All Of It Is Yours

406 24 0
                                    

      Zawgyi

  All of it is yours

      အေဒီရာမွေးနေ့မတိုင်ခင် တစ်ရက်မှာ ကေဆီမီရာက အေဒီရာကို အပြင်ခေါ်သွားခဲ့တယ်...ဟေဇယ်မပါဘဲနဲ့ပေါ့....သူ့ကို လီဖာနဲ့ ဆလယ်ဗားရစ် မိဘတွေနဲ့အတူ ထားခဲ့လိုက်တယ်၊၊
       ဟေဇယ်က သူ့အမေအဖြစ်သူနဲ့ ခွဲမနေချင်ခဲ့ဘူး၊၊ဘာကြောင့်လဲ့ဆိုတော့ သူ့အမေပုံစံက ပုံမှန်လိုပဲ ဆိုပေမယ့် သူ့စိတ်ထဲ သူ့အမေတစ်ခုခုဖြစ်နေတာကို ခံစားမိနေခဲ့တယ်၊၊ဒါပေမယ့် ဒီနေ့တော့ သူ့မိဘတွေမှာ အရေးကြီးတဲ့ပြောစရာတွေရှိမယ် ထင်တာကြောင့် အဲ့အတွေးကို ဖယ်ထားလိုက်တယ်၊၊
       ကေဆီမီရာက သူမကို ဈေးတန်းတစ်လျှောက် ခေါ်သွားပြီး သူမလေးကို ပျော်စရာတွေ ရှိစေခဲ့တယ်၊၊ အေဒီရာက ဒီအခွင့်အရေးကို အရယူပြီး ကေဆီမီရာကို သူမရဲ့ ဒုတိယမိသားစုနဲ့ တွေ့ပေးခဲ့တယ်၊၊သူမက သူ့ကို ပီတာ,ရာဆီ နဲ့ အိုဝမ်တို့နဲ့ မိတ်ဆက်ပေးခဲ့တယ်၊၊
      နောက်တော့ သူမက တခုခုကို တွေးမိသွားပြီး သူမအကြိုက်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဆလယ်ဗားရစ်ရဲတိုက်ကို နောက်ခံထားလို့ စည်းကားနေတဲ့ ဈေးတန်းကြီးကို အပေါ်စီးကနေ မြင်တွေ့နိုင်တဲ့ တောင်ကမ်းပါး တစ်ခုစီကို သူ့ကို ခေါ်သွားလိုက်တယ်၊၊
      သူမ တတ်နိုင်သမျှ ကာကွယ်ပေးရမယ့် လူစုတွေကို အပေါ်စီးကနေ မြင်နိုင်တဲ့ နေရာတစ်ခု၊၊သူမရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရင်းရမယ်ဆိုရင်တောင် ကာကွယ်ရမယ့်လူတွေ၊၊သူမမှာ အဲ့လိုလူတွေ ...ကေဆီမီရာ နဲ့ ဟေဇယ်ကို တွေ့ပြီးတဲ့အချိန်ကစ သူမ တစ်ဘဝလုံးနဲ့ ကာကွယ်ပေးချင်မိတဲ့သူတွေ အများကြီးရှိလာခဲ့တယ်၊၊

           "ကျွန်မ ဒီနေရာကို တွေးစရာရှိလာတဲ့အခါ စိတ်အပန်းပြေချင်တဲ့အခါ လာလေ့ရှိတယ်၊၊ လူတွေက ကြိုးကြိုးစားစားနဲ့ ပျော်ပျော်ရွှင်ရွှင် သွားလာလှုပ်ရှားနေတာကို ကြည့်ရတာ ကျွန်မ သဘောကျတယ်၊၊..."

      အေဒီရာ သူမရဲ့ ကြယ်တွေစုထားသလို တောက်ပနေတဲ့ မီးခိုးရောင် မျက်ဝန်းတွေကို အဝေးတစ်နေရာကို ငေးမော ကြည့်ရှုရင်းနဲ့ တွေးတွေးဆဆ ပြောလိုက်တယ်၊၊

             "တကယ်လို့.....တကယ်လို့...ကေဆီ....ကျွန်မရှင့်ကို....ဒီနေရာမှာ ကျွန်မကို ယူဖို့‌ ပြောရင်...ရှင် ကျွန်မကို ယူမှာလားဟင်......"

You've reached the end of published parts.

⏰ Last updated: Aug 27, 2023 ⏰

Add this story to your Library to get notified about new parts!

She become a passive villainess-not(trans)Where stories live. Discover now