ရတာပါလဲ၊၊ဘာလို သခင်မလေးအေဒီရာကို နာကျင်စေရတာပါလဲ"
          "လမ်းဖယ်စမ်း လီယွန်၊၊ငါ့မှာ အချိန်မရှိဘူး၊၊သူမကို အေဒီရာကို ကူညီပေးနိုင်တယ်၊၊သူမရဲ့ အလင်းနဲ့ အေဒီရာကို ကုသပေးနိုင်တယ်၊၊"
      ကေဆီမီရာက ပြောလိုက်ပြီး လီယွန်ဘေးဘက်ကနေ အိုင်းရစ်ကိုပါ လက်မောင်းရင်းကနေ ဆွဲခေါ်ရင်း ထွက်သွားလိုက်တယ်၊၊
        လီယွန်က သူကြားလိုက်ရတဲ့ အကြောင်းကြောင့် တခဏကြောင်သွားခဲ့တယ်၊၊
           'အလင်း..?သူဘာကို ပြောသွားတာလဲ"
               "ဘာ အလင်းလဲ အရှင်မင်းသား"
       လီယွန်က မရပ်တန်းလျှောက်နေတဲ့ ကေဆီမီရာကို အမှီလျှောက်လိုက်ရင်း မေးလိုက်တယ်၊၊
             "သူမက ကံကြမ္မာရဲ့ သမီးပျိုလို့ပြောလာတယ်"
            "ကံကြမ္မာရဲ့သမီးပျို..?အရှင်က သူမ‌ပြောတာကို ကို ယုံလိုက်တာလား"
      လီယွန်က အံ့သြသွားပြီး သူဂရုမထား‌‌‌တော့တဲ့ ဟိုပို့ဒီပို့ခံနေရတဲ့ မျက်တွင်းဟောက်ပက်နဲ့ မိန်းကလေးကို ကြည့်လိုက်တယ်၊၊
             "သူမကို ငါ သတိပေးထားပြီးပြီ၊၊တခုခုမှားယွင်းတာနဲ့ ငါ သူမကို သတ်ပစ်မယ်လို့"
      ကေဆီမီရာက ထပ်မံပြောလိုက်တဲ့အခါမှာတော့ လီယွန်ရော အိုင်းရစ်ပါ ကြောက်စိတ်ကြောင့် တံတွေးတို့ မြိုချလိုက်ရတယ်၊၊
             "ဒါ..ဒါဆို သူမက တကယ်ပဲ ကံကြမ္မာရဲ့သမီးပျိုပေါ့၊၊ပြီးတော့ အရှင်က အရာအားလုံးကို သူမအပေါ် လောင်ကြေးထပ်လိုက်တာလား"
        သူတို့ အခန်းကိုရောက်ပြီး အခန်းတံခါးရှေ့ရပ်တဲ့အချိန်မှာပဲ လီယွန်က မေးလိုက်တယ်၊၊
            "ဟုတ်တယ်"
       ကေဆီမီရာက ဖြေလိုက်ပြီး တံခါးဖွင့်လိုက်တဲ့အခါမှာတော့ သူ့ဖခင်ဘုရင်ကြီးဟာ သတိလစ်နေပြီး အဲလက်ဇမ်းဒါးဟာလည်း ထိုင်ခုံပေါ်မှာ သတိလစ်သား ချည်နှောင်ခံထားရလေတယ်၊၊
             "ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ"
      သူက လီယွန်ကို လှည့်မေးလိုက်ပေမယ့် လီယွန်နဲ့ အိုင်းရစ်တို့ကလည်း သူတို့နေရာမှာ ရှိမနေလေ‌တော့ဘူး၊၊သူတို့ပါ ပျောက်ဆုံးသွားခဲ့တယ်၊၊
             "ဘာတွေ ဘယ်လိုဖြစ်နေတာလဲ"
