Dragon or not

750 98 4
                                    

       
Dragon or not

      ကေဆီမီရာဟာ သူ့ရှေ့က သူမအိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ သားဖြစ်သူအတွက် ငြင်းဆန်နိုင်ခြင်းမရှိတဲ့ အချစ်တွေနဲ့ ပြည့်နေသော နွေးထွေးပြီး ချစ်စရာကောင်းတဲ့ မျက်ဝန်းတွေနဲ့ မိန်းကလေးကို ကြည့်လိုက်ပြီး သူမအပေါ် ပို၍တောင် ချစ်မြတ်နိုးလာရလေတယ်၊၊
       ဒီလို နူးညံ့မှုလေးဟာ အရောင်တွေစွန်းထင်းဖို့ရာ သိပ်ကို ဖြူစင်လွန်းပြီး သိပ်ကို လှပလွန်းတာကြောင့် သူ့အနေနဲ့ သူမကို ဖျက်စီးမိမှာကိုတောင် ကြောက်လာမိတယ်၊၊
      ဒါပေမယ့် သူမလေးက သူထင်သလို နူးညံ့သိမ်မွေ့လွန်းနေတာလည်း မဟုတ်လေဘူး၊၊သူ့ရဲ့ ဇနီးသည်လေးဟာ သူသိသမျှထဲက အသန်မာဆုံး နဲ့ သတ္တိအရှိဆုံး လူတွေထဲက တစ်ယောက်ဖြစ်တယ်၊၊ဒါ့အတွက်လည်း ဂုဏ်ယူရလေတယ်၊၊

      သူမအပေါ် ချစ်ခင်မိကြောင်း အတွေးထဲမှာ နစ်မြုပ်ပြီးချိန်မှာတော့ သူက သူ့ခေါင်းကို ငုံ့ကိုင်းလိုက်ကာ သူမနှုတ်ခမ်းတွေကို အနမ်းပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်၊၊

            "ကိုယ်တို့က မိသားစုတွေပဲ၊၊ကိုယ်တို့က သွေးချင်းနှောမနေပေမယ့် သူက ကိုယ့်တို့သားပဲ၊၊တခြားသူတွေက ဘယ်လိုပဲပြောနေပါစေ နဂါးလေးပဲဖြစ်ဖြစ် မဖြစ်ဖြစ် ဟေဇယ်က ကိုယ်တို့အတွက် သားဦးလေး အမြဲဖြစ်နေမှာပါ၊၊"

       အေဒီရာဟာ ကေဆီမီရာရဲ့ စကားတွေထဲက သံသယဖြစ်စရာမရှိတဲ့ ခိုင်မာမှုတွေကြောင့် ပြုံးလိုက်မိပြီး သူ့ကိုယ်ကို ပွေ့ဖက်လိုက်ကာ ကျေးဇူးတင်မိကြောင်း တိုးတိုးလေး ပြောလိုက်တယ်၊၊

         'သူနဲ့ တွေ့ဆုံခဲ့တာ....အမ်း....သူနဲ့ ဝင်တိုက်မိခဲ့တာ..သူနဲ့ စေ့စပ်ခဲ့တာ....သူ့ကို ချစ်ခဲ့မိတာတွေဟာ သူမရဲ့ ဒုတိယအကြိမ်မြောက်ဘဝမှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲ အကောင်းဆုံးအရာတွေပဲဖြစ်တယ်၊၊ပထမတုန်းကတော့ သူမအနေနဲ့ ထရီတန်ကိုပဲ နောက်တကြိမ် ပြန်လည်ချစ်မိသွားပြီး တူညီတဲ့ လမ်းကြောင်းကို ထပ်ပြီး လျှောက်မိမှာကို ကြောက်နေခဲ့တာ...၊၊
            ဒါပေမယ့် ကေဆီက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တယ်၊၊သူမ သူ့ကို စတွေ့ချိန်ကစ သူမ သူ့ကို အမှန်တကယ် ချစ်မိသွားချိန်ထိ သူက သူမဘဝကို ပြောင်းလဲသွားစေခဲ့တယ်၊၊'

She become a passive villainess-not(trans)Where stories live. Discover now