အိမ်​ရှေ့စံ မင်းသား

1.5K 215 0
                                    

အိမ်​ရှေ့စံမင်းသား

     နောက်​တော့ သူမဟာ သူမရဲ့ ယိုင်​နဲ့သွားသောခန္ဓာကိုယ်​ကို ခါးမှလာ၍ပွေ့ဖက်​လိုက်​သော လက်​တစုံကြောင့်​ အသိပြန်​ကပ်​လာခဲ့တယ်​။ဘယ်​လိုပဲနေနေ လဲကျတာထက်​ဆိုးတာကတော့ ရင့်​ကျက်​ပြီး ဆွဲဆောင်​မှုရှိတဲ့မျက်​နှာတခုဟာ သူမနဲ့ နီးကပ်​စွာရှိနေတာပဲဖြစ်​တယ်​။ဘယ်​လောက်​တောင်​ နီးကပ်​သွားလဲဆိုရင်​ သူမလက်​တွေဟာ သူ့ရဲ့ ရင်​ဘက်​ပေါ်မှာ ကပ်​မိနေတဲ့အထိပဲ။
    "မင်း အဆင်​ပြေရဲ့လား။ကိုယ်​မင်းကို ဒီလို ထိတ်​လန့်​စေမိလို့ တောင်းပန်​ပါတယ်​။"
   အာ..ငါတို့ စတွေ့စဉ်​ကလိုပဲ ငါလုပ်​မိတဲ့အမှားအတွက်​ သူက တောင်းပန်​နေပြန်​ပြီ။
     "ကျွန်​မ...ကျွန်​မ  အဆင်​ပြေပါတယ်​ မင်းသား"သူမက တိုးတိုးလေးပြောပြီး လှည့်​ထွက်​ဖို့ လုပ်​လိုက်​တယ်​။
     ကေဆီဟာ သူမထက်​ မျိုးရိုးမြင့်​သော အနည်းထဲက လူတွေထဲမှ တယောက်​ဖြစ်​ပြီး အိမ်​ရှေ့စံဖြစ်​နေသည်​ကို မယုံနိုင်​သေးဘူး။
    သူမက သူ့ရှေ့မှာ ဖြစ်​သလိုနေ ဖြစ်​သလို ပြောခဲ့တာတွေကို မြင်​ယောင်​မိရင်းတွေးလိုက်​မိတယ်​။
    ဘယ်​လောက်​တောင်​ ရှက်​ဖို့ကောင်းလဲ အေဒီရာ။
   "ဒါက မင်းကို ငါ ပြောပြဖို့ တွန့်​ဆုတ်​နေရတဲ့ အကြောင်းပဲ"ကေဆီမီရာဟာ သူမလက်​ကို ငြင်​သာစွာ ဆွဲလိုက်​ပြီး သူမမျက်​နှာကို ကြည့်​ပြီး တိုးတိုးလေး ပြောတယ်​။
     သူမရဲ့နားနားမှာ ကပ်​ပြီးပြောလိုက်​တဲ့ သူ့အသံအေးအေးကြောင့်​သူမဟာ ခဏ ရင်​တုန်​သွားပြီး သူ့ကို လှည့်​ကြည့်​လိုက်​တယ်​။
   တွန့်​ဆုတ်​နေရတဲ့လအကြောင်း?
