အေသမ်​နာဆီးယပ်​စ်

1.5K 226 2
                                    


  "အိုး...သူမက အမတ်​ငယ်​ရဲ့ မွေးစားသမီး မဟုတ်​လား"
   ရေမီရာဟာ အမျိုးသမီးလေးတွေမှာ တွေ့ရခဲသော ဆံပင်​ပန်းရောင်​ကို သတိပြုမိပြီး နေရာမှာတင်​ အမြစ်​တွယ်​အောင်​ ရပ်​နေတဲ့ အေဒီရာဘက်​ကို လှည့်​ပြီးမေးလိုက်​တယ်​။
"အေဒီရာ?"
   ဘယ်​လိုပဲနေနေ သူ့ညီမငယ်​လေးက တုံ့ပြန်​မလာဘူး။သူမက ထိုကောင်​မလေး ထံမှာဘဲ မျက်​စိမရွေ့ကြည့်​နေခဲ့တယ်​။
သူဟာ သူ့ရဲ့လွတ်နေသော လက်တဖက်နဲ့ သူမကို ဖက်ထားလိုက်ပြီး သူမအအေးဒဏ်​မှ သက်​သာအောင်​ လုပ်​ပေးလိုက်​တယ်​။
    သူ ဒီလို လုပ်​လိုက်​တာက ရာသီဥတုအေးတာကြောင့်​လား သူမ အ၀တ်​နည်းနည်းပဲ ၀တ်​ထားတာကြောင့်​လားဆိုတာကိုတော့ သူကိုယ်​တိုင်​လည်း သေချာမသိလေဘူး။သူမ ပခုံးနေရာတွေက ပြောင်​ရှင်းနေတယ်​။အေဒီရာရဲ့ အကိုဖြစ်​သူ သူ့အတွက်​တော့ ဒါကအဆင်​ပြေမနေပေ။
    သူရဲ့ ညင်​သာစွာ လှုပ်​ရှားမှုကြောင့်​ သူမလေးက အသိစိတ်​ပြန်​ကပ်​လာပြီး သူ့ဘက်​ကိုလှည့်​ကာပြုံးပြလာတယ်​။
  "ညီမလေး အေးနေသလား။ညီမလေးပုံစံက ဖြူဖျော့နေတာပဲ"ရေမီရာဟာစိတ်​ပူစွာနဲ့ မေးလိုက်​တယ်​။
   သူမက ကျန်းမာသည်​မှာမှန်​သည်​။ဒါပေမယ့်​ အရမ်းစိတ်​ချမထားသင့်​ဘူး။ငါ့ကို ကာကွယ်​လွန်းသူလို့မဆိုနဲ့။ငါ့ရဲ့ အေဒီရာက ငါ့အတွက်​တော့ ဘယ်​သူနဲ့မှမတူဘူး။
  သူမက ခေါင်းကို ညင်​သာစွာခါရင်း အေဒီရာဟာ သူမအကိုဘက်​ကိုလှည့်​ပြီး ဖြေလိုက်​တယ်​။"ညီမလေး အဆင်​ပြေပါတယ်​ အကို"ပြီးတော့ သူမဟာ သူမအနောက်​မှာရှိနေတဲ့ တည်​ရှိမှုလေးအပေါ်မှာ သတိပြုရင်း လှေကားကို တက်​လိုက်​တယ်​။
   အေဒီရာဟာ သူမတို့နှစ်​ယောက်​ အသက်​သိပ်​မကွာဘူးဆိုတာကို မေ့ကောင်းမေ့နိုင်​လိမ့်​မယ်​။ဒါပေမယ့်​  ထိုသူမလေးက သူမရဲ့နေရာကို လုယူပြီး သူမချစ်​ရသူကိုပါ သူမမျက်​စိရှေ့မှာတင်​ လုယူသွားခဲ့တာကိုတော့ ဘယ်​တော့မှမေ့မှာ မဟုတ်​ဘူး။သူမက သုံးပွင့်​ဆိုင်​ချစ်​ခြင်​ကြားမှာ နာကျင်​ခဲ့တာကို မေ့မှာ မဟုတ်​ဘူး။သူမက သူ့ရဲ့ မိန်းမ ပြီး ဘုရင်​မတပါးဖြစ်​ခဲ့တာတောင်​ ထိုသူမလေး၏ ချိုမြိန်​ပြီး ချစ်​စရာကောင်းတဲ့ စကားလုံးတွေအောက်​မှာ သူမဟာ ဘေးဖယ်​ခံခဲ့ရသည်​။