      သူက စဉ်းစားပြောဆိုလိုက်ပြီး အေဒီရာရှိနေသေးလားသိဖို့ရာ အပြေးသွားလိုက်ပြီး လိုက်ကာကို လှပ်လိုက်ပြီး သူမရှိနေသေးတာကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းတချက်ချလိုက်တယ်၊၊
       သူမက အရင်ကလိုပဲ ခံစားနေရဆဲဖြစ်နေပေမယ့်လို့ပေါ့၊၊
       သေစေလိုတဲ့ အငွေ့အသက်တွေနဲ့အတူ တခြားတစ်ယောက် အခန်းထဲမှာ ရှိနေကြောင်း ခံစားမိလိုက်ပြီး ကေဆီမီရာဟာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တယ်၊၊သူ့အနေနဲ့ သူကိုယ်တိုင်မှာလည်း ဒီအငွေ့အသက်တွေရှိတာကြောင့် သူသိနေတယ်၊၊
      သူ့ကို အေဒီရာပထမဆုံးပြုံးပြတုန်းက သူ့မှာ ဖုံးကွယ်ထားတဲ့ ရွံ့မုန်းစရာကောင်းတဲ့ ခံစားချက်၊၊အေဒီရာကို အန္တာရယ်မဖြစ်အောင် ထိန်းထားဖို့ကို လက်ခံဖို့ သူ့ရဲ့ ရက်စက်တတ်တဲ့ စိတ်တခြမ်းက သင်ယူခဲ့တယ်၊၊
       ဒီနှစ်တွေမှာ သူ့မှာ အကြိမ်ကြိမ်နှလုံးခုန်ရပ်ရမလို အချိန်တွေဘယ်လောက်တောင်ရှိခဲ့ရတယ်ဆိုတာ မှန်းနိုင်မှာတောင်မဟုတ်ဘူး၊၊ဘာလို့လဲဆိုတော့ သူတို့တွေကို အေဒီရာကို သူတို့အပိုင်အနေနဲ့ ထိတ်လန့်စရာကောင်းစွာ လိုချင်နေကြတာလား ဒါမှမဟုတ် သူမကို ယုတ်မာတဲ့နည်းနဲ့ ဖြစ်နိုင်သလောက် တိုက်ခိုက်ကြဖို့ အမိန့်ပေးခံထားရတာလားဆိုတာ သူမသိနိုင်ဘူးလေ၊၊
      သူ အေဒီရာကို သူ့သတို့သမီးအနေနဲ့ အင်ပါယာတခုလုံးကို ကြေညာလိုက်ချိန်ကစပြီး သူ့အနေနဲ့ သူမကို ပစ်မှတ်တခုဖြစ်လာစေမိခဲ့တာဖြစ်တယ်၊၊
     ဒါကြောင့် သူမရဲ့ကိုယ်ပိုင်မင်းသား သူရဲကောင်း သတ်ဖြတ်သူဖြစ်ဖို့ထက် ဒါ့အတွက် ပြင်ဆင်ရလိမ့်မယ်၊၊
      ဒါတွေအားလုံးဟာ အေဒီရာမသိဘဲ လုပ်ခဲ့တာတွေဖြစ်တယ်၊၊သူ့အနေနဲ့ သူမကို သူ့ရဲ့အဲဒီဘက်ခြမ်းကမ္ဘာမှာ ရှိမနေစေချင်ခဲ့ဘူး၊၊ဒီဘက်ခြမ်းက သူမ သူ့ဆီကနေ ထွက်သွားမယ့် အကြာင်းပြချက်ဖြစ်မနေစေချင်ဘူး၊၊
 
            "မင်္ဂလာပါ အရှင်မင်းသား၊၊ကျေးဇူးပြုပြီး ကျနော့်ချစ်ရသူဘေးက နောက်ဆုတ်ပေးပါ"

She become a passive villainess-not(trans)Donde viven las historias. Descúbrelo ahora