  သူမရဲ့ ရှုပ်​ထွေးနေတဲ့ မျက်​နှာကို မြင်​တဲ့အခါ သူက ဆက်​ပြောလာတယ်​။"ကိုယ်​ မင်းကို ကိုယ်​နဲ့ ကွာဝေးနေသလိုမခံစားရစေချင်​ဘူး။ကိုယ့်​ကို မင်းသားတစ်​ယောက်​အနေနဲ့ မဟုတ်​ဘဲ ကေဆီမီရာလို့ပဲ မြင်​စေချင်​တယ်​။ကိုယ်​ မင်းခေါ်တဲ့ ကေဆီ ဆိုတဲ့ နာမည်​ကိုလည်း ကြိုက်​တယ်​။"
      သံစဉ်​စတင်​လာတဲ့အခါမှာ  သူက သူမကို အကထဲကို ဦးဆောင်​ခေါ်ရင်း အပြုံးလေးနဲ့ ဆက်​ပြောလာတယ်​။"ဒါကြောင့်​ မင်းကိုယ့်​ကို အရှင်​မင်းသားလို့ မခေါ်စေချင်​ဘူး။အရင်​ကခေါ်သလို ကေဆီလို့ပဲ ခေါ်စေချင်​တယ်​"
    "ဒါပေမယ့်​ မင်းသား ဒါက မသင့်​တော်​ဘူးလေ"သူမဟာ သူရဲ့ လှုပ်​ရှားမှုအတိုင်း လိုက်​ကရင်းက ဆိုလိုက်​တယ်​။
     "well  မင်းက အမြဲခေါင်းမာတာပဲ"
   ကေဆီမီရာဟာ စကားပြောပြီးတဲ့နောက်​ အကမှာဘဲ အာရုံစိုက်​ထားလိုက်​တယ်​။လှပသော မိန်းမငယ်​လေးကို ရင်​ခွင်​ထဲမှာထည့်​ထားရင်း ကရတဲ့ စိတ်​ကူးယဉ်​ဆန်​တဲ့ အချိန်​လေးကို တန်​ဖိုးထားစွာနဲ့ပေါ့။
    အေဒီရာဟာလည်း အတူတူပဲဖြစ်​သည်​။သို့ငေါ် ကေဆီရဲ့ စကားတွေဟာ သူမကို စိတ်​လှုပ်​ရှားစေတာကြောင့်​ သူမာ အတွေးလွန်​ပြီး ဘေးကို လဲကျမလို ဖြစ်​သွားခဲ့တယ်​။ဒါပေမယ့်​ အချိန်​မှီစွာပဲ ကေဆီဟာ သူမခါးကို ပွေ့ဖက်​ပြီး တစ်​ပတ်​လှည့်​လိုက်​တယ်​။သူတို့နှစ်​ယောက်​ဟာ မှော်​ဆန်​ပြီး ကြီးမြတ်​တဲ့ ပန်းချီဆရာတယောက်​ ဖန်​တီးထားတဲ့ ပန်းချီကားထဲက ထွက်​လာသလိုမျိုး လိုက်​ဖက်​ညီနေခဲ့တယ်​။
    ကကွက်​အနည်းငယ်​ကပြီး သီချင်းဆုံးတဲ့အခါမှာတော့ ကေဆီမီရာဟာ မင်းသားတို့ရဲ့ ဟန်​ပန်​နဲ့အညီ အေဒီရာကို ဦးညွှတ်​လိုက်​တယ်​။အေဒီရာဟာလည်း မင်းသားငယ်​ကို ကိုယ်​ကိုနှိမ့်​ကာ ဦးညွှတ်​လိုက်​တယ်​။ကေဆီမီရာဟာ အေဒီရာထဖို့ လက်​ကမ်းပေးလိုက်​တယ်​။ဒါဟာ သူတို့နှစ်​ယောက်​ စတွေ့စဉ်​ကလိုပါပဲ။သူ့ကို စိုက်​ကြည့်​နေခဲ့တဲ့ သခင်​မငယ်​လေးကို လက်​ကမ်းပေးခဲ့စဉ်​ကလိုပေါ့။ခုတော့ အေဒီရာ အလှကြီးလှလာပြီး သူမအပြုံးဟာ ယောက်ျားအားလုံးကို သရေကျစေခဲ့တယ်​။
       သူမ ထရပ်​ပြီးပြီးချင်းမှာပဲ သူမဟာ ကေဆီမီရာကို တိုးတိုးလေးနဲ့ ညက်​သာစွာ မေးလိုက်​တယ်​။"ဒါပေမယ့်​ ရှင်​စိတ်​မရှိဘူးဆိုရင်​ ကျွန်​မတို့နှစ်​ယောက်​ပဲ ရှိတဲ့အချိန်​ကျရင်​ ကေဆီလို့ပဲ ခေါ်မယ်​လေ"
    သူမအပြောကြောင့်​ ကေဆီဟာ မြင်​ရခဲသော အပြုံးနဲ့ သူမကို ပြုံးကြည့်​လာတယ်​။