    တွေးကြည့်​လိုက်​တော့မှ ငါဘာလို့ အရေးကြီးတဲ့ အရာတခုကို မေ့နေသလိ ခံစားနေရပါလိမ့်​။
    အေဒီရာဟာ ရေမီရာနဲ့အတူ အခမ်းနား ကျင်းပရာ ဟောခန်းဆီ လျှောက်​လမ်းရင်း တွေးနေမိတယ်​။သူမဟာ အခမ်းအနားမှူးက သူတို့နာမည်​ကို ကြေငြာလိုက်​တာကိုရော သူမအကိုရဲ့ စိုးရိမ်​နေတဲ့အကြည့်​တွေကိုရောကို သတိမပြုမိခဲ့ဘူး။
     နောက်​ဆုံးတော့သူမက အသိပြန်​ကပ်​လိုက်​ပြီး သူမအတွေးတွေကို နောက်​ပို့ထားလိုက်​တယ်​။ပြီးတော့ သူမက ကိုယ်​နေဟန်​ထားကို ပြင်​လိုက်​ပြီး အားလုံးရဲ့ အကြည့်​တွေအောက်​မှာ သူမအကို ရေမီရာနဲ့အတူ ခန်းမထဲကို ၀င်​လိုက်​တယ်​။တချို့ကတော့ သူမလွှဲချော်​သွားမှာ တခုခု မှာယွင်းသွားမှာကို စောင့်​နေကြတယ်​။ ဒါပေမယ့်​ သူတိုဖြစ်​စေချင်​သလို ဖြစ်​လာရင်​ အေဒီရာ ဘယ်​ပီသပါတော့မလဲ။ထိုအစား သူမက သူ့တို့ကို ကောင်းချီးပေးဖို့ ရောက်​လာတဲ့ နတ်​ဘုရားမလိုမျိုး တည်​ငြိမ်​ပြီး နူးညံ့သိမ်​မွေ့စွာနဲ့ ခန်းမအလယ်​ကို လျှောက်​သွားလိုက်​တယ်​။
      သူတို့ဆီကို ရောက်​တဲ့ အခါမှာတော့ အေဒီရာဟာ အေးစက်​ပြီးလှပတဲ့ အပြုံးလေးနဲ့ နှုတ်​ဆက်​လိုက်​တယ်​။
   "မင်္ဂလာညနေခင်းပါရှင်​။သင်​တို့အားလုံးနဲ့တွေ့ဆုံရလို့ ၀မ်းသာမိပါတယ်​။ကျွန်​မက မြို့စားမင်း ဆလယ်​ဗားရစ်​ရဲ့ သမီး အေဒီရာ ရေမီရာ အေရာ ဆလယ်​ဗားရစ်​ ဖြစ်​ပါတယ်​"
   အမျိုးသား အမျိုးသမီးတွေ တော်​၀င်​မိသားစုတွေဟာ ဒီကျက်​သရေရှိလှတဲ့ ပုံရိပ်​လေးကို ကြည့်​နေကြတယ်​။
  အဲ့အချိန်​မှာတော့ မြို့စားမင်​ ဒလယ်​ဗားရစ်​,အိုးဆီးရစ်​နဲ့ ဘုရင်းကြီးတို့ ဘေးမှာ ထိုင်​နေသော မြို့စားမင်း ဆလယ်​ဗားရစ်​က ကျေနပ်​နေတဲ့ပုံစံမျိုးနှင့်​ သူ၏သမီးလေးကို ကြည်​နေ့လေတယ်​။