   ထို အပြုံးက သိပ်​ကို အင်​အားကြီးလွန်းတယ်​။အေဒီရာကို မနာလိုတဲ့ မိန်းကလေးတွေရဲ့ ရင်​ထဲကို မြှားးနှစ်​စင်းသုံးစက်း ၀င်​ရောက်​သွားနေလောက်​ပြီ။ခုချိန်​က စပြီး ငါ့နောက်​ကျောကို ဂရုစိုက်​မှ ဖြစ်​တော့မယ်​။
    ပထမဆုံးအက ပြီးတဲ့နောက်​မှာတော့ တခြားသော တော်​၀င်​ မျိုးနွယ်​တွေဟာ သူတို့ရဲ့ အသီးသီးသော တွဲဖက်​တွေနဲ့အတူ ကပွဲစဉ်​ကို နေရာယူလိုက်​ကြတယ်​။ အေဒီရာကတော့ သူမခြေထောက်​ကို အနားယူပေးဖို့ရာ အတွက်​ ထောင့်​တစ်​နေရာမှာ ထိုင်​နေလိုက်​တယ်​။
    သူမရဲ့ မျက်​လုံးထောင့်​စွန်းကနေ တက်​ကြွပြီး ချစ်​စရာကောင်းသော ဟန်​ပန်​တွေနဲ့ ပန်းရောင်​ဆံပင်​ရှိတဲ့ မိန်းမငယ်​လေးကို လှမ်းမြင်​လိုက်​တယ်​။ထိုသူမလေးဟာ သူမအတွက်​ ရေသွားယူပေးနေတဲ့ ကေဆီမီရာဆီကို လျှောက်​သွားပြီးဘနှုတ်​ဆက်​နေခဲ့တယ်​။ဒါပေမဟ့်​ မင်းသားငယ်​ဟာ အသိအမှတ်​ပြုရုံ ခေါင်းတချက်​သာ ငြိမ့်​ပြပြီး အေဒီရာ ရှိတဲ့ဆီကိုပဲ လျှောက်​လာနေခဲ့တယ်​။
     သူတို့တွေကို ကြည့်​ရင်း အေဒီရာဟာ စိတ်​လှုပ်​ရှားလာခဲ့တယ်​။ဒါဟာ သ၀န်​တိုမှုတွေ ဘာကြောင့်​တွေမှမဟုတ်​ဘဲ ထိုသူမလေးကို တွေ့တိုင်း ထိုသို့ ခံစားနေရခြင်းသာ ဖြစ်​သည်​။
    "ဘာဖြစ်​လို့လဲ"ကေဆီဟာ အနားရောက်​လာပြီး သူမအမူအရာကြောင့်​ မေးလိုက်​တယ်​။
     "ဘာ ...ဘာမှ မဟုတ်​ပါဘူး"သူမက ပြန်​ဖြေလိုက်​ပြီး အပြင်​ပန်းမှာတော့ လှပသလိုရှိပေမယ့်​ တကယ်​တော့ ကောက်​ကျစ်​လှတဲ့ ထိုမိန်းကလေးအပေါ်မှာဘဲ အကြည့်​တွေကို ပြန်​ပို့လိုက်​တယ်​။
    "ဒီမှာ   ရေ"သူက ထပ်​မမေးတော့ပဲ သူမ အနားမှာဘဲ တိတ်​တဆိတ်​ ထိုင်​လိုက်​တယ်​။
    "ဒါနဲ့ ကေဆီ"သူမဟာ သူ့ပုံစံအစစ်​အမှန်​ကို သိရပြီးနောက်​ အတွေးတခု ပေါ်လာပြီး စကားစလိုက်​တယ်​။ကေဆီဟာ သူမကို နညးထောင်​နေသည်​ဆိုသော ပုံစံဖြင့်​ ပေါ့ပေါ့ပါးပါး ပြုံးပြလာခဲ့တယ်​။
    "ရှင့်​ ရဲ့ သက်​ပြည့်​ အခမ်းအနားမှာတုန်းက ကျွန်​မ မတတ်​နိုင်​ခဲ့ဘူးလေ။အကကတော့ ရှင်​ ဘယ်​လိုလုပ်​ခဲ့လဲ"သူမက ပပြစ်​ရှိတဲ့ ပုံစံမျိုးလေးနဲ့ မေးလိုက်​တယ်​။
     "ငါ မကခဲ့ဘူ"သူက အဲ့တုန်းက အခြေအနေကို ပြန်​တွေးကြည့်​ရင်း ပြုံးပြုံးလေးနဲ့ ပြန်​ဖြေလိုက်​တယ်​။
     " ရှင်​မကခဲ့ဘူး။အဲ့လိုမျိုး ခွင့်​ပြုလို့လား"
      "ဒါက   ကိုယ့်​ ကြင်​ယာတော်​လောင်းက နေမကောင်းဖြစ်​နေတယ်​။ကိုယ်​ အစက တက်​ဖိုတောင်​ စိတ်​မကူးခဲ့ဘူး။ကိုယ်​က ကိုယ်​တို့အတူ အခမ်းအနားမှာ အတူကချင်​တာလေ။ဒါပေမယ့်​ အခြေအနေတော်​တော်​များများပေါ်လာလို့"
    အတူတူ?
    "ဒါဆို ရှင်​က ကျွန်​မနဲ့ အတူတူ ကဖို့ရာအတွက်​ အခမ်းအနားကို မတတ်​ချင်​ပေမယ့်​ အခြေအနေတွေကြောင့်​ တက်​လိုက်​ရတယ်​ပေါ့"သူမက နားလည်​သွားသလိုပုံစံနဲ့ သူ့ကို ပြောလိုက်​တယ်​။အဲဒါကိုလည်း သူက အပြုံးလေးနဲ့ပဲခေါင်းညိတ်​ ဖြေလိုက်​တယ်​။
    ဘုရားရေ သူ့အပြုံးက သိပ်​ကို လှလွန်းတယ်​။
    "ဒါကြောင့်​ ရှင်​က ကျွန်​မ ဖျားတာကို သိပြီး နှစ်​ရက်​အကြာမှာ အလည်​ဆိုပြီး ရောက်​လာခဲ့တာပဲ"
     ကေဆီမီရာ ခေါင်းညိတ်​ပြရင်း သူမအတွေးတွေနဲ့ သူမ မြုပ်​နေတဲ့ အေဒီရာကိုသာ ပြုံးပြီး ကြည့်​နေလိုက်​တယ်​။
    သူမနဲ့ စကားပြောရတာ တကယ်​ပြောစရာကောင်းတယ်​။ အချိန်​ခဏလေးအတွင်းမှာပဲ ပြောင်းလဲသွားတတ်​တဲ့ သူမ အမူအရာ ဟန်​ပန်​လေးတွေကို ကြည့်​နေရတာကပင်​ သူ့အတွက်​ ရိုးရိုးရှင်းရှင်းနဲ့ ပျော်​စရာ ကောင်းတယ်​။
    
   Unicode
    အိမ်​ရှေ့စံမင်းသား
     ဗုံးပေါက်​ကွဲသည့်​နှယ်​ကြားလိုက်​ရသောလစကားကြောင့်​အေဒီရာဟာ နေရာမှာတင်​တောင့်​တင်းသွားတယ်​။ကေဆီရဲ့  နာမည်​အပြည့်​အစုံကို ကြားပြီးတဲ့နောက်​မှာတော့ သူမရဲ့ ခေါင်းထဲမှာ အရင်​ဘ၀ရဲ့မှတ်​ဉာဏ်​တွေဟာ အစီအရီဝင်​ရောက်​လာတယ်​။
     ဗာဆိုင်းလူးယပ်​စ်​အင်​ပါယာ၏နန်းလျာလောင်း ပထမင်းသားငယ်​ကေဆီမီရာ အေသီနာဆီးယပ်​စ်​ရိုဆန်​ဗာဆိုင်းလူးယပ်​စ်​။ ဒုတိယမင်းသားငယ်​ဆုံးပါးသွားပြီး သိပ်​မကြာခင်​မှာ အိမ့်​ရှေ့မင်းသားငယ်​ကေဆီမီရာသည်​အသက်​၁၇နှစ်​အရွယ်​မှာ ဆုံးပါးခဲ့သည်​။ထိုအချိန်​မှာဘဲ တော်​၀င်​သွေးဝေးလွန်းလှသော ဒလယ်​ဗားရစ်​မိသားစုသည်​ထီးနန်းရယူရန်​ကြိုးပမ်းခဲ့ကြသည်​။ထိုအချိန်​က ပြည်​သူများကြားတွင်​မင်းသားလေးများအား ဒလယ်​ဗားရစ်​မိသားစုက လုပ်​ကြံခဲ့သည်​ဟူသော
သတင်းများပြန့်​နှံ့ခဲ့သည်​။သို့သော်​ထိုအချိန်​က ထရီတန်​အား ခွေးရူးတကောင်​ကဲ့သို့ စွဲစွဲလမ်းလမ်း ချစ်​ခဲ့သောသူမသည်​ထိုသတင်းဖြန့်​သူအားလုံးကို နှုတ်​ပိတ်​ခဲ့သည်​။
    ထိုအချိန်​ကစ၍ သူမအား အသက်​တို့ကို စတေးတတ်​သော  မကောင်းဆိုးဝါးဘုရင်​မရယ်​ဟု ခေါ်ခဲ့ကြပြီး သူမ၏ ဂုဏ်​သတင်းသည်​လည်း ဆိုးရွားခဲ့သည်​။သူမက သူတို့မည်​သို့ပင်​သမုတ်​ပါစေ ဂရုမစိုက်​ခဲ့ပေ။သူမ ဂရုစိုက်​သော အရာမှာ ထရီတန်​အားမကောင်းသတင်းမရှိစေဘဲ သူ၏ ဂုဏ်​သတင်း ကျော်​ဇောဖို့ရာသာ ဖြစ်​သည်​။ သူမ ရွှံ့နွံ့ထဲ လမ်းလျှောက်​ရမည်​ဆိုရင်​တောင်​သူမအတွက်​အရေမကြီးခဲ့ပေ။

She become a passive villainess-not(trans)Dove le storie prendono vita. Scoprilo ora