     "သခင်​မလေး ဆလယ်​ဗားရစ်​ဟာ သိပ်​ကိုအံ့သြဖို့ ကောင်းတဲ့ မိန်းမငယ်​လေးပဲ"အိုးဆီးရစ်​က အေဒီရာဟာ သူမဘေးမှာရှိနေတဲ့ လူတွေနဲ့ဆက်​ဆံနေပုံကို ကြည့်​ပြီး ဆိုလာတယ်​။သူမက သူတို့နဲ့ ကျွမ်းဝင်​စွာ ဆက်​ဆံနိုင်​တယ်​။ဆယ့်​ခြောက်​နှစ်​အရွယ်​ ကလေးမလေးတယောက်​အနေနဲ့ ပတ်​၀န်းကျင်​ အခြေအနေကို လိုက်​ပြီး ကျွမ်းဝင်​စွာဆက်​ဆံနိုင်​ဖို့ဆိုတာ အံသြဖို့ကောင်းတယ်​။အထူးသဖြင့်​ သူမက ကြမ်းတမ်းပြီး အသံကျယ်​တဲ့ ဆေဖာလ်​ရဲ့ သမီးဖြစ်​နေရင်​ပေါ့။
    "ဟွန့်​   သေချာတာပေါ့။ငါ့သမီးက အံ့သြဖို့ကောင်းတာပေါ့။ပြောရရင်​ သူမက အံ့သြဖွယ်​အကောင်းဆုံးအဲ။သူမက ကိတ်​မုန့်​ထပ်​က ခရင်​မ်​တွေလိုမျိုး ခရင်​မ်​ထက်​က ချယ်​ရီသီးတွေ
လိုမျိုး သူမက အကောင်းဆုံးပဲ။"
     ဒီအဖေရဲ့သူ့သမီးအပေါ်ချစ်​တတ်​ပုံကို ကြည့်​ရင်း အိုးဆီးရစ်​က သက်​ပြင်းသာချနိုင်​တော့တယ်​။ဒီငတုံးဖခင်​ကြီးက သူ့သမီးအပေါ်သင်​ပြရာမှာတော့ ပြည့်​စုံသားပဲ။
    အစတုန်းကတော့သူဟာသမီးတစ်​ယောက်​ရှိရခြင်းရဲ့ကောင်းခြင်းကိုနားမလည်​ခဲ့ဘူး။ဒါပေမယ့်​ အေဒီရာကို မြင်​လိုက်​တဲ့အချိန်​မှာတော့ သူကိုယ်​တိုင်​ သူမလို သမီးလေးတယောက်​ လိုချင်​လာတယ်​။
     "သိပ်​ဆိုးတာပဲ မင်းက ငါ့အိမ်​နဲ့ စေ့စပ်​ဖို့ရာ ငြင်းခဲ့တာပဲ"သူက စိတ်​ဆိုးသလ်ု အဝေးကိုကြည့်​ရင်း ဆိုလိုက်​တယ်​။
    "ဒါကတော့ ...."
     "သေချာတာပေါ့။သူမက ငါ့သမီးဖြစ်​ဖို့ ကံပါလာမှတော့ မင်းရဲ့ စေ့စပ်​ကြောင်းလမ်းခြင်းကိုငြင်းလိုက်​တာ မှန်​တာပေါ့။"
    ဘုရင်​ကြီးက လှပပြီး ချစ်​စရာကောင်းသော တခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်​နေသော ကလေးမငယ်​ကို ကြည့်​ကာ အိုးဆီးရစ်​ရဲ့ကျောပြင်​ကို ပုတ်​ပြီး အေဒီရာဟာ သူ၏ ချွေးမ ဖြစ်​လာမည်​ဖြစ်​ကြောင်းရယ်​မောကာပြောရင်းနဲ့ ကြွားလိုက်​​တယ်​။
     "မင်းကြီး ဒါကတော့ မတရားလုပ်​တာပဲ။"အိုဆီးရစ်​က ဆိုလာတယ်​။
    "မင်းကြီး ဒါဖြစ်​ရင်​ သင့်​သားက ကျွန်ုပ်​ရဲ့ လှပတဲ့ သမီးလေးကို စေ့စပ်​ရမယ့်​ ကံကောင်းသူလေးဖြစ်​လာဖို့ သေချာပြီပေါ့လေ"
     "သေချာတာပေါ့"
    "ဒါဖြင့်​ အခု အဲ့လူရှုပ်​ကလေးက ဘယ်​ရောက်​နေပါလိမ့်​"ဆေဖာလ်​ကို မင်းကြီးကို ပြုံးပြီး မေးလိုက်​တယ်​။ ပုံမှန်​လိုသာဆိုရင်​ သူဟာ မထီမဲ့မြင်​ဆိုမှုကြောင့်​ ထောင်​ထဲကို အစောကတည်းက ရောက်​နေလောက်​ပြီ။ဒါပေမယ်​ သူတို့က ငယ်​သူငယ်​ချင်းတွေဖြစ်​ပြီး တခါတရံ အများရှေ့ ဒီလိုပွဲတွေမှာတောင်​ ခုကဲ့သို ပြောကြဆိုကြတတ်​သည်​ကို အားလုံးက သိပြီးဖြစ်​သည်​။
   "အိုးး သူရှိပါတယ်​။သူက အနည်းငယ်​အလုပ်​ရှုပ်​နေလို့ သင့်​သမီးကို သွားမကြိုနိုင်​တာပါ။ခုလောက်​ဆို သူပြီးလောက်​ပြီလို ငါထင်​တယ်​"
   ပြီးတော့ အစီအစဉ်​အတိုင်း ကပွဲဟာ စတင်​ပေတော့မည်​။
   အေဒီရာဟာ အကအတွက်​ စိတ်​ပူမနေဘူး။သူမဟာ အရင်​ဘ၀က ထရီတန်​ အရှက်​မရစေဖို့ရာ သူနဲ့တွဲဖက်​ညီဖို့ရာ အတွက်​ ကြိုးစားခဲ့ရာမှ အက ကျွမ်းကျင်​ပြီးသားဖြစ်​သည်​။
    သူမ အခု စိုးရိမ်​နေသည်​က သူမသတို့သားလောင်းသည်​ အခုထိ သူမရှေ့ကို ရောက်​မလာသေးခြင်းဖြစ်​သည်​။
   သူမ အဲ့လို စိုးရိမ်​နေစဉ်​မှာဘဲ သူမလက်​ကို တစုံတယောက်​က ဆွဲကိုင်​လာတယ်​။
   သူမက ထိတ်​လန့်​သွားပြီး ကျန်​လက်​တဖက်​နဲ့ ထိုသူကို ရိုက်​လိုက်​တယ်​။
  ဘယ်​နှယ့်​ကြောင့်​ ထိုသူဟာ သူမလက်​ကို ကိုင်​ဖို့ထိ ရဲတင်းရပါသလဲ။
   သူမဟာ ထိုသူကို လှည့်​ကြည့်​လိုက်​တဲ့အခါမှာတော့ သူမကို အံ့သြစွာ ကြည့်​နေတဲ့ ကေဆီကို တွေ့လိုက်​ရတယ်​။
   အာ?ကေဆီ သူက ဒီမှာ?
    ကေဆီဟာ တော်​မျိုးတစ်​ယောက်​ဖြစ်​သည်​ကိုတော့ သူမသိသည်​။ဒါပေမယ့်​ ဘယ်​အိမ်​တော်​ကမှန်းတော့ သူမ မသိဘူး။သူမ သိတာ မမှားဘူးဆိုရင်​ ကေဆီက သူမထက်​အသက်​တစ်​နှစ်​ပိုကြီးတာကြောင့်​ သူ့ရဲ့ သက်​ပြည့်​အခမ်းအနားက လွန်​ခဲ့သော တစ်​နှစ်​က မဟုတ်​ဘူးလား။
   "ကေဆီ" သူမ သူ့နာမည်​ကို ခေါ်လိုက်​တဲ့အခါမှာတော့ သူက ပြုံးပြလာတယ်​။
   "ဟယ်​လို အေဒီရာ။အဆင်​ပြေရဲ့လား"
    "ငါအဆင်​ပြေပါတယ်​။ငါတောင်းပန်​ပါတယ်​။ငါနင်​မှန်းမသိလိုက်​ဘူး"အေဒီရာဟာ ခေါင်းကို အနည်းငယ်​ငုံ့ပြီးတောင်းပန်​လိုက်​တယ်​။ကေဆီရဲ့ အဆင့်​အတန်းဟာ သူမထက်​နိမ့်​နေမည်​ ဖြစ်​နေရင်​တောင်​ သူမရဲ့ သတိမထားဘဲ ရိုင်းစိုင်းမှုအတွက်​ တောင်းပန်​ရမှာပါပဲ။
    "အဆင်​ပြေပါတယ်​။ငါက ငါ့ကိုယ်​ငါ မပြောမိဘဲ လုပ်​လိုက်​မိတာကိုး။ဒါ ငါ့အမှားပါ"သူက ယဉ်​ကျေးစွာ ပြန်​ပြောလာတယ်​။
    "ဟုတ်​တယ်​ နင်​ဘာလို့ ရုတ်​တရက်​ကြီး ပေါ်လာရတာလဲ"အခုတော့ သူမဟာ ကေဆီရဲ့စိတ်​အခြေအနေကိုလိုက်​ပြီး ကွန်းပလိန်းတက်​လိုက်​တယ်​။
     သူက သတိမပြုမိဘဲ သူမလေးအတွက်​ ခယ်​လ်​မိုလလ်​လက်​ဖက်ရည်​ကို အများကြီး လုပ်​မိသောကြောင့်​ အေဒီရာကို သွားကြိုဖို့ရာနဲ့ ခန်းမအ၀င်​ မိတ်​ဆက်​ဖို့ရာ နှုတ်​ကျနေခြင်းဖြစ်​သည်​။
     "အိုးးနိုး  ငါနင်​နဲ့ ကစားဖို့ အချိန်​မရှိသေးဘူး ကေဆီ။ငါ ငါ့ရဲ့ သတို့သားစုတ်​လေးကို ရှာရဦးမယ်​။ငါ့ရဲ့ သက်​ပြည့်​အခမ်းအနားမှာ ဘယ်​လိုဖြစ်​လို့ သူက ငါ့တယောက်​တည်း ထားခဲ့နိုင်​ရတာလဲ။ဒါ သူ့သက်​ပြည့်​ အခမ်းအနားတုန်းက ငါမတက်​နိုင်​ခဲ့လို့ ငါ့ကို လက်​စားချေတာပဲဖြစ်​ရမယ်​။သူ့ကို တွေ့လို့ကတော့ သူ့ဆံပင်​တွေကို အပိုင်းပိုင်းဖြစ်​အောင်​လုပ်​ပြီး ကတုံးဖြစ်​အောင်​ လုပ်​ပေးလိုက်​မယ်​။"
      သူမရဲ့ စကားတွေကို နားထောင်​ပြီးတဲ့ နောက်​မှာတော့ ကေဆီက သူမလက်​ကို ထပ်​ဆွဲလိုက်​တယ်​။ဒီတခါမှာတော့ သူမက ငြင်းဆန်​နေခြင်း မရှိတော့ဘူး။ သူက သူမကို ခန်းမအလယ်​ ခေါ်သွားလိုက်​တယ်​။
    ပွဲဦးထွက်​အကဟာ မင်းသားနဲ့ ကြင်​ယာတော်​တို့၏ အကနဲ့ စတင်​မှာဖြစ်​တယ်​။
   
     မင်းသားလေး၏ သက်​ပြည့်​ အခမ်းအနားတုန်းက သူမက အပြင်းဖျားနေတာကြောင့်​ တက်​ရောက်​နိုင်​ခြင်း မရှိခဲ့ပေ။သူမက ဘယ်​လိုပဲနေနေ ပွဲတက်​ဖို့စိတ်​ကူးခဲ့ပါသေးသည်​။မင်းသားကို ပွဲအလယ်​မှာ တယောက်​တည်း ရပ်​နေစေခြင်းက မသင့်​တော်​ဘူး မဟုတ်​ပါလား။ဒါပေမယ့်​ သူရဲ့ ကာကွယ်​တတ်​သော မိသားစုက ဆန့်​ကျင်​ခဲ့ကြသည်​။
    နေ့လည်​လောက်​မှာ နန်းတော်​က စာပို့သမားရောက်​လာပြီး အမှာပါးလာတယ်​။
    "မင်းသားက သင်​နေကောင်းဖို့မျှော်​လင့်​ကြောင့်​ ဆိုလိုက်​ပါတယ်​ သခင်​မလေး။သခင်​မလေး သူ့အတွက်​ စိတ်​မပူဘဲ ကောင်းကောင်းအနားယူဖို့ မှာလိုက်​ပါတယ်​"
 
ငါဘယ်​လိုလုပ်​ စိတ်​မပူဘဲ နေရပါ့မလဲ။သူ့ကို ခန်းမအလယ်​မှာတစ်​ယောက်​တည်းရပ်​နေစေပြီးတော့လေ။
    အေဒီရာဟာ ဖျားနာမှုကြောင့်​ အိပ်​ရာထဲမှာဘဲ ကွေးကွေးလေးနေခဲ့ရတယ်​။နှစ်​ရက်​နီစ်​ည အပြင်းဖျားပြီးတဲ့ နောက်​မှာတော့ သူမဆီကို ကေဆီဟာ အလည်​ ရောက်​လာခဲ့တယ်​။သူမ သူ့ကို သူမသက်​သာပြီးဖြစ်​ကြောင်း နောက်​ပြီး သူမက သူမသတို့သားလောင်းရဲ့ သက်​ပြည့်​အခမ်းအနားကို မတတ်​နိုင်​သည့်​အတွက်​ နောင်​တရမိကြောင်းတွေ ပြောလိုက်​တယ်​။
     "အာ  ဆိုးတာပဲ။သူ အခုငါ့ကို မုန်းနေလောက်​တယ်​။ငါအဖေ့ဆီကို စေ့စပ်​ပွဲအတွက်​ ပြန်​စဉ်​စားဖို့ ပြောရတော့မလား။"သူမက ဆိုဖာပေါ်မှာ လျော့ရဲစွာထိုင်​ပြီး သက်​ပြင်းချလိုက်​တယ်​။
      "နေဦး  ဘာလို့လဲ"ကေဆီက အထိတ်​တလန့်​နဲ့မေးလာတယ်​။
     "ဘာကြောင့်​လဲ ဆိုတော့ သူငါ့ကို မုန်းနေလောက်​ပြီး မို့လို့"
    "သူနင့်​ကို မုန်းနေမယ်​လို့ ဘာလို့ ထင်​တာလဲ။သူကိုယ်​တိုင်​က ပြောလို့လား"
    "အဲ့လိုတော့ မဟုတ်​ဘူး။ဒါပေမယ့်​ ဘယ်​သူက သူ့တို့ရဲ့ သက်​ပြည့်​အခမ်းအနားမှာ အရှက်​ရစေတဲ့သူကို အမြင်​ကြည်​မှာလဲ"
    "ဒါဆို သူကဘာမှမပြောဘူးပေါ့။နင်​က နင့်​ဘာသာအတွေးများနေတာပဲ။သူနင့်​ကို မုန်းချင်​မှမုန်းမှာပေါ့။နင်​က စေ့စပ်​တဲ့ကိစ္စကို ခုလို အလွယ်​တကူ ဆုံးဖြတ်​လို့မရဘူးလေ"
    ကေဆီပြောတာက အဓိပ္ပါယ်​ရှိလေတယ်​။မင်းသားဟာ သူမကို မုန်းနေသည်​ဆိုဦးတော့ စေ့စပ်​ပွဲကို အလွယ်​တကူ ဖြတ်​ပစ်​ဖို့ရာကတော့ မလွယ်​ကူပေ။အချိန်​အတော်​ယူရပေလိမ့်​မည်​။
    "ဒါမှမဟုတ်​ သူက တခြားကောင်​မလေးတွေဆီရောက်​နေလို့ ငါနဲ့ စေ့စပ်​တာကို အရေးမစိုက်​တာလည်း ဖြစ်​နိုင်​တာပဲ"သူမ ထပ်​ပြောလိုက်​တဲာ အခါမှာတော့ ကေဆီဟာ သက်​ပြင်းသာချနိုင်​တော့တယ်​။သူဟာ သူမလေးနဲ့ ခုလိုလွတ်​လွတ်​လပ်​လပ်​ စကားပြောရတာကို ကြိုက်​တယ်​။
    

She become a passive villainess-not(trans)Where stories live. Discover now